မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

အယင်မလိုကတ်ပါကေ့ ရခိုင်လွတ်လပ်ရေး ကုလားရန်တိ့ရန် ကို အယင် ဖက်ဒရယ် အယင် တောင်းကတ်ပါအုံးမယ်။

ဒေပိုင်ခေါင်းစဉ်နန့်ရီးလိုက်လို့ ကျွန်တော်ကို စာဖတ်သူရို့က ကျွန်စိတ်ပေါက်နီရေ လူတစ်ယောက်လို့ သတ်မှတ်ကတ်ပါဖို့လား။ အဂုနန့်ဆိုကေ ရခိုင်ပြည် ရခိုင်လူမျိုး တိုင်းတစ်ပါးသားအောက် ရောက်နီစွာ (ကျွန်ဖြစ်လာစွာ) ၂၂၆ နှစ် ဟိလားခဗျာလ် ကျွန်တော်အသက်ထက် ၂၀၁ နှစ်ကြီးလားခဗျာလ်။ ယကေ မင်းက (ဇာဖြစ်လို့ အယင်မလိုစွာလေ) စာဖတ်သူရို့မိန်းကတ်ပါ ကျွန်တော်မှာလည်း ဆီလျှော်ရေ အကြောင်းပြချက်ဟိပါရေ။
ကျွန်တော်ရို့ ရခိုင်လူမျိုးကို ကမ္ဘာနဲန့်နှိုင်းပြီးကေ ပြောလို့ရစွာတစ်ခုက ကျွန်ခံချင်စိတ် မဟိဆုံးနဲန့် ကျွန်သက် အရှည်နီဆုံးလူမျိုး ဒေပိုင်နှိုင်းပြရေအတွက် အထောက်အထား အကိုးအကားတော ပြောရဖို့ ဖြစ်လားခပါဗျာလ်။ ရခိုင်ပြည်ကို ဗမာဘုရင်မောင်ဝိုင်း စစ်မကြေငြာပဲ သိမ်းပိုက်ခရေ ယင်းအချိန်ကပင် တောင်မင်းကြီးကျော်ထွီး၊ ငကျွဲတစ်ကောင်နိုင် အစဟိရေ လူတိ အချုပ်အချာ အဏာပြန်ရဖို့အတွက် ပုန်ကန်ခရေ။ ယင်းလူတိလွန်ရေအချိန် ကောင်းစားဖို့မျော်လင့်ချက်နန့် ကျွန်အယင်ဆုံး ၀င်ခစားမိရေ (ငမိုက်သား ငသံဒေ) ၏သား ဗိုလ်ချင်းပျံက ဗမာမင်းကို ပုန်ကန်မူအဆုံး။
အင်္ဂလိပ်အကူ အညီနန့် မင်းသားကြီး ရွှေဘန်း၊ ဒေ၀န်ကြီး အောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံ ရခိုင်ပြည်ကို ၀င်သိမ်း နောက်တစ်ဖန် အင်္ဂလိပ် လိမ်မှန်းသိရေအခါ အင်္ဂလိပ်ကို ပုန်ကန် အားမတန်လို့ ကျရှုံး။ ယင်းပိုင်နန့်ကျွန်သံဿရာလည် သခင် တစ်ခောတ်ပြောင်း။
