မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

"သူခိုးလက်က သူဝှက်လု" (ထွန်းအောင်ကျော်) oct 2,11

"ဒီမိုကရေစီအင်အားစုများအတွင်း အိမ်တွင်းသန့်ရှင်းရေး(Our Own House cleaning) လိုအပ်နေပြီဖြစ်ကြောင်း" DVB ၏ အတွင်းရေး အကျင့်ပျက်မှုကြီးက မီးမောင်းထိုးပြနေပါသည်အမှန်တော့...သူဝှက်ကြီး ဟန်ညောင်ဝေ၊ ခင်မောင်ဝင်းတို့က...သူခိုးလေးများကို လက်ညှိုးထိုး နာမည်ကောင်းယူပြီး ဂုဏ်သရေရှိရှိ ဆက်ခိုးကြဘို့သာ ရှိပေသည်။
မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည် တော်လှန်ရေးကို ဘန်းပြလုပ်စားနေသူများအတွက် “ဂွင် ကြီး” ပင်ဖြစ်သည်။
ဟန်ညောင်ဝေသည် NCGUB စင်တော်မှ ကောက်တင်လိုက်သဖြင့် အရှင်မွေးနေ့ခြင်းကြီး ဆိုသလို ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စားလှယ်ဘဝဖြင့် proposal တင်ပြီး NCGUB နှင့်ယူရို သန်းပေါင်းများစွာကို ဝေစားမျှစားလုပ်စားနေခဲ့သော်လည်း ယ္ခုပြောနေသည့် Transparency ဆိုသည့်စကား ထိုအချိန်က မကြားခဲ့ရချေ။
ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စားလှယ်ဘဝဖြင့် သူ၏သားသမီးများကို အလွန်ဈေးကြီးသော Switzerland နိုင်ငံတွင် ကျောင်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ကျေးဇူး ရှင်နာဂုတ်ကြီးကို သစ္စာဖေါက်၍ ဥရောပထောက်ပံ့ငွေဖြင့် တိုင်းရင်းသားလူမျိုးစုများကောင်စီ Ethnic Nationalities Council (ENC) ကို ဦးစီးခေါင်းဆောင်လုပ်ပြီး ..ဗမာနှင့်တိုင်းရင်းသားများကို သွေးခွဲ၍ခေါင်းဆောင်လုပ်ရန် အတင့်ရဲစွာကြိုးစားလာခဲ့ပြီး... NCGUB နှင့်လမ်းခွဲသွားခဲ့ပြန်သည်။
သို့ရာတွင် နိုင်ငံခြားငွေထောက်ပံ့သူများကို စံနစ်တကျ စာရင်းလိမ်ပြနိုင်မှုကြောင့် (ဘယ်လောက်ရတယ်၊ ဘယ်လိုသုံးစွဲတယ်ဆိုတာ မြန်မာပြည်သားတွေကိုတော့ ချမပြရဲဘူး၊ ပေါ်ကုန်မှာစိုးလို့။)
{ ဒီနေရာမှာမှတ်သားလောက်စရာ NCGUB ခေါင်းရှောင်ကြီး ဦးစိန်ဝင်းပြောကြားခဲ့တဲ့ သမိုင်းဝင် စကားလေးကိုမျှဝေပါရစေ။ ဦးစိန်ဝင်းကို ငွေဘယ်လောက်ရသလဲ/ဘယ်လိုသုံးစွဲသလဲလို့ မေးတဲ့အခါ မေးတဲ့လူငယ်ကို ဒေါသနဲ့ “ မင်းတို့ကို ဘာလို့ပြောရမှာလဲ၊ မင်းတို့က ငါ့ကို အခွန်ပေးနေလို့လား? အစိုးရဆိုတာ အခွန်ပေးတဲ့သူကိုပဲရှင်းပြတယ်ကွ၊ ငါတို့ကို ပိုက်ဆံပေးတဲ့NGO တွေကိုပဲ ရှင်းပြနိုင်မယ်” ဟု ကျွန်တော့ ရှေ့တွင် ပြောခဲ့ဖူးသဖြင့် တအံ့တသြ နားထောင်ခဲ့ရဖူးသည်။}
ဟန်ညောင်ဝေသည် ဆက်လက်ထောက်ပံ့ငွေများ ရရှိခဲ့သော်လည်း.. NCGUB မှာမူ ဘာတိုးတက်မှုမှ မပြနိုင်ဘဲ ဝင်ငွေများ ကျဆင်းသွားခဲ့သည်။ စားဖို့လေး ကို ပေးနေသေးသဖြင့် နာဂုတ်အဖွဲ့ကို အလုပ်မဖြစ်သော်လည်း မဖြုတ်ဘဲ မှေးစား နေဆဲပါ။
တဖက်တွင်လည်း ဟန်ညောင်သည် ENC ကို တည်ထောင်၍ တိုင်းရင်းသားတော်လှန်ရေးသမားများကို ဆွဲစား ခြင်းဖြင့် တစင်ထောင်ပြီး ယူရိုငွေကို ဖေါဖေါသီသီ သုံးရင်း တိုင်းရင်းသားခေါင်းဆောင်များ၏ နောက်ကွယ်မှ စီမံခန့်ခွဲသူဖြစ်လာခဲ့သည်။
