မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

လုံခြုံရေး စီစဉ်ပေးရန် စစ်တွေ GTC ကျောင်းသားများ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံစာပို့


 
ရန်ကုန်၊ ၁၉ ဇူလိုင်-- အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေး စီစဉ်ဆောင်ရွက်ပေးပါရန် GTC ကျောင်းသားများက ပြည်နယ်ဝန်ကြီးချုပ်ထံ ပန်ကြားစာတစ်စောင် ပေးပို့ခဲ့ကြောင်းသိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ က ဘင်္ဂါလီ မူဆလင်များ၏ တိုက်ခိုက်ခံရမှုပြီးနောက် လုံခြုံရေးကို စိုးရိမ်ရသောကြောင့် ကျောင်းသားများ ကျောင်းမတက်နိုင် ဘဲရှိနေရာ ပန်ကြားစာကို ယမန်နေ့ညနေ ၃ နာရီခန့်တွင် ပြည်နယ် ၀န်ကြီးချုပ်ရုံးသို့ သွားရောက်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

”ကျောင်းသား၊ ကျောင်းသူ ၂၀ ယောက်လောက် ၀န်ကြီးချုပ်ရုံးကိုသွားတဲ့ အခါ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး အပါအ၀င် အရာ ရှိကြီးတွေက လက်ခံတွေ့ဆုံပါတယ်။ ကျွန်တော်တို့က စာကိုပေးပြီး အဖြစ်အပျက် အသေးစိတ်ကို ပြောပြပါတယ်။ ၀န်ကြီးက တန င်္လာနေ့ ကျောင်းတက်တဲ့ အခါ ကျောင်းကား စီစဉ်ပေးမယ် လို့ပြောပါတယ်။ ကျွန်တော်တို့ကတော့ လုံခြုံရေးမပေးရင် ကျောင်း မတက်နိုင်ဘူး လို့ပြောခဲ့ပါတယ်။” ဟု ပထမနှစ် MP ကျောင်းသား တစ်ယောက်ပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ထောက်ပို့တပ်မှ အရပ် ၀တ် ၀တ်ထားသည့် တပ်မတော်သား သုံးဦးကို ခတင်ပိုင် ရွာမှ ဘင်္ဂါလီမူဆ လင်များက ၀ိုင်းဝန်းရိုက်နှက်ခဲ့ပြီး ၎င်းတို့စီးနင်းလာသည့် သုံးဘီး ဆိုက်ကယ်ကိုလည်း ၀ိုင်းဝန်းဖျက်ဆီးခဲ့ကြသည်။ ထို့နောက် ကျောင်း ဆင်းလာသည့် ကျောင်းသူ/ကျောင်းသားများ စီးနင်းလာသော သုံးဘီးဆိုက်ကယ်ကို တားဆီးကာ ခဲဖြင့်ပစ်ပေါက်ခဲ့ကြသည်။

“အဲဒီဘက်မှာ လုံခြုံရေးတပ်ရင်း နှစ်ရင်း ချထားတယ်။ စိုးရိမ်စရာမရှိဘူး ဆိုလို့ ကျွန်မရဲ့သားကို ကျောင်းတက်ခိုင်းခဲ့တာပါ။ ဒီအတိုင်းဆို ကျွန်မ သူ့ကို ကျောင်းမတက်ခိုင်းတော့ဘူး” ဟု သားဖြစ်သူ ကျောင်းသားအတွက် စိုးရိမ်ပူပန်နေသည့် မိခင် ဒေါ်အေးအေးလှက ပြောသည်။

စစ်တွေ GTC ကျောင်းမှာ မြို့မှ သုံးမိုင်ခန့်ကွာဝေးပြီး လမ်းတလျှောက်တွင် ဘင်္ဂါလီကုလားရွာများသာရှိသည်။
ခိုင်လင်း 

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်