8/02/2011 02:41:00 am
ဓညလင်းနဲ့ အင်တာဗျူး
ရခိုင်နှင့် ကရင် တော်လှန်ရေး
သမား ၃၁ ဦးဟာ အခုအခါ ထောင်ကနေ လွှတ်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
လွတ်မြောက်သွားခဲ့ပီးတာနဲ့ ချက်ချင်း ကိုဓညလင်းနှင့် အင်တာဗျူး
ရရှိခဲ့ပါတယ်။ အင်တာဗျူး အပြည့် အစုံမှာ အောက်ပါ အတိုင်း ဖြစ်ဖြစ်ပါတယ်။
မေး။ ကိုဓညလင်းတို့ လွှတ်ပီးတဲ့ နောက် ချမှတ်ထားတဲ့ အစီအစဉ်လေးကို ပြောပြလို့ ရမလား။
ဖြေ။ ကျွန်တော်တို့ အခု ဒေလီကိုသွားမှာပါ။ ခေတ္တခဏ ဒေလီမှာ
တည်းခိုရမယ်လို့ပြောပါတယ်။ အိန္ဒိယအစိုးရက ကျွန်တော်တို့ကို နေထိုင်ခွင့်
ဗီဇာ (တနှစ်) ပါမစ်ပေးထားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ နေရမှာပါ။
အဲဒီကတဆင့် ကျွန်တော်တို့ တတိယနိုင်ငံတနိုင်ငံကို သွားရဖို့ ကြိုးစား
ကြရမှာပါ။
မေး။ အခု ဘယ်နှစ်ယောက် လွတ်လာပါလဲ။
ဖြေ။ ကျွန်တော်တို့ စုစုပေါင်းက ၃၁ ယောက်ပါ။ ကျန်တဲ့ ၃ ယောက်ကတော့ ဒီမှာ
ကျန်ခဲ့ရမှာပါ။ သူတို့မှာက အန်ဒမန် နီကိုဘာမှာ အမှုတခု ကျန်နေပါသေးတယ်။
အဲဒါကြောင့်မို့ သူတို့ကို ကာလာကတ္တားကနေ ပေါ့ပလေးယားကျွန်းကို
ပြန်ပို့မှာပါ။ အဲဒီမှာ သူတို့ အမှုကို သွားပြီး ရင်ဆိုင် ကြရမှာပါ။ အဲဒီက
အမှုပြီးမှ သူတို့က ဒေလီကို ပြန်လာရမှာပါ။
မေး။ အခု ထောင်ထဲက ဘယ်အချိန်မှာ လွတ်လာပါသလဲ။ အချိန်လေးနဲ့ အစီအစဉ်လေးကို နည်းနည်း ပြောပြပေးပါ ခင်ဗျား။
ဖြေ။ ကျွန်တော်တို့ လွှတ်လာတဲ့ အချိန်က နေ့လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်