အီးယူEuropean Union ရှိ အစိုးရများက အလျော့ပေးပူးပေါင်းခြင်းအတွေးအခေါ် (compromise) ကို ပြောလာသောအခါ စီးပွါးရေးပိတ်ဆို့မှု (sanction) ကို တောက်လျှောက် အော် လာသော ဟန်ညောင်ဝေက ”နအဖကို ဆန့်ကျင် နေခြင်းမှ စီးပွါးရေးဖွင့်ပေးဘို့ လိုတယ်”ဆိုပြီး ပြောင်းလဲအော်ခါ နေဝင်းမောင် ၊ ခင်ဇော်ဝင်း၊ပြည်တွင်း အင်ဂျီအိုတွေဖိတ်ပြီး စားကွက်ကို ထွင်လိုက်ပြန်ပါတယ်။
အော်... အခုတခါ DVB ရဲ့ယာယီဦးဆောင်ညွှန်ကြားရေးမှူးတာဝန်ယူလိုက်ရတော့ “တာတီးတို့ ဗိုက်ခွေးနမ်းတဲ့ ကိန်း ဆိုက်ပြန်ပြီပေါ့” ။
DVB မှာ သူနဲ့စည်းဝါးကိုက်လို့ရမယ့် သူတွေကို၊ ခင်မောင်ဝင်း လူမွေးသလို ထည့်သွင်းလာတာ မြင်ရအုံးမယ်။၊
(မဲဆောက်တာဝန်ခံ ကိုမျိုးမင်းနိုင်)
အဓိက မဲဆောက်ရုံးက လူတွေကိုဖြုတ်ဖို့ လုပ်ပြီးရင်၊ အဲဒီလူတွေရဲ့ နေရာမှာ ဟန်ညောင်ဝေနဲ့ သဟဇာတဖြစ်တဲ့ တိုင်းရင်းသားတွေ ပါလာဖို့များတယ်။
DVB ကို NCGUB က မင်းသမီးစခန်းမှ ရဲဘော် ခင်မောင်ဝင်းကို ဒုတိယ အုပ်ချုပ်ရေးမှူးခန့် ပြီးတော့ လွှတ်လိုက်တဲ့အခါ ခင်မောင်ဝင်းက သူနဲ့ဆွေမျိုးနီးစပ်တော်တဲ့လူတွေကို စိတ်ကြိုက်ဆွဲ့ ခန့် ခဲ့တဲ့အတွက် DVB အသံလွှင့်ဋ္ဌာနဟာ ဗမာစကား မပီကလာ ပီကလာ ပြောတတ်တဲ့ လူတွေရဲ့ အသံလွှမ်းနေခဲ့တယ်။
ဗမာလို ပီပီသသ ပြောနိုင်တဲ့လူတွေကို မရွေးဘ...ဲ ခင်မောင်ဝင်းရဲ့ ဂိုဏ်းဂဏတည်ထောင်မှုကြောင့် ပြည်တွင်းပြည်ပကနေ ” DVB မှာ ဗမာလို ပီအောင်ပြောတတ်တဲ့ လူ မရှိတော့ဘူးလား ” ဟုလှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်။
DVB ဟာ အဲဒီကထဲက စည်းကမ်းတကျ အရည်အချင်း ရှိသူတွေနဲ့မဖွဲ့စည်းဘဲ ၊ နီးစပ်ရာဆွဲခန့်၊ BBC, VOA, RFA တို့လို အရည်အချင်းစစ်တာ၊ အသံစစ်တာ၊ပညာအရည်အချင်းစစ်တာတွေမရှိဘဲ ငါ့စကားနားထောင်မယ့် ငါ့လူဖြစ်ဘို့က အဓိကဖြစ်နေခဲ့တယ်။
ပင်တိုင်ဆောင်းပါးရှင် နိုင်ငံကျော် စာရေးဆရာကြီး( ကြေး မုံဦးသောင်း)က ညွန့်ပေါင်းအစိုးရကို ဝေဖန်တဲ့အတွက် ဆရာကြီးကို လွတ်လပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံလို့ ခံယူထားတဲ့ DVBက ဆင်ဆာလုပ်ပြီး အသံလွှင့်ခွှင့်ပိတ်လိုက်တယ်။



ဒီအကြောင်းကို ဆရာကြီးကိုယ်တိုင် ကျနော့်ကို ရင်ဖွင့်ခဲ့တာပါ၊ ဒါကို ဖလော်ရီဒါမှာ အခုရှိနေတဲ့ ဆရာကြီးရဲ့ ဇနီးဖြစ်သူကိုလည်းမေးကြည့်နိုင်ပါတယ်။





ခင်မောင်ဝင်းဟာ A.B.S.D.F ဒုတိယ အကြိမ်ညီလာခံမှာ ပြန်ကြားရေး ဋ္ဌာန အတွင်းရေးမှုးအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ပါလာတယ်။ ညီလာခံအပြီးမှာ ၊ ညီလာခံမှတ်တမ်းမှတ်ရာ၊ဓါတ်ပုံ၊ အသံဖမ်းတိပ်ခွေများ၊ ဗဟိုကော် မတီဟောင်းမှလွှဲပြောင်း သောမှတ် တမ်းလက်ခံများကို သေတ္တာ တစ်ခုတွင် သိမ်းဆည်းရင်း "ဒီဟာတွေက ၊ ရွှေတွေဗျ၊ ရွှေတွေ တချိန်ကျရင် ရွှေဖြစ်မှာ" လို့ ဝမ်းသာအားရ ကြွေးကြော်ခဲ့ဘူးတယ် ။(တနေ့ ဒါတွေကို ရောင်းစားရင်ဖြစ်ဖြစ် ...ထုတ်ဝေရင်ဖြစ်ဖြစ်...ငွေအမြောက်အများရနိုင်မယ်ဆိုတဲ့သဘောပေါ့)။



