မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ဖုံသာချောင်း မြီကွက် ပြဿနာကို ဝန်ကြီးချုပ်ထံ တင်ပြကေလဲ ဆောင်ရွက်မှုမရှိလို့သိရ

မင်းပြားမြို့နယ် ဖုံသာချောင်းကျေးရွာရှိ လယ်ဝါးထောင်ကျော်ကို မြောက်ဦးမြို့ နယ်မြေခံတပ်နယ်က သိမ်းထားရေအတွက်  ဝန်ကြီးချုပ်ထံ တင်ပြကေလဲ ဆောင်ရွက်ပီးမှု မရှိကြောင်း သိရပါရေ။
ဖုံသာချောင်းကျေးရွာက လယ်သမား ၁၁ ဦးပိုင် လယ်မြီကွက်တိကို စစ်တပ်က တပ်နယ်အဖြစ် သိမ်းပိုက်ထားရေအတွက် လယ်သမားတိမှာ နှစ်စိုင် စပါး ပီးသွင်းရလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားခြင်း ဖြိုက်သည်။
“ကျနော်ရို့ လုပ်နီရေ မြီကွက်တိကို  စစ်တပ်က လာပနာ တပ်မြေဆိုပြီး ဆိုဒ်ဘုတ် စိုက်ထူလာပါရေ၊ လယ်သမားတိကိုလည်း တနှစ်ကို စပါး ၂၅ တောင်းပီးသွင်းရပါရေ။ ကျနော်ရို့က ယင်းချင့်ကို မကျေနပ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချူပ်ဘားကို စာပို့ထားပါရေ ILO ကိုလည်း ပို့ဖို့အတွက် လုပ်နီပါရေ”လို့ဖုံသာချောင်းကျေးရွာသား တစ်ဦးက ရခိုင်ရိုးမ သတင်းဌာနကို ပြောသည်။
လယ်သမား ၁၁ ဦးက ပြည်နယ် ဝန်ကြီးချုပ်ထံသို့ ဒေလအတွင်းက တင်ပြခကေလည်း  ဝန်ကြီးချုပ်က အရေးတယူ စိစစ်ခြင်း မရှိကြောင်း  သူက ဆက်ပြောသည်။
“ပြည်နယ် ဝန်ကြီးချုပ် ကိုတင်ပြထားပါရေ ပြည်သူပိုင်လယ်တိကိုစစ်တပ်က သိမ်းထားရေ ကိစ္စကို ယေလဲ ဂနိထိဖြေရှင်းပီးစွာ မရှိသိမ့် “လို့ ပြောသည်။
အဂုအခါ ယင်း ဖုံသာချောင်းရှိ လယ်သမားတိရေ ဘိုးဘွားပိုင် လယ်မြီကွက်ဖြိုက်ကေလဲ စစ်တပ်ကို နှစ်စိုင်စပါးသွင်းရကြောင်း စပါး မပီးသွင်းနိုင်ကေ ကျွှဲ နွားတိကို  သိမ်းလေ့ရှိကြောင်း သိရပါရေ။
ယင်းသို့ဖြစ်ရပ်များရေ မြို့နယ် တိုင်းလိုလိုမာ ရှိကေလဲ အာဏာပိုင်တိက ထိန်ချန်ထားခြင်း ဖြိုက်သည်။
လတ်တလောမာရေ ကျောက်တော် ၊ကျောက်ဖြူမြို့နယ်ရို့လည်း လယ်မြီပြဿနာတိ ဖြိုက်ပွားလျှက် ရှိသည်။
ကျောက်ဖြူမြို့နယ် ရနံတောင်ရှိ ဦးယိုင်ခံမြီတိကို ဓညဝတီ ရီတပ်ပိုင်အဖြိုက် ခြံစည်းရိုး ကာထားလိုက်ပြီး  ပြည်သူတိကို  လုပ်ပိုင်ခွင့် မပီးကြောင်း သိရသည် http://www.rakhaingroma.com/

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်