Arakan Review တွင်ဖော်ပြထားသည်
ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ပြေးဆွဲလျက်ရှိသော ကားလိုင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ၁၅ ရက်နေ့အထိ အရေးပေါ် ပိတ်ထား လိုက်ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရန်ကုန် – စစ်တွေ ခရီးသွားလာရေး လုပ်ငန်းများ ပိတ်ထား ရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ ရခိုင်ပြည်သို့ ခရီးသွားလာနေသူ ရခိုင် လူငယ် မောင်အေးမြင့် သို့ Arakan Review မှ ဆက်သွယ်မေးခဲ့ရာ -
“ရန်ကုန် – စစ်တွေ ခရီးသွားလာရေး ယနေ့ နံနက်ပိုင်းက စတင်ပိတ်ထားလိုက်ပါတယ်။ ကျွန်တော်က ရခိုင်ကိုပြန်ဖို့အတွက် ကားလက်မှတ်ကို လွန်ခဲ့တဲ့ နှစ်ရက်က ဖြတ်ထားလိုက်တာပါ။ ဒီနေ့ ကားဂိတ်ကိုရောက်မှ ရခိုင်ပြည်ကို ပြေးဆွဲနေတဲ့ ကားတွေ အကုန်လုံး တစ်စီးမှ ထွက်ခွာခွင့် မရဆိုတာကို သိလိုက်ရပါတယ်။ ကားလက်မှတ်ခ ငွေတွေကို ပြန်အမ်းပါတယ်။ အကြောင်းစုံကို သိချင်တဲ့ ဇောနဲ့ ကားဂိတ်ကိုသွားမေးတော့ … ကာဂိတ်က တာဝန်ရှိတဲ့ သူတစ်ယောက်က ကိုယ့်ညီတို့ အသက် အန္တရယ် အတွက် အဓိကထား လုပ်လိုက်ရတာပါ။ မင်းပြားအနီးမှ ဖြတ်သန်းတဲ့ကားတွေကို ဘင်္ဂလီ ရိုဟင်ဂျာ ကုလားတွေက ၀ိုင်းဝန်းတိုက်ခိုက်တယ်။ ကားပေါ်မှာ ပါလာတဲ့ လူတွေကို ဓါးနဲ့ ခုတ်သတ်တယ်။ ကားကို မီးရှိုးတာတွေကို လုပ်နေတယ်။ အဲဒီအတွက် နိုင်ငံတော် အစိုးရ တာဝန်ရှိတဲ့ သူတွေက မနေ့ ညနေက လာရောက်ပြီး အစ်ကိုတို့ကို လာပြော လို့ ငါ့ညီတို့ ခရီးသွားလာရေးအတွက် အခက်တွေ့သွားတာကို စိတ်မကောင်းပါဘူးလို့လည်းပြောပါတယ်။ ကားလက်မှတ် အတွက်ပေးထားတဲ့ ငွေတွေကိုပြန်အမ်း ပေးလိုက်ပါတယ်။လို့ Arakan Review သို့ပြောကြားသွားပါသည်။
ရန်ကုန် – စစ်တွေ ခရီးသွားလာရေးအတွက် ရခိုင်ပြည်သူလူထုမှာ အခက်အခဲကြုံနေရသလို ခရီးသွားလာခွင့်အတွက်လည်း ဇွန်လ ၁၅ ရက်ကို ချိန်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်