ခင်မောင်ဝင်းဟာ ABSDF ပြန်ကြားရေးတာဝန်ခံအဖြစ် ဘာတခုမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပဲ (မင်းကြီး)အောင်သန်း (ကွယ်လွန်)အကူအညီနဲ့ ကျနော်ရေးသားတဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲ၊ နီကာရာဂွါရွေးကောက်ပွဲ၊ အာဏာရှင်၏ နောက်ဆုံး နေ့များ ဆောင်းပါးသုံးပုဒ်ကို ထုတ်ဖို့တောင်းလို့ရတဲ့ ကူငွေနဲ့ ABSDF ပြန်ကြားရေးဌာနမှ ထုတ်ဝေသည်ဟု အမည်တပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းကို ရွေးကောက်ပွဲအကြိုအဖြစ် ထုတ်ဝေဖြန့်ဖြူးခဲ့တာကို ABSDF ဗဟိုကော်မီတီ အစည်းအဝေးမှာ ပြန်ကြားရေး ဌာန နာမည်ခံထားတဲ့အတွက် ...သူလုပ်တာပါ...လို့ကျွန်တော့ရှေ့မှာ မျက်နှာပြောင်တိုက် ပြောရဲခဲ့သူဖြစ်တယ်။
ခင်မောင်ဝင်းရဲ့မသမာမှုက သူရဲ့ရဲဘော်ရဲဘက်တစခန်းထဲမှာ နေခဲ့တဲ့စာရေးအားကောင်း၊ လေ့လာ အား လဲ ကောင်းတဲ့ ထက်အောင်ကျော်(ဝင်းထိန်) ကိုDVB ကနေဘတ်ဂျက်နဲတာကိုအကြောင်းပြပြီးဖြုတ်ပြစ်လိုက် တာဘဲဖြစ်တယ်၊
ရှားရှားပါးပါးတော်လှန်ရေးထဲက အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးနဲ့ဆောင်းပါးတွေ ရေးနိုင်သားနိုင်တဲ့၊ ရေးသားနေတဲ့ သူကို ဘာ့ကြောင့်ထုတ်ပြစ်ရသလဲ?။ ခင်မောင်ဝင်းမှာဒီလိုအရည်အချင်းမရှိဘူး ၊ဆောင်းပါးမရေး နိုင်ဘူး။ ထားဝယ်သားချင်းအတူတူသူ မဟုတ်တာ လုပ်တာ ကို သိနေလို့ မပေါ်အောင် စောစောရှင်းလိုက်တာလား?။ မေးစရာရှိတယ်။
ခင်မောင်ဝင်းဟာ တော်လို့...အရည်အချင်း ရှိလို့...ရောက်လာတာမဟုတ်ဘဲ၊ NCGUB က လူယုံအဖြစ် မွေးလိုက်လို့ နေ့ချင်းညချင်း အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်တယ်။
မိုးသီး နိုင်အောင် နှစ်ခြမ်းကွဲတဲ့အခါ နိုင်အောင်ဖက်မှာ ရပ်တည်ပြီး၊ ကိုမိုးသီးကို အစွမ်းကုန် မုန်းတီးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် DVB မှာ တွဲဘက် အုပ်ချုပ်ရေးမှူး ရာထူးရတော့ ကိုမိုးသီးကို ဆင်ဆာလုပ်ပြီး ပိတ်ပင်တားမြစ်ထားတယ်။
ABSDF မှာ တာဝန်ထမ်းဆောင်နေစဉ် ABSDF အပြင် မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင် အဖြစ်လည်း ပါဝင်ခဲ့ပြီး၊ နှစ်ဘက်ခွ လုပ်စားနေခဲ့သူဖြစ်တယ်။
ဒါကြောင့် DVB မှာ ခင်မောင်ဝင်းရောက်ရှိသွားခြင်းဟာ ကိုယ်ကျိုးစီးပွား ရှာဖို့အတွက် စားပေါက်ကြီးပွင့်သွားတာနဲ့ အတူတူပါပဲ။ DVB ကို ဦးစိန်ဝင်းနဲ့ ညှိပြီး သူ့လူ ခင်မောင်ဝင်းကို ပို့ခဲ့သူဟာ နကုတ်အဖွဲ့ကြီးက ဒေါက်တာသောင်းထွန်းဖြစ်တယ်။
ဒေါက်တာသောင်းထွန်းဟာ ယခု ဗဟုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦးကိုလည်း NCGUB ရဲ့ အတွင်းလူအဖြစ် စည်းရုံးသိမ်းသွင်းပြီး ဘားမားဖန် (Burma Fund) ရဲ့ ဦးဆောင် ညွန်ကြားရေးမှူးရာထူးကို ပေးခဲ့တာလည်း ဒေါက်တာသောင်းထွန်းပဲဖြစ်တယ်။
ဒါဆိုရင် ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာ ဒေါက်တာသောင်းထွန်း ချယ်လှယ်ပြီး နေရာချထားပေးခဲ့သူတွေ ဟာ ဒီနေ့ ဒီချိန်မှာ ဘယ်လောက်ဖောက်ပြန်နေတဲ့ သူတွေဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြနေပြီဖြစ်တယ်။
