နိုဝင်ဘာလ ၂၇ ရက်နေ့က ညနေ ၅:၃၀ တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ တပ်မှူး ဗိုလ်ခိုင်နိုင်စိုး ဦးဆောင်သော တပ်ဖွဲ့ဝင်အင်အား နှစ်ဆယ်ကျော်လောက်နှင့် အစိုးရဘက်မှ ခမရ ၃၄၄ စစ်တွေအခြေစိုက် တပ်ရင်း၏ လက်အောက်ခံစစ်ကြောင်းဖြစ်သော စ...စ်ကြောင်းအမှတ် ၂ မှစစ်ကြောင်းမှူး ဗိုလ်မှူး ခင်မောင်သန်း ဦးဆောင်ကာ အင်အား ၃၀ ကျော်လောက်ရှိ စစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲတစ်ခုကို ပလက်ဝမြို့အတွင်းခမောင်းဝ ကျေးရွာနှင့် ကင်တလင်းကျေးရွာအကြားဖြစ်ပွားခဲ့ သည်။ အဆိုပါတိုက်ပွဲတွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ဖက်မှ တစုံတရာ အထိအခိုက်အကျအဆုံးမရှိခဲ့ပေ။ ၄င်းတိုက်ပွဲတွင် အစိုးရဖက်မှ ထိခိုက်ကျဆုံးမှုကို အတိအကျမသိရှိခဲ့ရပါ။
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရတပ်များအကြား နှစ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး ယခုတိုက်ပွဲသည် ၂၀၁၁ ခုနှစ်တာကာလအတွင်း နောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲလည်းဖြစ်သည်။
ယခုနှစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA )၏ထိန်းချုပ်နယ်မြေတွင် ဧရိယာတွင် မဟာမိတ် ကရင်ရဲဘော်များနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ၏ အရှေ့ဖက်ဒေသ ရမ္မာဝတီ တပ်ရင်းသည် အမြဲတစေ ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲများနှင့်ရင်ဆိုင်နေသည် ။ ရံဖန်ရံခါ နှစ်ဖက်စလုံး အကျအဆုံးများရှိခဲ့သည်။ ရခိုင်ပြည်တွင်လည်း ယခင်နှစ်များကမရှိခဲ့ဖူးသော ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီး အင်အား အမြောက်အများနှင့် စစ်ဆင်ရေးလုပ်ခဲ့သည်။ ၄င်စစ်ဆင်ရေးလုပ်စဉ်က ရခိုင်ပြည်တပ်မတော်ဖက်မှ ရှေ့ထွက်မိုင်း များနှင့် အရပ်လုပ်မိုင်းများကို အသုံးပြုပြီး ပျောက်ကျားစစ်ဗျူဟာဖြင့် ခုခံတိုက်ခိုက်ခဲ့သည့်အတွက် အစိုးရဖက်မှ ဗိုလ် အပါအဝင် ရဲဘော်များကျဆုံးကာ ဆုတ်ခွာသွားခဲ့ရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အခြေအ နေများမရှိသလို လာမည့်နှစ်တွင် လည်း ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရတို့အကြား တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင် ကြောင်းသိရသည်။
Soe Naing
Coordinator
Free Burma Ranger
Western Regionof Burma
Contact;
Phone No. 0091-8826212763
Freeburma4@SkyFile.com
arakan44@email.comSee more
နိုဝင်ဘာလ ၂၇ ရက်နေ့က ညနေ ၅:၃၀ တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော
ယခုနှစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည်
Soe Naing
Coordinator
Free Burma Ranger
Western Regionof Burma
Contact;
Phone No. 0091-8826212763
Freeburma4@SkyFile.com
arakan44@email.comSee more
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်