12/30/2011 08:46:00 pm
ကဗျာ
ဒေလမ်းက ဟောင်းနိန်ကေလေ့..
လားဖို့ ကောင်းပါရေ….။
လမ်းဆုံးပန်းတိုင်မှာ
လွတ်လပ်ခြင်းတိဟိရေ၊
လူ့ ဂုဏ်သိက္ခာတိဟိရေ၊
လူ့ တန်ဖိုးတိဟိရေ၊
လူပီသခြင်းတိဟိရေ၊
လူစွမ်းလူစကို ထုတ်ပြလက်မထောင်နိုင်ရေ၊
လူမျိုးတစ်မျိုးအသက်ပြန်ရှင်စီဖို့  အားဆီးတိဟိရေ၊
တိုင်းပြည်တစ်ပြည် ပြန်ထ ရပ်ပြဖို့  နိန်ရာသစ်တိဟိရေ၊
ငြိမ်းချမ်းတိုးတက်အိမ်မက်ပန်းတိပွင့်ပနာ အလှတရားရနံ့ တိ သင်းပျံ့ မွှီးကြိုင်နိန်ရေ တောင်တန်းသစ်တိဟိရေ၊
မျှော်လင့်ချက်လုံ့ လလှိုင်းတိ အားမာန်ပြနိုင်ရေ ပင်လယ်ပြင်တိ ဟိရေ၊
လင်းလက်တေစိတ်ကူးသစ်တိပိုင် အနာဂတ်ကိုပျံလားနိန်ရေ မိုးရိပ်ဖြူတိနန့်  အာကာသစ်ဟိရေ၊
ဒေလမ်းက ဟောင်းနိန်ကေလေ့
လားလို့ ကောင်းပါရေ…..
မျိုးဆက်တိ လက်ချင်းဆက်ပနာ ခင်းပီးခရေ၊
ဘ၀တိထပ်ပနာ မြီဖို့ ပီးထားခရေ၊
နှလုံးသားတိပေါင်းပနာ စူးငြောင့်တိ ရှင်းပီးခရေ၊
မှောင်နိန်ရေ ဥာဥ့်ဆိုးတိကို ဖြိုချအလင်းထွန်းဖို့  မီးဆွဲတိ ချန်ထားခရေ၊
ဒေလမ်းက ဟောင်းနိန်ကေလေ့
လားဖို့ ကောင်းပါရေ……………………………..။ ။ ။
ဝံလက်နီ
၁၊ ၁၂၊ ၂၀၁၁
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်