NCGUBဟာ အတ္တကြီးကြီးနဲ့တကယ်စိတ်ဓါတ်ရှိသူတွေကို မရွေးဘဲ...အရည်အချင်းမရှိတဲ့ အနားပြာတွေကို အဟုတ်ထင် ရွေးလိုက်တဲ့အတွက် ပြည်ပတော်လှန်ရေးကြီးတခုလုံး ကျဆုံးနေခဲ့တာ ဖြစ်တယ်ဆိုရင် မမှားဘူး။
DVB အကျင့်ပျက် ခြစားမှုဟာ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အေးချမ်းနိုင်နဲ့ ခင်မောင်ဝင်းတို့မှာ တာဝန် ရှိသလို သူတို့ကို အာမခံပေးတဲ့ NCGUB နဲ့ ဒေါက်တာသောင်းထွန်းတို့မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ဒီလူတွေအားလုံးဟာ ဒီမိုကရေစီအဝန်းအဝိုင်းကနေ ခေါင်းဆောင်မှု ယူထားခြင်းမှ နှုတ်ထွက်ပေးသင့်တယ် လို့မြင်တယ်။ ယာယီနှုတ်ထွက်ထားပြီး ပြန်လည်တာဝန်ပေးခြင်းမျိုး မရှိသင့်တော့ဘူး။ လူသစ်စိတ်သစ်နဲ့ တကယ်ရိုးသားဖြောင့်မတ် သူတွေကို DVB မှာ မြင်ရဘို့ လိုတယ်။
ဟန်ညောင်ဝေဟာလည်း DVB ရဲ့ ယာယီညွန် ကြားရေးမှူးတာဝန်နဲ့ ထိုက်တန် တဲ့လူမဟုတ်ဘူး။ သူ့ကိုယ်ကျိုးစီး ပွားအတွက် ဗမာနဲ့ တိုင်းရင်းသားတွေကို သွေးခွဲဖို့ ကြိုးစားနေတဲ့သူဖြစ်သလို... ခံယူ ချက်မရှိဘဲ ပုတ်သင်ညို အရောင်ပြောင်းသလို မိမိစားပေါက်ရဘို့ကိုသာ အတ္တကြီးစွာ လုပ်ဆောင်နေတဲ့သူ ဖြစ်တဲ့အတွက် အားလုံးက စာရေးသားပြီး ဟန်ညောင်ဝေကို DVB ညွန် ကြားရေးမှူးအနေနဲ့ ယာယီတောင် တာဝန်မပေးသင့်ဘူးလို့ ရေးသားကန့်ကွက်ကြဖို့ လိုတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ DVB ဟာ ကြားနေအသံလွှင့် အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့ လူပါးဝ စကားပဲ ဖြစ်တယ်၊ ဒီစကားကိုပြောပြီး ..ဒီမိုကရေစီအင်အားစုဘက်လဲ မလိုက်ဘူး၊ စစ်အစိုးရဖက်လဲ မလိုက်ဘူး။ ကြား နေမယ် ...ဆိုတာ တော်လှန်ရေးလုပ်နေတဲ့သူတွေအားလုံးကို စော်ကားလိုက်ပြီး ပုဆိုးလှန်ပြလိုက်သလိုပါဘဲ၊
တော်လှန်ရေးအဖွဲ့အစည်းထဲမှာပါလို့ တော်လှန်ရေး အကျိုးအတွက်ခန့်လိုက်တာကို အခွင့်ကောင်း ယူပြီး သူတို့ကိုယ်သူတို့ ဝါရင့်သတင်းဆရာကြီးများ (Professional Journalists) ဖြစ်သွားပြီဆိုတဲ့ အမူအကျင့် ဟာ ဘာကိုပြသလဲ ဆိုတော့ ...ဘဝ မေ့တာ၊ ငါတို့ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတော့ဘူး...ဆိုတဲ့ တော်လှန်ရေးကို ကျေးဇူးကန်းတဲ့စိတ်၊ ဘဝင်မြင့်နေ တာ၊ အောက်ခြေလွတ်နေတာကို ပြတာပဲ ဖြစ်တယ်။
ဆောင်းပါးကောင်းတပုဒ်တလေတောင် မရေးတတ်တဲ့အုပ်ချုပ်ရေးမှူးဆိုတဲ့ သူတွေက သူတို့ကိုယ်သူတို့ ဝါရင့်ဂျာနယ်လစ်ကြီးများအဖြစ် သတ်မှတ်ပြီး “ကြားနေမယ် ဆိုတာဟာ ဒီမိုကရေစီတော်လှန်ရေးအိမ်ဦးခန်းကို ချီးတက်ပါတာဘဲ”
အင်မတန်စော်ကားတဲ့လုပ်ရပ်လို့မြင်တယ်။ တနည်းပြောရရင် ဒီမိုကရေစီတော်လှန်ရေးကြီးတခု လုံးကို ခုတုံးလုပ်ပြီး ငါတို့ ကိုယ်ကျိုးရှာတော့မယ်လို့ မျက်နှာပြောင်တိုက်ပြောလိုက်တာဘဲ။
သူတို့ရဲ့  ကြားနေမယ် ဆိုတာ ဆိတ်လစေ့လို အချောင်နေပြီး ဟိုဖက်ကပ်လိုက်...ဒီဖက်ကပ်လိုက်....နေသာသလို အနာမခံ အမုန်းမခံဘဲ ခွစားနေမယ်ဆိုတဲ့စိတ်ဘဲ။
ငယ်ငယ်ထဲကပါလာတဲ့ စိတ်ဆိုတော့ ငယ်ပါစိတ်လို့ခေါ်တယ်။ ရွံ့ရှာစရာကောင်းတဲ့စိတ်ဓါတ်တွေပါဘဲ။
