မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ကချင်အမတ်များ ပြည်သူ့လွှတ်တော်၌ ငြိမ်းချမ်းရေးကိစ္စ တင်ပြမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ သြဂုတ် လ၂၂ ရက်နေ့တွင် ကျင်ပမည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ကိစ္စရပ်ကို ဦးစားပေး တင်ပြသွားမည်ဟု ကချင်ပြည်နယ်
 ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ကချင်ပြည်နယ်တွင် လောလောဆယ် ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲများ ကိစ္စကို လွှတ်တော်တွင်
နိုင်ငံရေးအရ ဆွေးနွေးဖို့ ပြင်ဆင် နေသည်ဟု စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)
(UDPKS) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။

UDPKS ပါတီသည် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျောထောက် နောက်ခံပြုထားသော ကချင်ပါတီဟု အများက သိရှိထားကြသည်။
Jinghpaw_Kasa_4
ကချင်စစ်ပြေး ဒုက္ခသည်များ၏ ဆန္ဒသဘောထားကို UDPKS ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက လာမည့် လွတ်တော် အစည်းအဝေးတွင် တင်ပြနိုင်ရန်အတွက် လိုက်လံ ကောက်ယူ (Photo::Jinghpaw Kasa)

ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်က ကချင်စစ်ပြေး ဒုက္ခသည်များ၏ ဆန္ဒသဘောထားကို ၎င်းတို့ နေထိုင်လျက်
ရှိရာ ဘုရားကျောင်းများတွင် UDPKS ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက လိုက်လံ ကောက်ယူခဲ့သည်။

ဒုက္ခသည်များအား “ ငြိမ်းချမ်းရေးကို လိုချင်သလား၊ စစ်ရေးကို လိုချင်သလား” ဟု သဘောထား မေးမြန်းခဲ့ကြောင်း၊ ယင်းသို့ သဘောထား ကောက်ခံခြင်းသည် လာမည့် လွတ်တော် အစည်းအဝေးတွင် တင်ပြရန် ဖြစ်ကြောင်း
ဒေါ်ဒွဲဘူက ပြောသည်။ “ မငြိမ်းချမ်းရင် ဘာမှဖွံ့ဖြိုးဖို့ မလွယ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယခု လောလောဆယ် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ အကြား ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသော်လည်း အဆိုပါ ဆွေးနွေးပွဲများမှာ လတ်တလော အပစ်အခတ် ရပ်စဲရေးကိုသာ ဦးတည်နေသဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းရေး ကိစ္စရပ်ကို လွှတ်တော်တွင် တင်ပြရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေါ်ဒွဲဘူက ပြောသည်။

UDPKS ပါတီ သာမက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များကပါ ကချင်ပြည်နယ်
တစ်ခုလုံး၏ ငြိမ်းချမ်းရေး ကိစ္စရပ်ကို တင်ပြသွားမည်ဟု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုးညှင်းမြို့နယ်
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးကလည်း ပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွတ်တော် အစည်းအဝေးသို့ ကချင်ပြည်နယ်မှ ရွေးကောက်ခံ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၁၈ ဦး၊ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ၁၂ ဦး စုစုပေါင်း ၃ဝ ဦး တက်ရောက်မည် ဖြစ်သည်။

သို့သော် အသက် ၃ဝ ကျော် ကချင် လူငယ်တဦးကမူ “ကချင်ပြည်နယ် ဝန်ကြီး အနေနဲ့ အခု စစ်ဖြစ်နေတာတောင် ဘာပြောပိုင်ခွင့် မရှိဘူး။ အခုလွတ်တော် အစည်းအဝေးကို ကချင်ငြိမ်းချမ်းရေးအတွက် တင်ပြမယ် ဆိုရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး”ဟု ဝေဖန်သည်။

ကချင်ပါတီများက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်သာ ပြောနေချိန်တွင် အကြီးဆုံးသော ကချင်လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကချင် လွတ်မြောက်ရေးအဖွဲ့က ကချင်တွင် သာမက တနိုင်ငံလုံး ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွက်
 ဖြစ်ပေါ်လာအောင် ကြိုးစားနေသည်။

အစိုးရက ကချင်ပြည်နယ် ကိစ္စကိုသာ သီးခြား ဆွေးနွေးလိုနေရာက အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေသည်။


 
burma

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement
e-letter-burmese

Who is Online

We have 1257 guests online

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်