အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆာခရာမန်တိုမြို့နေ ပေါ်လင်းပေါ်တာ (၄၇ နှစ်)သည် ကိုယ်အလေးချိန်
ပေါင် ၇ဝဝ ရှိပြီး ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့က ၂ဝ၁၂ ခုနှစ်ထုတ် စာအုပ်၌ ကမ္ဘာ့အဝဆုံး အမျိုးသမီး အဖြစ် ထည့်သွင်း ခဲ့ကြောင်း သိရသည်။
သို့သော် ပေါ်တာက သူသည် နေ့စဉ် ဘဝ၌ ပုံမှန်အတိုင်း ကျင်လည်နိုင်ရန် အတွက် ကိုယ်အလေးချိန် ကျဆင်း လိုကြောင်း ပြောကြား ခဲ့သည်။
ယခုအခါ သူသည် ခုတင်ပေါ်၌ ကိုယ်ကို လှည့်၍ မရသကဲ့သို့ ခန္ဓာကိုယ်က ကားနှင့်လည်း မဆံ့တော့ပေ။
ပေါ်တာက သူသည် ကခုန်ခြင်း၊ လမ်းထွက်၍ ခရီးသွားခြင်းတို့ ပြုလုပ် နိုင်စေရန် နှင့် ကဇာတ်ရုံ ထိုင်ခုံ၌ ထိုင်နိုင်ရန် အတွက် ကိုယ်အလေးချိန် ပေါင် ၅ဝဝ ခန့် ကျဆင်း လိုကြောင်း ပြောကြားခဲ့သည်။
http://www.thuriya.org/believe/index_believe.htm

0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်