အချုပ်အားဖြင့်...သူခိုးလက်မှသူဝှက်လုခြင်းသည် ဒီဗီဘီအတွက် ဘာတိုးတက်ပြောင်းလဲမှုမှ မရှိနိင်ချေ။ လူကောင်းတွေ တကယ်ရွေးနိုင်ဘို့လိုသည်။ တကယ်မျိုးချစ်စိတ်ထက်သန်တဲ့သူတွေ ပါဘို့လိုသည်။ ကြိတ်စားခြင်းမဟုတ်ဘဲ သုံးစွဲမှုမှန်သမျှကို ဒိုးယိုပေါက်ထင်သာမြင်သာ (Transperency) ရှိဘို့လိုပါသည်။
တော်လှန်ရေးသစ္စာဖြင့်..
ထွန်းအောင်ကျော်
မှတ်ချက်။ DVBကိစ္စကို ကိုင်တွယ်နေသော ဘုတ်ဒါရိုက်တာမစ္စတာ Mr. Harald Bockman ကိုဖုံးဆက်ကြပါ။အီးမေးလ် ပို့ကြပါ။
Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.
--------------------------------------------------------------------------
”ဆက်စပ်သတင်းတိုထွာများ”
ကိုယ်ကျိုးရှာ တိုင်းရင်းသားနိုင်ငံရေးသမားများ စာရင်း ပြည်တွင်းတိုင်းရင်းသားကွန်ယက်တခုက ထုတ်ပြန်
တိုင်းရင်းသားလူမျိုး နိုင်ငံရေးစောင့်ကြည့်ကွန်ယက် – Burma Ethnic Politics Watch Network (BEPWN) က မေ ၂၂ ရက်စွဲဖြင့် တိုင်းရင်းသားခေါင်းဆောင်ဟု ဆိုသူ ၇ ဦး အမည်စာရင်းကို ထုတ်ပြန်လိုက်ပြီး ၎င်းတို့ကို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများအဖြစ် စွပ်စွဲလိုက်သည်။
တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီရရှိရေးတို့ကို ထိခိုက်နစ်နာအောင်လုပ်ခြင်းတို့ကြောင့်၎င်း၊ စစ်အာဏာရှင်သက်တမ်းရှည်အောင် အားပေးဆောင်ရွက်နေခြင်းတို့ကြောင့်၎င်း၊ ထိုသူတို့နှင့် ပတ်သက်ပြီး တိကျသော အထောက်အထားများ၊ သက်သေများ ရှိသောကြောင့်၎င်း ထိုသူတို့ကို နာမည်ပျက်စာရင်းသွင်းလိုက်သည်ဟု ဆိုသည်။
ထို နာမည်ပျက်စာရင်းသွင်းခံရသူများမှာ -
၁။ ဟန်ညောင်ဝေ (ရှမ်း)၊ ယူရိုဘားမား၊
၂။ ဆလိုင်းလျန်မှုန်း (ချင်း) ပြည်ပ အီးအင်စီ၊
၃။ စိုင်းအိုက်ပေါင်း (ရှမ်း) အက်စ်အင်န်အယ်ဒီ၊
၎။ ဦးစံသာအောင် (ရခိုင် ချင်း) ခမိညီညွတ်ရေးအဖွဲ့၊
၅။ စောဖိလစ် (၀) ၀အမျိုးသားဖွံဖြိုးတိုးတက်ရေး ပါတီ၊
၆။ စားပွဲကျုံ (ကချင်)၊
၇။ စောဆိုင်မွန်သာ (ကရင်) အထူးကုသမားတော်ကြီး
တို့ဖြစ်သည်ဟု ဖော်ပြထားပြီး ကွန်ယက်အဖွဲ့က ၎င်းတို့တွေ့ရှိချက်နှင့် သဘောထားများကို ထုတ်ဖော်ထားသည်။
ထိုကွန်ယက်အဖွဲ့၏ စာထုတ်ပြန်မှုတွင် လိပ်စာအားဖြင့် “ရန်ကုန်” ဟုသာ ဖော်ပြထားပြီး ၊ မီဒီယာများက ဆက်သွယ် မေးမြန်းနိုင်ရန် အမည်၊ ဖုံးနံပါတ်နှင့် အီးမေးလိပ်စာတို့ ထည့်သွင်းထားခြင်း မရှိပေ။
http://www.scribd.com/doc/32031909/Ethnic-Watch-Statement-May-22-2010
----------------------------------------------------------------------------------
It’s a shameful story for us. The Burmese "Super Thief caught Thieves" in Norway because Harn Yawnghwe is well known as a super corrupter among the Burmese.If the Norway donors is continue to use these corrupted management, it will be obviously reflected as neglected democratic societies of Burma.
