မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ရခိုင် ပြည်သူတွေ အတွက် အလှူခံ ဂီတ ဖျော်ဖြေမှု

 

ပြီးခဲ့တဲ့ မေလက ဖြစ်ပွားခဲ့တဲ့ ရခိုင် ပြည်နယ်အတွင်း အကြမ်း ဖက်မှုတွေကြောင့်
 ဘေးဒုက္ခ ကြုံခဲ့ရတဲ့ ရခိုင်ပြည်သူတွေ အတွက် ထောက်ပံ့သွားနိုင်ဖို့ လွတ်လပ်
 ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့က ဇူလိုင်လ ၁၅ ရက်နေ့က သူတို့ရဲ့ဂီတနဲ့ ဖျော်ဖြေပြီး
အလှူခံ ခဲ့ကြပါတယ်။ ရန်ကုန်မြို့ရှိရန်ကင်း စင်တာမှာ ပြုလုပ်သော ဒီဂီတ ဖျော်ဖြေပွဲမှာ မဇ္ဇျိမလှိုင်း တေးဂီတ အဖွဲ့မှ ကိုရဲလွင် ဦးဆောင် ဖွဲ့စည်းထားတဲ့ လွတ်လပ် ငြိမ်းချမ်း
ပန်းရဲ့လမ်း လူမှုကွန်ယက် အဖွဲ့နဲ့အတူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့
အဆိုတော် သျှီတို့ကလည်း ပါဝင်ကူညီ သီဆို ခဲ့ကြပါတယ် ။ ဒီပွဲမှာ ၈၈ မျိုးဆက်ကျောင်းသား
 ခေါင်းဆောင် ကိုမင်းကိုနိုင်က သူကိုယ်တိုင် ရေးစပ်ထားတဲ့ နှင်းဆီနီ ဥဒါန်း ကဗျာကို ရွတ်ဆို
ခဲ့ပါတယ်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်