မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ရိုးမ သဇင်

ရခိုင်ပြည်နယ် အစွန်အဖျား နေရာဒေသများတွင် တာဝန်ထမ်းဆောင်နေကြရသော
 ဆရာမကလေး များအား ရည်ညွှန်း ဂုဏ်ပြု လျှက်



ရိုးမ သဇင်
-------------------

ရိုးမ သဇင် ၊ ဟိုး အဝေးက
ပြုံး လျလျ ၊ မြင်သည်
အဖြူ နဲ့  အစိမ်း
တော်ဝင် သဇင် တွေ
လေအလာ ယိမ်းသလို ......ပင်မြင့် ယံပန်း

ရိုးမ သဇင် ၊ ဟိုး အဝေးက
ကြိုး ရွရွ ၊ သင်သည်
တောင် စဉ် ၊ တောင် ကြား
ချောင်း အဖျားက
မောင်အငယ် လူမမယ် တွေမို့ 
ရင်က...နို့ ချို ကျွေး သလို.......အသွင်တင့်ဆံနန်း

ရိုးမ သဇင် ၊ ဟိုး အဝေးက
ညိုး လျလျ ၊ မြင်သည်
မယ်တစ်ရွာ မောင်တစ်မြို့ 
မိအို နဲ့  ဖ တလွဲ
ဘယ်လောက် ဝေးဝေး
ဘယ်လောက် စွန် စွန် (အစွန်အဖျား)
တို့ ပြည် တံခွန် ထမ်းမယ် ဟေ့  လို့ 
ကိုယ့် အမျိုး ဂုဏ်ဆောင်
တော်ဝင် သဇင် တွေ
ပင်ယံထက် ၀င့် သလို....................အသွင်ပျံတင့်တင့်မွှေး

အညတရ..အူးလေးဂျီး

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်