၂၀၁၄ ခုနှစ်မှာ ကောက်ယူ သွားမယ့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှုကို လုပ်ငန်း အဆင့် ၄ ဆင့်နဲ့ ခွဲခြား ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့
သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ပထမ အဆင့် အနေနဲ့ ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်း၊ ဒုတိယ အဆင့် စာရင်းကောက် လုပ်ငန်း၊ တတိယ အဆင့် စာရင်း ပြုစုခြင်း လုပ်ငန်း၊ စတုတ္ထ အဆင့် အနေနဲ့ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ် ပြန်ခြင်း လုပ်ငန်းများ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
အခု လက်ရှိ မှာတော့ ပထမအဆင့် ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်း အနေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှာ မြေပုံများကို ရပ်ကွက်၊ ကျေးရွာ အုပ်စုများ ပါဝင်အောင် ရေးဆွဲ လျက်ရှိနေ တယ်လို့ သိရပါတယ်။ ဒါ့အပြင် သန်းခေါင်စာရင်း လုပ်ငန်းများမှာ အသုံးပြုမယ့် In-tellignet Character Registration နည်းပညာ အသုံးပြုဖို့ လိုအပ်တဲ့ စက်ကိရိယာများ တပ်ဆင်ခြင်း၊ ဆော့ဖ်ဝဲများ အင်စတော လုပ်ခြင်း၊ Tabulation Plan များ ရေးဆွဲခြင်း၊ လုပ်ငန်းခွင် သင်တန်းများ ပေးခြင်း၊ Data Entry Program နှင့် Editing Program များ ရေးသားခြင်း စတာတွေကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမယ့် အစီအစဉ် တစ်ခုလုံးကို ၃ နှစ်နဲ့ ၁၀ လကြာ ဆောင်ရွက် ရမှာဖြစ်ပြီး ၂၀၁၅ ခုနှစ် အတွင်းမှာ လူဦးရေ ဆိုင်ရာ အခြေခံ အချက်အလက် များကို ထုတ်ပြန်ပေး နိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအား အဆင့် ၄ ဆင့်ဖြင့် ဆောင်ရွက် သွားမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်