မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း တရားမ၀င် ရောက်ရှိနေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို
ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က တာဝန်ယူ ဆောင်ရွက်ပေးဖို့ သမ္မတ
ဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး Mr. Antonio
Guterres က ပယ်ချလိုက်ပါတယ်။
၂၀၁၂ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့ ညနေ ၅နာရီဝန်းကျင်တွင် ရန်ကုန်မြို့ရှိဆီဒိုးနားဟိုတယ်
ဒုတိယထပ်၌ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Gutereesသည် ထိုင်းအစိုးရနှင့် တွေ့ဆုံပြီးနယ်စပ်ရှိမြန်မာဒုက္ခသည်များ ပြည်တွင်းသို့ ပြန်လည်ရောက်
ရှိရေးကိုဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"UNHCRကဒုက္ခသည်တွေကို ပြန်လည်နေရာချထားရာမှာ နှိမ့်ချခွဲခြားမှုမရှိပဲလူမှုအသိုင်းအ၀ိုင်း
နှစ်ခုစလုံးကို လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးအပ်သွားမှာ ဖြစ်ပါတယ်"
ဟု Mr. Antonio Guterres က ပြောကြားခဲ့သည်။၎င်းက ပဋိပက္ခဖြစ်ပွားခဲ့သော လူမျိုးနှစ်မျိုးအကြား
UNHCRကခွဲခြားမှုမရှိဘဲကူညီပေးသွားမည်ဖြစ်ပြီးဤကြိုးပမ်းမှုကြောင့်လူမျိုးနှစ်မျိုးအကြား ပြန်
လည်ရင်ကြားစေ့ရေးကို အထောက်အကူ ဖြစ်စေမည်ဟု ယူဆကြောင်း၊ နှစ်ဦးနှစ်ဘက် တရားဥပေ
ဒကိုလိုက်နာပြီးသင့်မြတ်စွာအတူတကွပူးတွဲနေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းစာနယ်ဇင်းရှင်း
လင်းပွဲ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
လက်ရှိအချိန်တွင် ရခိုင်အရေးကိစ္စနှင့် ပတ်သတ်၍ UNHCR မှ ၀န်ထမ်း ၃ ဦး၊ WFP မှ ၀န်ထမ်း
၂ ဦးနှင့် အခြားလုပ်ဖော်ကိုင်ဖက် အန်ဂျီအိုများမှ ဝန်ထမ်းအချို့၊ စုစုပေါင်း ၁၀ ဦးခန့်ကို အစိုးရမှ ထိန်းသိမ်းထားသည်ဟု UNHCR မှ မြန်မာပြည် ဌာနေကိုယ်စားလှယ်က ပြောကြားခဲ့သည်။
"တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့ အဆိုကို ကျွန်တော်နားလည်ပါတယ်။ UN ၀န်ထမ်းတွေအနေနဲ့လည်း တရားဥပဒေအတိုင်း လိုက်နာကျင့်သုံးရမယ် ဆိုတာလည်း နားလည်
ထားပါတယ်။ ထိန်းသိမ်းခံထားရတဲ့ သူတွေကိုလည်း တွေ့ဖို့ခွင့်တောင်းထားတာ ရှိပါတယ်"
ဟု Mr. Antonio Guterres ကပြောသည်။
၎င်းသည် ရိုဟင်ဂျာများကို ကုလသမဂ္ဂက မြန်မာလူမျိုးအဖြစ် သတ်မှတ်ထားခြင်းရှိ၊ မရှိ တက်ရောက်လာသော သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း
မရှိခဲ့ပေ။
“ကျွန်တော်တို့ UNHCR အနေနဲ့ဒီကပြန်ရင်ထိုင်းကိုသွားမယ်။ထိုင်းအစိုးရနဲ့ တွေ့မယ်၊ တွေ့တဲ့အခါမှာလည်း
ထိုင်းနယ်စပ်မှာ ရှိတဲ့မြန်မာဒုက္ခသည်တွေကို မြန်မာပြည်ပြန်လာဖို့ ဆွေးနွေးမှာ ဖြစ်ပါ
တယ်။” ဟုကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterees
ကပြောသည်။ထိုင်းနယ်စပ်တွင်ရှိသော မြန်မာဒုက္ခသည်များကို ပြည်တွင်းသို့လုံခြုံစွာပြန်
လည်ရောက်ရှိစေပြီး ငြိမ်းချမ်းစွာပြန်လည်နေ ထိုင်စေရန်လည်းဆန္ဒရှိကြောင်း သိရှိရသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Gutereesအနေဖြင့်လည်း
မြန်မာစိုးရနှင့် ပူးပေါင်းပြီးကချင်ပြည်နယ်ကိုပြန်လည်တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်