မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ရန်ကုန်နှင့် ကျောက်ဖြူ မြို့များတွင် မိုးလေ၀သ ရေဒါ စက်နှစ်လုံး တပ်ဆင်ပေးမည်


ဂျပန် အစိုးရ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Jiac-Japan international co-operation Agency မှ ရန်ကုန်မြို့နဲ့ ကျောက်ဖြူမြို့ တို့မှာ မုန်တိုင်း ဖြစ်ပေါ်မှုကိုအဓိက ဖမ်းယူ နိုင်မယ့် မိုးလေ၀သ
 ရေဒါစက် ၂ လုံးကို တပ်ဆင် သွားဖို့ ရှိတယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိမှာ
 အဆိုပါ စက်တပ်ဆင်ဖို့ အတွက် လိုအပ်တဲ့ စစ်တမ်း ကောက်ယူမှုများနဲ့ ဆွေးနွေးမှုတွေ
 ပြုလုပ်နေ ပါတယ်။
 အဲ့ဒီ စက်တွေကို ဂျပန် အစိုးရမှ အခမဲ့ တပ်ဆင်ပေး သွားမှာ ဖြစ်ပါတယ်။ အဆိုပါ မိုးလေ၀သ ရေဒါစက် တွေဟာ မုန်တိုင်း ဖြစ်ပေါ်မှုကို အဓိက ဖမ်းယူနိုင်မှာ ဖြစ်ပြီး ရန်ကုန်မြို့နဲ့ ကျောက်ဖြူမြို့ အတွင်း တပ်ဆင်ဖို့စီစဉ်ထား ရာမှာ တပ်ဆင်ရမယ့် နေရာကို
 အတိအကျ မသတ်မှတ်ရ သေးဘူးလို့ သိရပါတယ်။
 ဒီလို ရန်ကုန်နဲ့ ကျောက်ဖြူမြို့ တို့မှာ တပ်ဆင်ပြီး ရင်တော့ မန္တလေးတိုင်း ဒေသကြီးမှာပါ ဆက်လက် တပ်ဆင်သွားဖို့ လျာထား ပါတယ်။ အခုလို ဆောင်ရွက်မှု အတွက် ဂျပန်အစိုးရမှ ကူညီရာမှာ မိုးလေ၀သ ရေဒါ တပ်ဆင်ဖို့သာ ဆောင်ရွက်ပေး မှာဖြစ်ပြီး အဆိုပါ မိုးလေ၀သ ရေဒါနဲ့ သက်ဆိုင်တဲ့ အဆောက်အဦး တည်ဆောက်မှု ကိုတော့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဆောက်လုပ် ပေးရမှာ ဖြစ်တယ်လို့ မိုးလေဝသဇလဗေဒမှ သတင်းရရှိပါသည် 

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်