K K O
---------------------------------------------------------------------
Bertil Lintner ရဲ့စာအုပ်ဝေဖန်သုံးသပ်ချက်ထဲမှာ စာရေးဆရာ Samaranyake ဟာ သမတကြီး စပ်ရွှေသိုက် ရဲ့သမီးနဲ့လက်ထပ်ခဲ့သူ Peter Simmsဟာ ဗြိတိန်အစိုးရရဲ့စပိုင်တယောက်ဖြစ်နေတာ စာရေးဆရာ က သိပုံ မပေါ်ဘူး လို့ပါတယ်။ သမိုင်းမြှုပ်ကွက်တခုပါဘဲ။ ဟန်ညောင်ဝေရဲ့အမကြီး ယောက်ျားပေါ့။
“During that time he also met Peter Simms, an Englishman turned Buddhist who had married one of the daughters of Myanmar's first president, Sao Shwe Thaike, and become an adviser to one of the country's newspaper editors. What Samaranayake probably did not know was that Simms was also a British intelligence agent,”
Book Review Asia Times October 1, 2011, Before the Darkness, Rangoon Journalist: Memoirs of Burma Days 1940-1958 by F Smaranayake
Reviewed by Bertil Lintner
http://www.facebook.com/photo.php?v=2245830358180
-------------------------------------------------------------------------
DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. ။အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်..။ အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်.. ။ဒီကိစ္စတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်။
By DVB
Published: 30 September 2011
1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.
2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.
3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.
4. The Board of Directors have accepted the decision of the two Executive Directors and have appointed Harn Yawnghwe as Acting Executive Director of DVB to oversee operations in the interim.
5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.
6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.
Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.
(Harald Bockman)
Contacts:
1. Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.
2. Mr. Harn Yawnghwe, Acting Executive Director, Tel +32 475 75 3632.
-------------------------------------------------------------------------------------------
ဒီဗွီဘီ သတင်းဌာန ငွေအလွဲသုံးစားမှု ရှိသည်ဟု သတင်းထွက်
2011-10-01
http://www.rfa.org/burmese/news/dvb-embezzle-10012011103552.html
နော်ဝေနိုင်ငံ အခြေစိုက် ‘ဒီဗွီဘီ’ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနရဲ့ ပြည်တွင်းသတင်း လုပ်ငန်းမှာ ငွေကြေး အလွဲသုံးစားမှု ရှိကောင်းရှိနိုင်တယ် ဆိုပြီး ဒီဗွီဘီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
၂ဝ၁ဝ ခုနှစ်အတွင်း ဒီဗွီဘီ ပြည်တွင်း အသုံးစရိတ်တွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်း၊ မြန်မာကျပ်ငွေနဲ့ ဆိုရင် သိန်း ၃ ထောင်ခန့် အလွဲသုံးစားမှု ရှိနိုင်တဲ့အချက်ကို အုပ်ချုပ်ရေးဘုတ်အဖွဲ့က သိရှိပြီး စတင်စစ်ဆေးနေပြီလို့ ဆိုပါတယ်။
ငွေကြေး အလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်မှု မရှိပေမယ့် အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် နဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့ နှစ်ဦးစလုံးဟာ ဒီကိစ္စအပေါ် တာဝန်ခံတဲ့ အနေနဲ့ တာဝန်ကနေ နှုတ်ထွက်ပေးလိုက်ကြတယ်လို့ သိရပါတယ်။
