မလေးသျှား UNHCR မှ 6p ကိစ္စနှင့်ပတ်သက်၍ ဒေနိ နိခင်းဖက် နှစ်ချက်တီးအချိန်တွင် Coalition of Burma Ethnics Malaysia (COBEM)ခေါင်းဆောင်များကို သက်ဆိုင်ရာယူအင် အရာရှိမှ ခေါ်ယူတွိဆုံကာ ယူအင် အထောက်အထား ကိုင်ဆောင်ထားသူတိ အားလုံး လက်ဗွေနှိပ်ကတ်ဖို့အတွက် အသိပီး ပြောဆိုခရေလို့ သတင်ရရှိသည်။
အစည်းအဝေးတက်ရောက်ခရေ အင်တာဗစ်တာ ကို ဖိုးတုတ်(မြေပုံ)က
“ယူအင် အရာရှိက ပြောကြားခရာစွာမှာ ပထမဆုံးအနိန်ဖြင့် လက်ဗွေနှိပ်ရာမှာ Selangor ပြည်နယ် နန့် kl compound ပတ်ဝန်းကျင်အတွက် အင်္ဂါနိမှစပြီးကေ သောကြာနိန့်ထိ Putra Jaya လ-၀-က ရုံးချူပ်တွင် လက်ဗွေနှိပ်ရပါဖို့”လို့ ရခိုင်ရိုးမကို ပြောကြားခသည်။
နောက်ထပ်ပြည်နယ်တိကိုကျကေ မလေး Hari Raya ပွဲတော်ရက်ကျော်လွန်မှ ယူအင်မှ သက်ဆိုင်ရာ ဒုက္ခသည် ရုံးအဖွဲ့အစည်း အသီးသီးရို့ကို ဆက်လက်အကြောင်းကြားလားဖို့စွာကို တပါတည်း ပြောကြားလားကြောင်း သိရသည်။
ယင်း လက်ဗွေလားနှိပ်ရာမှာလည်း မိသားစုများကိုပါ တခါတည်းခေါ်လားရမည်ဖြစ်ပြီး ၄င်းသူရို့မှာ ယူအင်နှင့် ပတ်သက်သော အထောက် အထားဟိန့်ရဖို့လို့လဲ သိရသည်။
ဒေဂု အကြောင်းအရာနန့် ပတ်သက်၍ မလေးသျှားပြည်ထဲရေး ၀န်ကြီးဌာနမှ ညက(တနင်္လာ) နိန့်တွင် UNHCR ရုံးကို ဒုက္ခသည်များ လက်ဗွေနှိပ်ရန် အတည်ပြု အကြောင်းကြားရေအတွက် ဒေနိခါကျမှ ဒေဂုပိုင် ခေါ်ယူပြောရခြင်းဖြစ်သည်။
ယခင် ဒုက္ခသည် အလုပ်သမားတိကို မလေးသျှား အလုပ်သျှင်များမှ အတင်းလက်ဗွေနှိပ်ခိုင်းထားပါကလည်း ယင်း လူတိကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ နာမည်စာရင်း ကောက်ယူကာ ပစ္စပို့ဓာတ်ပုံ နှစ်ပုံပူးတွဲကာ ယူအင်ရုံးသို့ ကြိုတင်စာရင်းပီးရဖို့ဖြစ်တေလို့ ပြောကြားခကြောင်းကို အစည်းဝေး တက်ရောက်ခသူများက ရှင်းပြသည်။
http://www.rakhaingroma.com/
တိုင်းရင်းသား မဟာမိတ်အဖွဲ့ COBEM အဖွဲ့မှ သတင်းအတည်ပြုချက် ရယူဖို့  ဆက်သွယ်ခရာမှာ ယခင် ARRC (Puchong)ရုံးမှ ဥက္ကဌ ဖြစ်ခသူ ကိုသန်းဦးက တိုင်းရင်းသားခေါင်းဆောင်များနှင့် ယူအင်အရာဟိတိကို ဆက်သွယ်မိန်းမြန်းချက်အရ ဟုတ်မှန်ကြောင်းလဲ အတည်ပြု ပြောကြားခသည်။
ဒေနိန့် အစည်းအ၀ီး တက်ရောက်တေ နိန်ရာမှာ ရခိုင်ကိုယ်စားပြု ကိုယ်စားလှယ်ပါဝင် မတက်ရောက်ခလို့လဲ သိရသည်၊၊
“ဟုတ်ပါရေ အကို ရခိုင်ကိုယ် စားပြုမတက်ရောက်စွာ မှန်ဘာရေ လက်ဗွေနိပ်ဖို့ စွာ လုံးဝ တိကျဘာရေ၊ ယူအင် OPE ဌာနမှာ လုပ်နီရေ ရခိုင်သား မောင်အေးထွန်းနန့် ကျန်းမားရေးဌာနမှာလုပ်နီရေ မင်းရဲထွန်းရို့ ပြောကြားခရေ”လို့ မြေပုံ(ဖိုးတုတ်)က ရခိုင်ရိုးမကို ပြောပြသည်။
မလေးသျှားမှာ နိန်ထိုင်ကတ်တေ ဒုက္ခသည်တိကို 6P စလုပ်ခါက လက်ဗွေမနှိပ်ဖို့  UNHCR က အကြံပြုခကေလေ့ မြန်မာ သမ္မတ ဦးသိန်းစိန်က မိမိနိုင်ငံကို ပြန်လာဂတ်ဖို့ ပြောလာရေနောက်ပိုင်းမှာ UN မူဝါဒတိ စကေပြောင်းလွဲလာရေလို ဘာသာပြန် လုပ်နိန်ရေ ချင်းလူမျိုး ထပ်လန်းပီးက သုံးသပ်ပြသည်။
UNHCR ရုံးက မလေးသျှားဟိန့် ဒုက္ခသည် အားလုံး 6Pအတွက် လက်ဗွေနှိပ်ဖို့ အတည်ပြု
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်