မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

့ ကုလမှ ရိုဟင်ဂျာကုလားများဖက်ကနေရပ်တည်ပေးနေ


မြန်မာနိုင်ငံက ​ရိုဟင်ဂျာ ​မူစလင်တွေဟာ ​မြန်မာပြည်တွင်း ​ရွာပုံးရွာရှောင် ​IDPs ​တွေလို့ ​အမေရိကန် ​နိုင်ငံက ​ယူဆတဲ့အကြောင်း ​အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  ​Hilary ​Clinton ​က  ​သမ္မတ ​ဦးသိန်းစိန်နဲ့  ​Cambodia ​နိုင်ငံ ​Siem ​Reap ​မြို့ ​မှာ ​တွေ့ဆုံခဲ့တုန်းက ​ပြောခဲ့ပါတယ်။
 စိုးရိမ်စရာကောင်းတယ်လို့ ​ပြောသွားတယ်လို့ ​ဆိုပါတယ်။
ကုလသမဂ္ဂ ​ဒုက္ခသည်များဆိုင်ရာဌါနကပြောခွင့်ရပုဂ္ဂိုလ်  ​Fleming ​က  ​နိုင်ငံသားအဖြစ်ခံခွင့်ရှိတဲ့ ​ရိုဟင်ဂျာမူစလင်တွေကို ​နိုင်ငံသား ​ပေးသင့်တဲ့အကြောင်း၊ ​နိုင်ငံသား ​ခံခွင့် ​မရနိုင်သူတွေကို ​သာမန်လူတွေလို ​အသက်ရှင်နေထိုင်ဖွံ့ဖြိုးဖို့ ​အခွင့်အရေးပေးသင့်တယ်လို့ ​ပြောပါတယ်။
ကုလသမဂ္ဂ ​ဒုက္ခသည်များဆိုင်ရာ ​မဟာမင်းကြီး ​Antonio ​Guterres ​ကမြန်မာနိုင်ငံမှာ ​ရိုဟင်ဂျာ ​မူစလင်တွေက ​အခြေခံ ​ရပိုင်ခွင့်တွေ၊ ​နိုင်ငံသား ​ခံယူခွင့်တွေ ​မရှိတဲ့အကြောင်း၊ ​ကမ္ဘာပေါ်မှာလဲ ​အနှိမ်ခံ ​အပယ်ခံရဆုံးလူမျိုးစု ​ဖြစ်တဲ့အကြောင်း ​ပြောခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်က ​ကုလသမဂ္ဂ ​ဒုက္ခသည်ဆိုင်ရာ ​ကိုယ်စားလှယ်နဲ့ ​မြန်မာနိုင်ငံမှာ ​တွေ့ဆုံစဉ်က  ​ရိုဟင်ဂျာလူမျိုးတွေကို ​တတိယ ​တနိုင်ငံကို ​ပို့ဖို့ ​နဲ့ ​ကုလသမဂ္ဂ ​ကနေ ​တာဝန်ယူဖို့ပြောဆို ​ခဲ့တာကို ​ကုလသမဂ္ဂက ​လက်မခံခဲ့ပါဘူး။
ရခိုင်ပြည်မှာ ​ကုလသမဂ္ဂအဖွဲ့ ​အစည်း၊ ​ကမ္ဘာ့စားနပ်ရိက္ခါ ​အစီအစဉ်နဲ့ ​နယ်ခြားမဲ့ ​ဆရာဝန်များ ​အဖွဲ့ ​က ​ဝန်ထမ်း ​၁၀ ​ယောက်လောက်ကို ​မြန်မာအာဏာပိုင်က ​ဖမ်းဆီးထိန်းသိမ်းထားတဲ့ ​ကိစ္စ ​နဲ့ပတ်သက်ပြီး ​ဘာကြောင့်အဖမ်းခံရတယ်ဆိုတာကို ​ဖြေရှင်းချက်ပေးဖို့ကုလသမဂ္ဂက ​မြန်မာအစိုးရကို ​တောင်းဆို
ထားတယ်လို့လဲ ​သိရပါတယ်။
radio australia ABC သတင်းဌာန
မူရင်း
 http://www.radioaustralia.net.au/burmese/2012-07-18/982014

အခုလိုကုလရဲ့အမြင်မှားမူတွေ ပြင်ပနှိင်ငံက ဝေဖန်လာအောင်လုပ်နေတဲ့ မြန်မာမီဒီယာတွေအနေနဲ့
 မြန်မာနှိင်ငံအရေးကိုစိတ်ဝင်စားလို့ မြန်မာနှိင်ငံအတွက်တစ်ဖက်တလှမ်းကဒီမိုကရေစီကို လျောက်
လှမ်းနေကြတာမှန်ရင် မြန်မာမီဒီယာ သတင်းဌာနများအနေဖြင့် မြန်မာအစိုးရကို တိုက်ခိုက်ခြင်းသည်
မသက်ဆိုင်သော တိုင်းရင်းသားအရေးကို ဝင်ရောက်ထိ့ပါးလာနေပါသည် ဒါကြောင်းမီဒီယာများအနေ
ဖြင့် မိမိ နှိင်ငံကို ချစ်မြတ်နိုးတယ်ဆိုရင် တိုင်းရင်းသားများအပါအဝင် အခုလို မီဒီယာအစိုးရကိုတိုက်
ခိုက်ခြင်းတွေမှာ တိုင်းရင်းသားတွေ အတွက် အကာအကွယ်ပေးတဲ့ တိုက်ခိုက်မူမျိုးပဲဖြစ်သင့်ပါတယ်

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်