ပြည်တွင်း သတင်းမီဒီယာလုပ်ငန်းဟာ ဒီဗွီဘီရဲ့ အဓိက လုပ်ငန်းဖြစ်ပြီး ဒီလို ငွေကြေး အလွဲသုံးစားမှုကြောင့် ပြည်တွင်းအလုပ်တွေအပေါ် အနည်းအကျဉ်း ထိခိုက်မှုတွေ ရှိတယ်လို့ အုပ်ချုပ်ရေးဘုတ်အဖွဲ့ အကြီးအကဲ Mr. Harald Bockman က ပြောပါတယ်။ ဒါပေမယ့် အများထင်သလောက်တော့ မဆိုးလှကြောင်း၊ ဒီဗွီဘီက ထုတ်လွှင့်နေတဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေရဲ့ ၈ဝ ရာခိုင်နှုန်းလောက်ကို ပြည်တွင်းကပဲ တာဝန်ယူထားတာဖြစ်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။
ဒီကိစ္စဟာ ပြည်တွင်းမှာ တာဝန်ယူနေကြတဲ့ ဒီဗွီဘီ သတင်းထောက်တွေနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သိရပြီး လက်ရှိ အခြေအနေမှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဒီဗွီဘီရုံးကို ယာယီ ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။
-------------------------------------------------------------------------------------------
ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေး အရှုပ်အရှင်းဖြစ်ပွား (VOA နှင့် ဦးဟန်ညောင်ရွှေ အင်တာဗျူး)
သောကြာ, 30 စက်တင်ဘာ 2011
နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှာ ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ လက်ထောက် ညွန်ကြားရေးမှူးတို့ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ လုပ်ငန်းအတွင်း ငွေကြေးကွာဟမှုတွေက အမေရိကန်ဒေါ်လာ ၃ သိန်းလောက်ရှိနေလို့ ဒါကိုစစ်ဆေးဖို့ နော်ဝေ အာဏာပိုင်တွေကို တိုင်ကြား ထားတယ်လို့ မနေ့က တရားဝင် ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီလိုပြဿနာတွေ ရှိနေပေမဲ့ DVB ရဲ့ ရုပ်သံထုတ်လွှင့်မှုနဲ့ ရေဒီယိုထုတ်လွှင့်မှုတွေကတော့ အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို သိနိုင်အောင် လက်တလော ဦးဆောင် ညွှန်ကြားရေးမှူးတာဝန်ကို ယူထားတဲ့ ဦးဟန်ညောင်ရွှေကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။
အခု ဒီမိုကရက်တစ်မြန်မာ့အသံ DVB က ထိပ်တန်းခေါင်းဆောင်တချို့ နုတ်ထွက်သွားတယ်၊ ရာထူးအပြောင်းအလဲတွေ ရှိလာတယ်၊ ငွေရေးကြေးရေး ပြဿနာတွေ တက်နေတယ်လို့ ကြားရပါတယ်။ အဓိက ဘယ်လိုဖြစ်တာပါလဲခင်ဗျ။ -
“အဓိက ပြဿနာဖြစ်တာကတော့ ကျနော်တို့ရဲ့ မဲဆောက်ရုံးပေါ့နော်။ ပြည်တွင်းက အဖွဲ့အစည်းလည်း ပြဿနာမရှိဘူး။ တခြားမှာလုပ်နေတဲ့ DVB လည်း ပြဿနာ မရှိဘူး။ ဒါပေမဲ့ မဲဆောက်ရဲ့ ခေါင်းဆောင်မှုပေါ့။ အဲဒီအဖွဲ့အစည်းက ခေါင်းဆောင်တွေက သူတို့ report (အစီရင်ခံစာ) တင်တဲ့ကိစ္စနဲ့ ကျနော်တို့ ပြန်စိစစ်တာနဲ့ လွဲနေလို့ ဖြစ်ပါတယ်။”
ဆိုတော့ မဲဆောက်ရုံးခွဲနဲ့ ရန်ကုန်နဲ့ကြားက ပြဿနာလား၊ မဲဆောက်ရုံးခွဲနဲ့ နော်ဝေ ဌာနချုပ်ကြားက ပြဿနာလားခင်ဗျ။ -
“မဲဆောက်ရုံးနဲ့ အော်စလိုကြားမှာ စာရင်းတင်တဲ့နေရာမှာ မကိုက်ဘူးပေါ့နော်။ သူတို့ တင်လာတဲ့စာရင်းနဲ့ ကျနော်တို့ ပြန်ကြည့်တဲ့စာရင်းနဲ့ မတူဘူး။ အဲဒါဖြစ်နေတယ်။”
လောလောဆယ် ဦးဟန်ညောင်ရွှေက ဦးဆောင် ညွှန်ကြားရေးရာထူးကို ယူထားလိုက်ပြီဆိုတာ ဟုတ်ပါသလား။ ဒါက ယာယီလား၊ ဘယ်လိုပါလဲခင်ဗျ။ -
“အခုက ယာယီပါ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့က နော်ဝေဥပဒေအရ အရေးယူရတော့ အပြင်ကနေမှ လာစိစစ်ဖို့ရှိတယ်။ အပြင်က လာစိစစ်တော့ ကိုအေးချမ်းနိုင်တို့၊ ကိုခင်မောင်ဝင်းတို့က ဆက်ပြီးတော့မှ တာဝန်ခံနေရင် သူတို့လည်း အနှောက်အယှက်ဖြစ်မှာစိုးလို့ ကိုခင်မောင်ဝင်းတို့ကလည်း သူတို့ ယာယီ ထွက်ပေးမယ်။ လာစုံစမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ လာ စိစစ်တဲ့ပုဂ္ဂိုလ်တွေ လွတ်လွတ်လပ်လပ် ရှာဖွေနိုင်အောင်ပေါ့၊ စိစစ်နိုင်အောင်။ ကျနော်က သူတို့ စီမံခန့်ခွဲတဲ့ တာဝန်ကို မကိုင်တော့ ကျနော်က ယာယီကိုင်ပေးတာဖြစ်ပါတယ်။”
