ရခိုင်ပြည်နယ်စစ်တွေမြို့ မြို့မဈေးကိုယနေ့နံနက် ၉နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာဈေးလုံခြုံရေး အတွက် ဈေးဝယ်ယူ ခွင့်ကဒ်နှင့် ဈေးရောင်းချခွင့်ကဒ်ကို ဈေးသို့လာသူများအား ဈေးကော်မတီမှ ၅၀၀ ကျပ်နဲ့ရောင်း
ချနေပါပြီ အဆိုပါကဒ်ဖြင့်သာ မြို့မဈေးသို့ ဝင်ရမည်ဖြစ်သည်။
ဈေးဝယ်ယူသူများအနေဖြင့် ဈေးအဝင်တွင် ဈေးကြီးကြပ်ရေးကော်မတီထံမှ ဈေးဝယ်ယူခွင့်ကဒ်ကို ထုတ်ယူ ရပြီး ဈေးတွင်းသို့ ဝင်ရမည်ဖြစ်ရာ ဈေးရောင်းသူအနေဖြင့်လည်း ဈေးရောင်းချခွင့်ကဒ်ကို ချိတ်ဆွဲထားရမည် ဖြစ်ကြောင်း ဈေးကြီးကြပ်ရေးကော်မတီက သိရသည်။ထို့အပြင် ဘင်္ဂလီများကို မြို့မဈေးသို့ ဝင်ခွင့်မပြုတော့သလို ဈေးရောင်းချခွင့်မပြူတော့ကြောင်း ဈေး ကော်မတီထံက သိရသည်။
ထို့အပြင် ဈေးတွင်းအလုပ်သမားများအတွက်လည်း ဈေးလုပ်သားကဒ် ထုတ်ပေးထားကြောင်းသိရသည်။
“အဆန်းလိုဖြစ်နေတာပေါ့နော်၊ ဝန်ထမ်းကဒ်ကိုဆွဲထားသလိုမျိုး၊ကောင်းပါတယ် ၊လုံခြုံရေးအရပေါ့”ဟု ဈေးဝယ်လာသူ တစ်ဦးကပြောသည်။ အဆိုပါ ကဒ်များကို ယနေ့နံနက်တွင်စတင် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်