ယင်းဗမာ ဘုရင်မောင်ဝိုင်းသိမ်းရေ လောက်ကပင် အင်္ဂလိပ် ၀င်လာရေအထိ ယင်းခောတ်တစ်လျှောက် ဖြတ်သန်းလာရရေ ရခိုင်လူမျိုးတိ၏ သွီးအိုင်ထဲက တောက်ခေါက်သံတိ ကမ္ဘာ မကျေရေ အငြိုတိ၊ အဖြစ်တိကို အဂုခောတ် ရခိုင်သား စိတ်ကူနန့် ပုံမဖေါ် ရဲလောက် အထိ။ ရခိုင်ပြည်လူဦးရေဆိုစွာလည်း ရခိုင်ဘုရင်တိ ရွှေခောတ်အခါက တင်းဝါးပန်းခိုင်တစ်မြိုင်မြိုင် (၇၅၅၂၇၅၅) ယောက် အကြမ်းဖြင့်ဆိုကေ (၇) သန်းခွဲပယေ။ အင်္ဂလိပ် ၀င်လာလို့ ရခိုင်ပြည် လူဦးရေ စာရင်းစစ်ကြည့်ရေအခါ တစ်သိန်းရာ ကျန်ပါရေလဒ် အပြန်အလှန်တိုက်ခိုက်မူကြောင်း သီသူကသီ၊ ပြီးသူကပြီး၊ လူခွန်ဖြစ်သူကဖြစ်၊ ရောဂါဘယနန့် သီသူကသီ၊ ရည်ရွယ်ချက် ဟိဟိနန့် အသတ်ခံရသူကခံရ၊ သမိုင်းကို ဆန်းစစ်ကြည့်ရေအခါ မိမိ အနီနန့် ဗမာ ဘုရင်အား ပုန်ကန်ခြင်းကို အားရမိကေလည်း အင်္ဂလိပ် ၀င်လာရေအခါ ရခိုင်ပြည် လူဦးရေ တစ်သိန်းနန့် အင်္ဂလိပ်ကို တော်လှန်စွာကိုတော တစ်ဖက်က ကျွန်မခံတတ်တယ် ရခိုင်သားဆိုပြီးကေ ဂုဏ်ယူတတ်ကေလည်း တစ်ခြားတစ်ဖက်က ရခိုင်မင်းမျိုးမင်းနွယ်တိ စိတ်ဆန္ဒထဲ ကိုယ့်ထီးကိုယ့်နန်းကို အယင်လိုနီကတ်တယ် ဆိုပြီးကေ နှစ်မျိုးခံစားမိပါရေ။ (အဂုရခိုင်ပြည်လူဦးရေစွာ ယင်းလက်ကျန်တစ်သိန်းနန့် ဘင်္ဂလာထဲထွက်ပြီး ပြီးကေ ပြန်ဝင်လာရေ တစ်သိန်း ပေါင်းနှစ်သိန်းက ပွားလာရေ လူဦးရေပါချင့်) အမှန်က ရခိုင့်မင်းမျိုးမင်းနွယ်တိစွာ လူဦးရေ အင်အားတစ်ခု စောင့်ဆိုင်းခသင့်ပါမလား။
ယင်းပိုင်နန့် အင်္ဂလိပ် အုပ်ချုပ်တယ်အခါ လူဦးရေနန့်မလိုက်အောင် စာတတ်ပီတတ် ပွားများရေလူမျိုး ယင်းအထဲက တစ်ချို့ အင်္ဂလိပ်နန့်ပူးပေါင်းပြီးကေ ရခိုင်ပြည်တိုးတက်အောင်လုပ်ဖို့ ဆိုပြီးကေ အမြင်ဟိရေလူတိ၊ နောက်တစ်မျိုးက အင်္ဂလိပ်ကို ပုန်ကန်လို့ လွတ်လပ်ရေးယူဖို့အုပ်စု ပထမ ပူးပေါင်းလုပ်အုပ်စုက ရခိုင်ပြည်မှာ မိုင် ၂၀ ပြည့်အောင်လမ်းမဖေါက်နိုင်ခ ရခိုင်ပြည် တောင်ပိုင်း၊ မြောက်ပိုင်း၊ အနောက်ပိုင် ဆက်သွယ် နိုင်ခဖို့စွာ အ၀ီးကြီး ဒုတိယ အုပ်စုက မိမိလူမျိုး လူဦးရေနန့် အင်္ဂလိပ်ကို