ကမ္ဘာစစ်ကြီးပြီးလို့ ကောင်းကောင်းမကြာခင်ညတစ်ည လန်ဒန်မြို့မှာ အဖိုးမဖြတ်နိုင်ရေသင်ခန်းစာတစ်ခုကိုကျွန်တော်ရလိုက်ပါရေ။ ယင်းခါက ကျွန်တော်ရေ ဆာ ရော့စမစ်ပါးမှာ မန်နေဂျာအဖြစ်လုပ်လို့ရှိပါရေ။ သူစော်သြစတြေလီယန်တိုက်သားဖြစ်ပြီးကေ ကမ္ဘာစစ်ကြီးအတွင်းက ပါလက်စတိုင်းပြည်မှာ လေယာဉ်ပျံစီး သူရဲကောင်းအဖြစ်နန့် အမှုထမ်းဖူးခပါရေ။ ကမ္ဘာစစ်ကြီးပြီးရေအခါ ကမ္ဘာတစ်ဝက်ကို ရက်ပေါင်းသုံး
ဆယ်လောက်နန့် ပျံပြပလိုက်တေအတွက် တစ်ကမ္ဘာလုံးက လက်ဖျားခကတ်ရပါရေ ယင်းအခါက
ဒေပိုင်မျိုးတစ်ယောက်လဲမရှိရေအတွက်နန့် အံ့သြလားကတ်စော်ပါလေ။ သြစတြေလီယန် အစိုးရက
ဒေါ်လာငွေပေါင်း ၅၀၀၀၀ကို ဆုအဖြစ်ချီးမြှင့်ပြီးကေ ဗြိတိသျှ အစိုးရကလဲ ဆာဘွဲ့ကို ပီးအပ်ပါရေ။
ယင်းအခါ ဗြိတိန်နိုင်ငံတစ်ခုလုံးမှာ သူ့လောက် ထင်ပေါ်ကျော်ကြားရေလူ မရှိပိုင်ပါဗျာယ်။
တစ်ည ယင်း ဆာ ရော့စမစ်ကို ဂုဏ်ပြုဖို့ကျင်းပရေ ညစာထမင်းဝိုင်းကြီးတစ်ခုကို ကျွန်တော်လဲ
တက်ရောက်ခီပါရေ။ စားပြီးသောက်ပြီး ထုံးစံအတိုင်း စကားပြောကတ်တေခါ ကျွန်တော်အနားမှာ
ကပ်ပြီးထိုင်နိန်ရေ လူကြီးတစ်ယောက်က ရယ်စရာပုံပြင်တစ်ပုဒ်ကိုပြောယင်း “ငါ့ရို့ဇာပင်လုပ်လုပ် ထာဝရ ဘုရားသခင်က ငါ့ရို့ကြမ္မာကို ဖန်တီးနိန်စော်ရာ” ဆိုပြီးကေ ကောက်နုတ်ချက်တစ်ခုကို ရွတ်
ပြပါရေ။ ယပြီးကေ သူကဇာပြောလဲဆိုကေ ဒေကောက်နုတ်ချက်ရေ ဘိုင်ဘယ်ခေါ် ခရစ်ယာန်သမ္မာ
ကျမ်းစာက ဖြစ်တယ်လို့ ပြောပါရေ။ ဒေချင့်ရေ လုံးဝမှားရေ ကျွန်တော်သိပါရေ။ ယင်းအတွက်နန့်
ယင်းသူ့အမှားကို ပြင်ဆင်ပီးပါလို့ တစ်ယောက်လဲမပြောကေလဲ ကျွန်တော်က ကိုယ့်စော်ကို ဖော်ရေ
သဘောနန့် သူ့ကိုထပြီးကေ ပြောပါရေ။ ယေခါ သူကလဲ သူမှန်ရေလို့ ငြင်းပါရေ။
သူ။ ။ဇာချင့် ဒေစာကို ရှိတ်စပီးယားရွီးစော် မင်းအထူးထူးပြောမနိန်ကေ ဒေစာစော် သမ္မာကျမ်းထဲက
ဝေး ငါ အသေချာသိရေဆိုပြီးကေ ပြောပါရေ။
