မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

မြန်မာပြည်တွင် ရိုဟင်ဂျာများလက်ခံရန် မဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

 


ဝမ်းသာစရာကောင်းတဲ့ သတင်း တစ်ပုဒ်ပါလား............
တိုင်းရင်းသားမဟုတ်ပဲ ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်ခံရန်မည်သို့မျှမဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား ဇူလိုင်လ(၁၁)ရက်နေ့က နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခမ်းမဆောင်တွင် ပြောကြားခဲ့ သည်။
 
နိုင်ငံတော်သမ္မတအနေဖြင့် နောက်ဆုံးဖြေရှင်းသည့်နည်းလမ်းမှာ ခိုးဝင်လာသည့်ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ်ထားရှိရန်ဖြစ်ကြောင်း၊ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး) က ကျွေးမွေး   စောင့်ရှောက်ပေးရန်ဖြစ်ကြောင်းနှင့်တတိယနိုင်ငံက လက်ခံမည်ဆိုပါကပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း
ပြည်ထောင်စုသမ္မတနိုင်ငံတော်သမ္မတရုံး ၀က်ဆိုဒ်တွင် ဖော်ပြပါရှိသည်။

 
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်းရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ သမ္မတကြီး၏ ပြောကြားမှုအပေါ်တွင်ထောက်ခံခဲ့သည်။
 
“နိုင်ငံခြားသားကို နိုင်ငံခြားသား၊ ကျူးကျော်သူကို ကျူးကျော်သူလို့မြင်ရင်ကောင်းတာပေါ့။ တို့တိုင်းရင်းသားတွေပဲ ဒီနိုင်ငံကို ထူထောင်နေကြတာဒီတိုင်းရင်းသားတွေကို အနှောင့်အယှက်ပေးမယ်ဆိုရင် ဘယ်သူက လက်ခံနိုင်ကြမှာတုန်း”ဟု ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဦးဘရှိန်ကပြောသည်။
  သမိုင်းကြောင်းအရ မြန်မာနိုင်ငံသို့ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ  (၁၉၄၈)ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန်ခေါ်သွင်းလာခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင်အလုပ်အကိုင်ကောင်းမွန်သောကြောင့် မပြန်ကြ တော့ပဲ
အခြေချနေထိုင်သူများရှိကြောင်းကိုလည်း သမ္မတကြီးက ဆက်လက်ပြောကြားခဲ့သည်။
  သို့သော် မိမိတို့နိုင်ငံ၏ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီမြန်မာနိုင်ငံသို့ ရောက်ရှိ သူမိဘနှစ်ပါးက မွေးဖွားသူ တတိယ
မျိုးဆက်(Third Generation)မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသောဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ် ကို လေ့လာကြည့်ပါက (၁၉၄၈) မတိုင်မီင်္ဘါလီများမှ ပေါက်ဖွားလာသူများ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍
ခိုးဝင်လာ ကြသူများ စသည့်ဖြင့် ရှုပ်ထွေးလျက်ရှိပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက် လာကြောင်း နိုင်ငံတော်
သမ္မတအနေဖြင့် ထိုကိစ္စကို အလေးအနက်ထား၍ စဉ်းစားလျက်ရှိကြောင်းကိုလည်းသိရှိရသည်။
  အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍လူဝန်မှုကြီးကြပ်ရေးဥပဒေအတိုင်းဆောင်ရွက်သင့်ကြောင်း(၈၈)မျိုးဆက်ကျောင်း သားခေါင်းဆောင်တစ်ဦးက သုံးသပ်ခဲ့သည်။
  “ဒါကတော့ဗျာ လူဝင်မှုကြီးကြပ်ရေးဥပဒေရှိပြီးသားပဲလေ ဟုတ်တယ်မလား။ အဲတော့အဲဒီဥပဒေအတိုင်း ရှိရမှာပဲလေ။ ဒီနေရာမှာတော့ သမ္မတကြီးမှန်တယ်တို့မှားတယ်တို့ အဲလိုပြောနေမယ့်အစား ဒီလူဝင်မှုကြီးကြပ်ရေးဥပဒေပရပဲ ပြဿနာကို
ဖြေရှင်းသင့်တယ်လို့မြင်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးက ပြောသည်။
 

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်