မတွန်းလှန်နိုင်စွာသိလို့ ကျွန်စိတ်ပေါက်နီရေ ဗမာလူမျိုးကို မျိုးချစ်စိတ်ဓာတ် (ကျွန်မခံချင်စိတ်ဓာတ်) သွင်းပီး နည်းပြလမ်းညွန် ဦးဆောင်ဦးရွက်လုပ်ပြ။ ယင်းပိုင်နန့် ဗမာလူမျိုး အမျိုးသားရေစိတ်ဓာတ် နိုးကြားလာရေအခါ ဦးဆောင်ဦးရွက်ပြုရေ ရခိုင်သားတိ နီရာပျောက်။ ကမ္ဘာက သတ်တိကောင်းရေလို့ပြောကတ်တယ် ဂျပန်ကို (သီနတ်နန့်ရန်သူကို) ဒါးကိုင်လို့ တိုင်းပြည်တွင်းက အယင်ဆုံးနှင်ထုတ်ခရေ လူမျိုး၊ လွတ်လပ်ရေး ရဖို့လား၊ ရဖို့လား မျော်လင့်ချက်နန့် ဗမာနန်ပေါင်းလုပ်ယင်း ကျွန်ပုန်းကိုလိုနီဖြစ်လားခရေလူမျိုး ခောတ်အဆက်ဆက် အမျိုးသားလွတ်လပ်ရေအတွက် တော်လှန်ရေးနန့် မကင်းခရေလူမျိုး ဒေနိန်ဒေအချိန်မှာလည်း နိုင်ငံရေးစိတ်၊ဓာတ်ကို မြန်မာနိုင်ငံ၏ တစ်ခြားဒေသ လူမျိုးတိထက် နိုးကြားရေလူမျိုး။
အမှန်က ပထမအုပ်စုလုပ်တယ်ပိုင် အင်္ဂလိပ်နန့်ပူးပေါင်းပြီးကေ မိမိလူမျိုး တစ်ယောက်နန့်တစ်ယောက် ဒေသ တစ်ခုနန့် တစ်ခု ဆက်သွယ်လို့ကောင်းအောင် လမ်း၊ တန်းထားတိ ဖေါက်နိုင်ခဖို့ဆိုကေ ဒေသိယ အစွဲသျှေတိဖြစ်တယ် (ရမ်းဗြဲသား၊ ကျောက်ဖြူသား၊ အနောက်ရခိုင်သား၊ စစ်တွေသား) ဆိုရေ အစွဲသျှေတိပျောက်ပြီးကေ ရခိုင်ဆိုရေ အသိစိတ်သျှေနန့် မိမိရို့ ရည်ရွယ်ချက် ပန်းတိုင်ကို ဒေထက် အယင် ချီတက် နိုင်ခပါဖို့မလား။
အဂုက တစ်မျိုးသားလုံးစည်းလုံးရေးဆိုရေ ဂန္ဒကို အကောင်ထည် ဖေါ်ယင်း ထက် မကျော်လွန်နိုင်သိ။ အဂုဆိုကေ ဒီမိုကရေစီဆိုရေ လမ်းစဉ်ကို ရောယောင်ယင်း တစ်ချို့လည်း နောက်က အားတက်သရောလိုက်လို့။ မြန်မာနိုင်ငံအတွက် အဓိက လိုအပ်မူစွာ ဒီမိုကရေစီပါလား (ကချင်ဆိုကေ ၀န်ကြီးမဖြစ်နိုင်၊ ကရင်ဆိုကေ ဗိုလ်ချုပ်မဖြစ်နိုင် ရခိုင်ဆိုကေ သမတမဖြစ်နိုင်) ခောတ်ကြီးအတွက် လူမျိုးချင်း တန်းတူဖြစ်ဖို့က အယင်အရေးကြီးပါရေမလား။ (တောင်ပိုင်းသား၊ မြောက်ပိုင်းသား)မဆိုလို့ ရခိုင်ဆိုရေ တစ်ခုတည်းအတွက် လုပ်ဖို့ အဖွဲ့( ပါတီ) ၏ လုပ်ဆောင်ချက်ကိုရာ ထောက်ခံအားပီးကတ်ပါ။ ဒေနိန့် ဒေအချိန်မှာရခိုင်တိစွာ ပြည်တွင်းမှာ တစ်ယောက်နန့်တစ်ယောက် ဆက်သွယ်ရခက်လို့ အနည်းနန့်အများ ဒေသိယ အစွဲဟိကေလည်း ပြည်ပ ရခိုင်သားတိက ယင်းချင့်တိကို ကျော်လွန်လားခဗျလ် ကျွန်တော်ရို့ မလေးသျှားမှာဆိုကေ တစ်ယောက်နန့်တစ်ယောက် အခေါ်အပြောလုပ်ကေ ကိုယ့်ထက်ကြီးရေလူဆိုကေ တောင်ပိုင်းသားအခေါ်အဝေါ်အတိုင်း ကြီးသူကို ငယ်သူက (ဂိုးသျှေ) လို့ရာခေါ်ရေ။ ကောင်းသော စည်းလုံးညီညွတ်မူပါမလားချင့်။ ကျွန်တော်ရို့ရခိုင် တစ်မျိုးတည်းအပြင် ဒေသအတွင်းဟိရခိုင်အနွယ်ဝင် မြို့၊ သက်၊ ခူမွီ၊ ဒိုင်းနက်၊ ချင်း၊ ကမန်၊ မရမာ ယင်းလူတိလည်း ဒေစိတ်ဖြစ်အောင် ရခိုင်သားတိက ဦးဆောင်လို့ လုပ်ပီးနိုင်ခကေ ကောင်းပါဖို့။
၂၀၁၀ ရွီးကောက်ပွဲအခါက အမိန်းဖြေတစ်ခုမှာ ကြားမိလိုက်ပါရေ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ အကြီးအကဲတစ်ယောက်က မြို ခေါ် ခူမီး အမျိုးသားတိုးတက်ရေး ပါတီနန့် ပြိုင်ရဖို့ဆိုလို လူမျိုးစုပါတီရာ မိမိရို့ကို အနိုင်မရနိုင်ဆိုပြီးကေ အထင်သေးရေ ပြောကြားချက် တစ်ခုကို။ ဒေပိုင်ဆိုကေ ခူမီးကလည်းပါတီဝင်ပြိုင် ဒိုင်းနက်ကလည်း ပါတီဝင်ပြိုင် မရမာကလည်း ပါတီဝင်ပြိုင် ကမန်ကလည်းပါတီ ၀င်ပြိုင်ကေ ရခိုင်သား ဇာတတ်နိုင်ပါဖို့လဲချင့် ရခိုင်ပြည်လွတ်လပ်ရေးဆိုစွာလည်း ယင်းလူတိပါ ထောက်ခံမူရမှ ဖြစ်ဖို့ဆိုစွာ ရခိုင်ခေါင်းဆောင်တိ မိနီကတ်ပါလား။ ယင်းအနွဲဝင်ခေါင်းဆောင်တိကိုလည်း ရခိုင်ခေါင်းဆောင်လို့ ရခိုင်လူမျိုးတိ အသိမှတ်ပြုအောင်  ပူးပေါင်းလို့ စည်းရုံးပီးရပါဖို့မလား။ ဖြစ်စီချင်စွာကိုပြော မိစွာပါရာ။
ယကေ အထက်က ခေါင်းစဉ်ကို စာဖတ်သူရို့ပြန်မိန်းနိုင်ပါရေ။ ဇာဖြစ်လို့လွတ်လပ်ရေး အယင်မလိုစွာလေလို့ …..