ကျွန်တော်။ ။ဟုတ်ပါရေ ကျွန်တော်လဲအသေချာသိပါရေ ဒေစာရေ ရှိတ်စပီးယားရွီးခရေစာပါ
ကျွန်တော်နန့်ငြင်းနိန်ရေ လူကြီးရေ ကျွန်တော့်ညာဘက်မှာထိုင်လို့ရှိပါရေ။ ကျွန်တော့်ဘယ်ဖက်မှာ
ကျွန်တော့်မိတ်ဆွေဟောင်းဖြစ်တေ မစ္စတာ ဖရန့်ဂင်မွန် ထိုင်လို့ရှိပါရေ။ ကျွန်တော့်မိတ်ဆွေမှာ ရှိတ်စပီး
ယားရွီးခရေ စာအုပ်တိကို အယင်ခါကပင် ကောင်းလေ့လာ ဖတ်မှတ်ဖူးရေ လူဖြစ်တေအတွက်နန့် ကျွန်တော် ရို့ရေ ယင်းသူ့ အဆုံးဖြတ်ခံဖို့ ဆိုပြီးကေ သဘောတူလိုက်ကတ်တေ။ မစ္စတာ ဂင်မွန်က
ခုံအောက်ကနိန် ကျွန်တော့် ခနရောင်ရိုးကို ကျောက်ပြီးကေ “ဒေး မင်းမှားရေဝေး၊ ဒေမိတ်ဆွေပြောစော်
မှန်ရေ၊ ဒေစာရေ သမ္မာကျမ်းထဲက” ဆိုပြီးကေ ဆုံးဖြတ်ပီးပါရေ။
ထမင်းစားပွဲပြီးလို့ အိမ်ပြန်လာရေလမ်းမှာ ကျွန်တော်က “ဝေး ဖရန့် ဇာပိုင်စော်လဲဝေ ယင်းစာကို
ရှိတ်စပီးယား ရွီးစော်သိယင့်သားနန့် ဇာအတွက်နန့် သမ္မာကျမ်းမှာပါရေလို့ ပြောရစော်လဲဝေ”
“ယာ ကောင်းခက်တေမလားယေ မင်းပြောစော်မှန်ရေဝေး ယင်းစာရေ ရှိတ်စပီးယားရွီးရေ
ဟမ်းမလက် အပိုင်းငါး အခန်းနှစ်မှာပါရေလေ၊ ယကေလဲ မင်းသိရေအတိုင်းဗျာယ် ငါရို့က ထမင်းစားပွဲ
မှာ အာဂန်တု ဖြစ်နိန်ရေမဟုတ်လား၊ ယကေ သူ့ကိုမှားရေလို့ဇာတွက်နန့် ရှင်းပြခီဖို့သိလဲယေ၊ ယပိုင်ရှင်း
ပြလိုက်လို့လဲ မင်းကိုသူက သဘောကျဖို့လားယေ၊ ဇာဖြစ်လို့သူ့ကိုအရှက်ခွဲဖို့လဲ ယပြီးကေမင်းကိုအမှား
ပြင်ပီးပါလို့ ခိုင်းစော်လဲမဟုတ် သူကိုယ်တိုင်ကလဲ အပြင်ခံချင်စော်မဟုတ် ယင်းချင့်ကိုဇာလုပ်ဖို့ငြင်းနိန်ဖို့
သိလဲ မင်းလဲယပိုင် အတင်းအားဓမ္မငြင်းဖို့စော်ကို ရှောင်ဝေး” ဆိုပြီးကေ မစ္စတာ ဖရန့်ဂင်မွန်က ပြန်ပြော
ဖူးခပါရေ။
“အတင်းအားဓမ္မငြင်းဖို့စော်ကို ရှောင်ဝေး” ဆိုရေစကားကိုပြောခလူကတော့ အခု သီလား
ခပါဗျာယ်။ ယကေလဲ သူပြောခရေ ဆုံးမစကားရေ ကျွန်တော့်ဘဝမှာ အခုထက်ထိအောင် ရှိနိန်ပါသိရေ။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်