မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

DKBA နှင့် ABSDF ပူးပေါင်း၍ စစ်အစိုးရ တပ်စခန်းတခုအား သိမ်းပိုက်

တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမို ကရက်တစ်တပ်ဦး ABSDF တပ်ဖွဲ့တို့ ပူးပေါင်း၍ မြန်မာစစ်အစိုးရတပ်စခန်းတစ်ခုအား သိမ်းပိုက်လိုက်သည်။ 
ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိဝေါ်လေဒေသမှ စစ်အစိုးရတပ်၏အရံဗျူဟာကုန်းတစ်ခုဖြစ်သည့် သုခမြိုင် တံတားစခန်း (ရွှေမုတ်စခန်း) အား ယမန်နေ့ ၉ နာရီခွဲ အချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စမှန်ကန်ကြောင်းနှင့် နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် အဖြေမရှာခြင်း၏ ရလဒ်ဖြစ်သည်ဟု ABSDF ဥက္ကဌ ကိုသံခဲက ယခုလိုအတည်ပြုပြောဆိုသည်။
နိုင်ငံရေး အဖြေမထွက်တဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ ၁၅နှစ်၊ ၁၆နှစ်တာအတွင်းမှာ ရလိုက်တဲ့ ရလဒ် ပဲဖြစ်တယ်။ ကျနော်တို့ တနေရာတည်း ဖြစ်မှာမဟုတ်ဖူး။ ခုနကပြောသလို နိုင်ငံရေး အဖြေကို မှန်မှန် ကန်ကန်မထုတ်နိုင်ဘူးဆိုရင် တတိုင်းပြည်လုံး ပြန့်သွားနိုင်တယ်။ ကရင်ဒေသတွေမှာတာ ဖြစ်မှာမ ဟုတ်ဖူး။ ရှမ်းပဲဖြစ်ဖြစ် ကချင်ပဲဖြစ်ဖြစ် မွန်ပဲဖြစ်ဖြစ် ဒါတွေက မလွဲမသွေဖြစ်လာမယ်လို့ပဲ ကျနော်တို့ ကတော့ မြင်တယ်။”  
ယင်းတိုက်ပွဲတွင် စစ်အစိုးရတပ်သား (၇)ဦးအသေဖမ်းဆီးရမိပြီး ဆက်သွယ်ရေးစက်တလုံး သိမ်းဆည်းရမိသည် ဟု ဆုံဆည်းရာဘလော့တွင် ဖော်ပြထားသည်။
တိုက်ပွဲကြောင့် ရာနှင့်ချီသည့် စစ်ပြေးဒုက္ခသည်များ ထိုင်းနယ်မြေတွင်းသို့ ညတွင်းချင်း ထွက်ပြေးဝင်ရောက်လာ ခဲ့သည်ဟု ဒုက္ခသည်များအား ကူညီပေးနေသည့် ဆရာထိုက်သူအောင်က ယခုလိုပြောသည်။
ညကြီးမှာဗျာ ၈ နာရီကျော်ကျော်လောက်မှာ အိုးပစ်အိမ်ပစ် ပြေးရလွှားရနဲ့ ဒီဖက်ကို ထွက်ပြေးလာ ကြတယ်။ ဒီဖက်မှာကျတော့လည်း နယ်ခြားစောင့်တပ်က စစ်ပြေးဒုက္ခသည်တွေကို တညတည်းခို ခွင့်ပေးတယ်။ မိုးလင်းတာနဲ့ ပြန်ပြီးတော့ သူတို့တိုက်ပွဲမရှိတော့ဘူး။ မင်းတို့ပြန်လို့ ရတယ် အေးအေး ချမ်းချမ်းဖြစ်သွားပြီဆိုပြီး ပြန်လွတ်တယ်ပေါ့ဗျာ။”  
တိုက်ပွဲရပ်နားသည့်အချိန် ပြန်သွားကြရန်နှင့် တိုက်ပွဲဖြစ်ပွားသည့်အချိန်၌သာ လက်ခံနိုင်မည်ဟု ထိုင်းနယ်ခြား စောင့်တပ်မှ ပြောသည့်အတွက် ထိုင်းဖက်ခြမ်းသို့ မလာရဲဘဲ မြန်မာဖက်ခြမ်းတွင် ပုန်းအောင်းနေသူများလည်း ရှိသည်ဟု ၎င်းကဆက်ပြောသည်။
နောက်တခုက ဟိုဖက်မှာကျနော်တို့ မြင်တွေ့ရတဲ့စစ်ပြေးဒုက္ခသည် တော်တော်များများက ထိုင်းနယ် မြေထဲ ၀င်မရလို့ ဗမာပြည်ဖက်က နယ်စပ် boundary မှာ ပုန်းအောင်းနေတဲ့ မိသားစု တော်တော် များများကလည်း ထောင်နဲ့ ချီပြီးရှိပါတယ်။”  
လက်ရှိအနေအထားအရ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ဝေါ်လေ၊ ဖလူး၊ အုန်းဖျန်နှင့် မဲဆောက်ဒေသ တ၀ိုက်တွင် ဒုက္ခသည်နှစ်ထောင်ကျော်ရောက်ရှိနေကာ ထပ်မံတိုးပွားလာ နိုင်သည်ဟု ဒုက္ခသည် ကူညီပေးသူ များက ပြောသည်။
တိုက်ပွဲကြောင့် အပစ်မဲ့ပြည်သူများ ထိခိုက်မှုမရှိစေရန်၊ အခြေအနေငြိမ်းချမ်းမှ ပြန်လည်ပို့ဆောင် ရန်လူ့အခွင့် အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထိုင်းအစိုးရထံ ဒီဇင်ဘာလ (၄) ရက် နေ့က စာရေးတောင်း ဆိုခဲ့သည်။
သို့သော် ယခုလဆန်းပိုင်းမှစတင်၍ နယ်စပ်တလျှောက်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် လွန်ခဲ့သည့် ဒီဇင်ဘာလ (၇) ရက်နေ့ကလည်း ဖလူးကြီး၊ ဖလူးလေး၊ မင်းလက်ပံ ကျေးရွာမှ ထွက်ပြေးလာသည့် ဒုက္ခသည် ၁၂၀၀ ကျော်အား ထိုင်းနယ်ခြားစောင့်တပ်မှ အဓမ္မ ပြန်ပို့ခဲ့သည့် အတွက် ထက်ဝက်ခန့် ပြန်သွားခဲ့သည်။
ထိုင်းနယ်ခြားစောင့်တပ်မှ ယခုလိုပြန်ပို့နေသည့်အတွက် စစ်ပြေးဒုက္ခသည်များအနေနှင့် တိုက်ပွဲ များကြားတွင် ကူးချည်သန်းချည် အနေအထားဖြစ်နေပြီး ဒုက္ခပိုရောက်ရသည်ဟု ကူညီပေးသူ များက သုံးသပ်ပြောဆိုသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်