အခု ကျနော်တို့ ကြားတာက ဒေါ်လာ ၃ သိန်းဖိုးလောက် ငွေ ကွာဟမှုရှိနေတယ်လို့ ကြားပါတယ်။ အဲဒါက အလွဲသုံးစားလုပ်တယ်လို့ ပြောလို့ရမလားခင်ဗျ။ -
“ကျနော်တို့ကတော့ ကွာဟတယ်ဆိုတော့ ဒီကိစ္စကို အမှုလုပ်မယ်။ သူတို့က အလွဲသုံးစားတာလား၊ ဘယ်လိုဖြစ်သလဲ ဆိုတာက ဒီရုံးကနေပဲ ဆုံးဖြတ်ပါလိမ့်မယ်။”
ဆိုတော့ အဓိက တာဝန်ရှိသူတွေက ဘယ်သူတွေလဲခင်ဗျ။ -
“ဒါ နံမည်ကတော့ မပြောပါရစေနဲ့။ တရားရုံးမှာ ကျနော်တို့က အရင် တင်ချင်ပါတယ်။ တရားရုံးက လက်ခံမှပဲ နံမည်တွေဘာတွေ ထွက်လာပါမယ်။ အဓိက ကတော့ ပြည်တွင်းလုပ်ငန်း ဦးဆောင်တဲ့ပုဂ္ဂိုလ် သုံးယောက်လောက် ပါပါတယ်။ တခြား ပြည်တွင်းကလူတွေ မပါဘူး။ မဲဆောက်က တာဝန်ခံတဲ့ သုံးယောက် ဖြစ်ပါတယ်။”
ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အတွက်ကြောင့် DVB ရဲ့ အသံလွှင့်တဲ့လုပ်ငန်းတွေ၊ ရေဒီယိုလုပ်ငန်းတွေ ဘယ်လိုထိခိုက်မှုတွေ ရှိလဲ၊ ဘယ်လို အပြောင်းအလဲတွေ ရှိပါလဲခင်ဗျ။ -
“သတင်းထုတ်တဲ့ဆိုက်ကတော့ ပြဿနာမရှိဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းက သတင်းထောက်တွေနဲ့လည်း ကျနော်တို့က ဆက်ပြီး လက်တွဲ လုပ်နေတာရှိတယ်။ ဒီ အော်စလိုဘက်မှာ၊ ဇင်းမယ်ဘက်မှာ၊ အိန္ဒိယဘက်မှာလည်း သတင်းထုတ်တဲ့ဘက်မှာတော့ အပြောင်းအလဲ ဘာမှမရှိပါဘူး။ ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့ကလည်း အုပ်ချုပ်ရေးဘက်မှာ မကိုင်ဘဲနဲ့ သတင်းထုတ်တဲ့ဘက်မှာ ဆက်လုပ်သွားမယ်ဆိုတော့ ပြဿနာမရှိဘူး။ ကျနော် လာကိုင်တဲ့နေရာမှာကလည်း ကျနော်တို့ management ဘက်က ဒီ့ထက်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ ကျနော်တို့က ဂရုစိုက်ပြီးကြည့်မယ်။”
ဦးအေးချမ်းနိုင်နဲ့ ဦးခင်မောင်ဝင်းတို့က သူတို့ရဲ့ ရာထူးတွေကနေ နုတ်ထွက်သွားတယ် ဆိုပေမဲ့ DVB လုပ်ငန်းထဲမှာတော့ ဆက်ပြီး လုပ်နေဦးမှာပေါ့။ -
“ဟုတ်ကဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီ အုပ်ချုပ်ရေးပိုင်းမှာ ငွေရေးကြေးရေး ကိုင်တဲ့နေရာမှာ သူတို့က မကိုင်တော့ဘူး။ ကျနော်တို့ စိစစ်ရေးကိစ္စမှာ အနှောက်အယှက်မပေးဖို့ လွတ်လွတ်လပ်လပ် စိစစ်နိုင်အောင် သူတို့က သူတို့ကိုယ်သူတို့ နေရာကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူးသစ် ဦးဟန်ညောင်ရွှေကို ကျေးဇူးအများကြီး တင်ပါတယ်။
-------------------------------------------------------------------------------------------
ဓါတ်ပုံများကို google search မှ ရယူပါသည်။
မြန်မာ့ နိုင်ငံရေး အခြေအနေနှင့်ယှဉ်တွဲ လေ့လာသုံးသပ်နိုင်ရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။
ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးများကို
editor.hittai@gmail.com သို့ ရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြပေးပါမည်။
စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံများ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။
(ဟစ်တိုင်မှ ဆောင်းပါးများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် ရင်းမြစ်နေရာတွင် ဟစ်တိုင်နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
"ထင်ပေါ်လျှင်- စင်တော်က ကောက်မည်။"
လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်-
အမှန်တရား ဘက်တော်သား-
ဟစ်တိုင် ၀ိုင်းတော်သားများ။
editor.hittai@gmail.com
www.hittai.net
www.hittai.org

www.hittaing.org

ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ -------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။
စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။
လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်