ရခိုင်ပြည်ကို အပြီးသတ် လွတ်လပ်ရေးတိုက်ယူပစ်ဖို့ဆိုရေ အမျိုးသားခံယူချက် ယုံကြည်ချက်နန့် လုပ်နီရေလူတိကို မိမိအနီနန့် စော်ကားမော်ကားပြောကြားခြင်းမဟုတ်ပါ။ မိမိဆန္ဒအရ ရခိုင်လူမျိုးကို စစ်တလင်းပြင်ထဲ အကြောက်တလန့်နဲန့် ရက်ဆက်နီရဖို့စွာတိ၊ အဖက်ဖက်က တိုးတက်မူနောက်ကျနီရေ ရခိုင်ပြည်ကို အမှောင်ချပြီးကေ နှစ်ဖက် အပြန်အလှန်ထိမ်းချုပ်ထားကတ်ဖို့စွာတိ၊ ကချင်၊ ကရင်၊ ရှမ်း ဒေသတိမှာ ဖြစ်ပေါ်နီရေပိုင် ပေါ်တာဆွဲစွာတိ၊ မဒေးကျင့်စွာတိ ယင်းပိုင်ဒုက္ခဘေးတိ မကျရောက်စီချင်လို့ပါရာ။ အပြီးကေ ဒေနိန်ခောတ်နိုင်ငံရေးမှာ အပြီးသတ်တော်လှန်ရေး မဆုံးခင် စေစပ်ဆွေးနွေးရေး နန့်စီ အဆုံးသတ်လားခပါမလား။
ဒေနိန့်ဒေအချိန်မှာ မျာစွာသော ဗမာနိုင်ငံရေး သမားများသည် ဖက်ဒရယ်အော်နီကြခြင်း၊ ဖြစ်ပေါ်လာ မဖြစ်ပေါ်လာ ဆိုခြင်းထက် ဒေပိုင်အချိန်မျိုးမှာ ခွဲထွက်ရေး ရုန်းခကေ ခွဲထွက်ဖို့စွာ အကြောက်ဆုံးဖြစ်တယ် ဗမာနိုင်ငံရေး သမားတိက ကုလားကို ညှပ်ဖဲ အဖြစ် အသိမှတ်ပြုလိုက်ဖို့။ ယင်းပိုင်ရာဆိုကေ ရခိုင်သား လမ်းပျောက်လားပါဖို့။ ဖက်ဒရယ်အော်လိုက်ကေ မြန်မာနိုင်ငံက တိုင်းရင်းသားဆိုသူတိစွာ ဗမာလူမျိုးတိကို မယုံကြည်ရေအတွက် အနာဂတ်ဖွဲ့စည်းပုံမှာ သူရို့၏ စစ်တပ်ကို ထည့်သွင်းဖို့တောင်းဆိုလာဖို့။ ယင်းခါ ရခိုင်တိလည်း သူရို့စစ်တပ်ထည့်ဖြစ်ကေ ကိုရို့ရခိုင်စစ်တပ်လည်း ထည့်ပီးရဖို့လို့ တောင်းဆိုလာလို့ရရေ။ ရစွာကို ယူထားရဖို့ စစ်တပ်တစ်ခုလုံး ဖွဲ့စည်းပုံထဲမှာ ထည့်ဖြစ်ကေ ဇာကို ကြောက်နီပါဖို့သိလဲ လင်နန့် မယားတောင် မကြိုက်ကေ၊ သဘောထား မတိုက်ဆိုင်ကေ ကွာကတ်သိယင့် ယင်းအချိန်ပြည်သူ့ဆန္ဒ ဆိုစွာလည်း ပါလာကေ အလိုလို ဖြစ်လာဖို့စွာပါရာ ဒေနိန်ဒေအချိန်မှာ ကမ္ဘာပတ်ပြီး လိမ်အော်နီရေ ကုလားရန်အတွက် ရခိုင်သားတိ ဖက်ဒရယ်အယင် တောင်းကတ်ပါအုံးမယ်။
အောင်မျိုးသူ (မလေးသျှား)

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်