မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ရခိုင်၌ တက္ကသိုလ်တစ်ခု ထပ်မံ တည်ဆောက်ရန်ရှိ

ရခိုင်ပြည်နယ်၌ တက္ကသိုလ်တစ်ခု ထပ်မံ တည်ဆောက်သွားရန် အစီအစဉ်များ ရှိနေသည်ဟု တောင်ကုတ်၊ မအီ၊ ဂွနှင့် သံတွဲမြို့တို့၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်က ပြောသည်။

“တက္ကသိုလ် တည်ဆောက်သွားဖို့ နီးစပ်နေတဲ့ သဘောမှာ ရှိနေပါတယ်။ ရခိုင်တောင်ပိုင်းက ကျောင်းသားတွေ အတွက် ပိုအဆင်ပြေသွားတာပေါ့” ဟု ၎င်းက ပြောသည်။ ရခိုင်ပြည်နယ် အတွင်းရှိ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများ အနေဖြင့် ဝိဇ္ဇာနှင့် သိပ္ပံ ဘာသာရပ်များ သင်ကြားကြရန်အတွက် ယခင်က တက္ကသိုလ်တစ်ခုတည်းကိုသာ အားကိုးနေရပြီး ယခုထပ်မံ တည်ဆောက်ပေးနိုင်ဖွယ်ရှိသည့် တက္ကသိုလ်နှင့် ဆိုပါက နှစ်ခုရှိသွားမည်ဖြစ်ရာ အိုးမကွာ၊ အိမ်မကွာ ပညာသင်ကြားသွားနိုင်မည့် အခြေအနေ ရှိသွားမည်” ဟု ဒေသခံ အချို့ထံမှသိရသည်။

လက်ရှိ လျာထားနေရာမှာ တောင်ကုတ်မြို့တွင် ဖြစ်ပြီး လိုအပ်သည့် မြေဧက အချို့ကို ပေးလှူမည်ဟု ကမ်းလှမ်းထားသည့် ကုမ္ပဏီ တစ်ခုကိုလည်း ရရှိထားပြီးကြောင်း၊ စီမံကိန်း ကာလကို အတိအကျ မိမိ မသိရှိရသေးသော်လည်း မကြာမီ စတင်နိုင်ဖွယ်ရှိသည်ကို မိမိ ပြောနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်က ထပ်မံဆိုသည်။

“စစ်တွေမြို့ရှိ လက်ရှိတက္ကသိုလ်ကို မြောက်ပိုင်း တက္ကသိုလ်ဟု ခေါ်ဆိုနေကြသည့် အတွက် ပေါ်ထွန်းလာဖွယ်ရှိသည့် တောင်ကုတ်မြို့ရှိ တက္ကသိုလ်ကို တောင်ပိုင်းတက္ကသိုလ်” ဟု ခေါ်ဆိုသွားနိုင်ဖွယ် ရှိသည်ဟုပါ ဒေသခံ အချို့က ပြောသည်။

ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသများ ဖြစ်သည့် ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်ရှိ ကျောင်းသားများသည် စစ်တွေတက္ကသိုလ်သို့ သွားရောက် ပညာသင်ယူရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေသည့်အတွက် တောင်ကုတ်မြို့တွင် တက္ကသိုလ်  ဖွင့်လှစ်နိုင်မည် ဆိုပါက ကျောင်းတက်နိုင်မည့် ကျောင်းသားဦးရေ ပိုများလာမည်ဖြစ်ရာ တည်ထောင်ရန် စဉ်းစား ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြအေးက လွှတ်တော်တွင်း၌ ဆိုသည်။

လက်ရှိ၌ စစ်တွေ တက္ကသိုလ်တွင် ပညာသင်ကြားနေသူ ၁၄၉၂၁ ရှိကြောင်း စာရင်းများအရ သိရသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်