မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ဇူလိုင်မိုးကြောင့် စပါးထွက် ကျဆင်းလာနိုင်ဟု လယ်သ္မားတိက ပြော

မင်းပြား။  ။ ဇူလိုင်လအတွင်းက ရွာသွန်းခရေ မိုးကြောင့် ဒေနှစ်မှာ စပါးအထွက် ကျဆင်းလာနိုင်ကြောင့်  ဒေသခံ တောင်သူတိကဆိုပါရေ။
ဇူလိုင်လအတွင်း မိုးကြီးခရေအတွက် တောင်သူဦးရေ ၇၂၀၄ ဦး၏ လယ် ဧက အများအပြား ပျက်စီခရေအတွက် ဒေနှစ်မှာ စပါးအထွက် ကျဆင်းလာရေလို့  ပန်းမြောင်းမှ လယ်သ္မား တဦးက ရှင်းပြပါရေ။
“စပါးအထွက် ကျဆင်းဖို့စွာက ကျိန်းသီပါ၊ မိုးကြီးခါ ကကောင်း ပျက်စီးလားကတ်စွာကိုး၊ ပြန်စိုက်ကတ်စွာတိကလည်း ကောင်းနည်းရေ၊ ဇာလို့ဆိုကေ ကျနော်ရို့ဘက်မှာက နှစ်သီးစားတိ များရေ၊ တလင်းပွဲစွာနန့် ဟင်းသီး ဟင်းရွက် စိုက်တေ၊ ဒေနှစ်က ဟိုလဲမကျ ဒေလဲမကျ လုပ်စားရစွာက မလွယ်ဝေး”လို့ သူကပြောသည်။
ဇူလိုင်လ ၂၁၊ ၂၃ ရက်နိတိက မိုးကြီးခရေအတွက် မင်းပြား၊ မြောက်ဦးမြို့နယ်ရို့မှာ လယ်ကွင်းပေါင်း နှစ်ထောင်ကျော် ပျက်စီးခပြီး တောင်သူဦးရေ ရှစ်ထောင်ကျော် နစ်နာ ခကြောင်းလည်း လေ့လာသိရှိရသည်။
ဒေနှစ် ဟင်းခြင်းအတွက်  မျှော်လင်းချက် မရှိရေပိုင် ဝမ်းစာအတွက် စိုးရိမ် ပူပန်နိန်ကတ်ရကြောင်းလဲ သိရသည်။ ဖုံသာချောင်းရွာသားတစ်ဦး ပြောပြစွာက
“ကောင်းရှုံးပါဖို့၊ ကျနော်ရို့ ဇာလည်းဆိုကေ ပြန်စိုက်တေ စပါးအရေအတွက် ကောင်းနည်းရေ လေယင်းကြောင်းရာ”လို့ ဆိုသည်။
အာဏာပိုင်တိက မိုးကြီးရေ ဒေသအတွင်းရှိ တောင်သူလယ်သမားတိကို ထိရောက်တေ အကူအညီ ပီးဆောင်ခြင်းမရှိရေအတွက်လဲ တောင်သူတိအဖို့ အကျပ်အတည်း ရိုက်ခတ်လားခြင်းပင်။
အစိုးရက ထုတ်ပြန်ထားရေ ကိန်းဂဏန်းတိအရ ဇူလိုင်လ အတွင်းက မိုးကြီးခရေအတွက် မင်းပြား၊ မြောက်ဦးမြို့နယ်ရို့မှာ ကျေးရွာပေါင်း ၉၂ ရွာခန့်က လယ်ကွင်းတိ ပျက်စီးလားကြောင်း သိရသည်။

စဉ်။ မြို့နယ် ကျေးရွာ ကွင်းပေါင်း တောင်သူဦးရေ ရီလွှမ်း ဧက ပျက်စီးဧက ပျိုးပျက် ဧက ပြန်စိုက် ဧက
၁။ မင်းပြား ၆၃ ၁၅၈ ၇၂၀၄ ၂၇၆၂၈ ၅၇၂၉ ၈၉၇၀ ၁၅၈
၂။ မြောက်ဦး ၂၉ ၇၄ ၁၁၄၇ ၁၀၂၂၃ ၁၅၀၁ ၁၇၃ ၄၇
 သတင်းရင်းမြစ် -မြို့နယ်မြေစာရင်း
 http://www.rakhaingroma.com/News/inter-news/10-2011/01-10-2011.html

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်