မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

“ရခိုင်ပြည်နယ်အတွက် သီချင်းရေးစပ်ခဲ့သူ ရခိုင်သား ဖော်ကာ(Wanted)”


 
ရခိုင်သားတေးသံရှင် ဖော်ကာက ဇွန်လ ၁ရက်နေ့မှာ ရုပ်ရှင် အစည်း အရုံး အဖွဲ့နဲ့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ကိုယ်တိုင် လိုက်ပါလှူဒါန်း ခဲ့ပါတယ်။ အခုတစ်ခေါက် စစ်တွေရောက်ချိန်မှာ စိတ်မကောင်းဖြစ်ခဲ့ရ တဲ့ဖော်ကာက ”အရင်တုန်းက မှတ်မိနေတဲ့နေရာတွေက အခု ကွင်းပြင်ကြီးဖြစ်နေတော့ အရင်နေရာတွေနဲ့ မတူတော့ ဘူး ။တော်တော်အံ့သြသွားတယ်။ကျွန်တော်တို့ ရပ်ကွက်တွေ ကတော့ အရင်အတိုင်းပါပဲ။ တခြား ရပ်ကွက် တွေမှာတော့ မီးလောင်ထား တဲ့နေရာတွေနဲ့ တကယ့်စစ်မြေပြင် ကြီးကျနေတာပဲ။ ဒုက္ခသည်စခန်းကိုးခုကို လှည့် ပြီးလှူဒါန်းခဲ့ကြတယ်။ ဒုက္ခရောက်နေတဲ့ လူတွေအများကြီးကို မြင်လိုက်ရတော့ ရင်ထဲမှာတော်တော်မကောင်း ဘူး” လို့ဖော်ကာ ကပြောပါတယ်။ဖော်ကာအနေနဲ့ဆက်လက်ပြီး ကိုယ်တတ်နိုင်သလောက် လှူဒါန်း သွားဖို့ ရှိတယ်လို့လည်းသိရပြီး အခုလိုရခိုင်ပြည်နယ် အရေး အတွက် လည်း သီချင်းတွေ ရေးထားဖြစ်တယ်လို့ သိရပါတယ်။ ”နှစ်ပုဒ်ရေးထားတယ်။ ဖြစ်ဖြစ်ချင်းမှာ တစ်ပုဒ်ရေးထားတယ်။ ပြီးတော့ နောက်ပိုင်း သတင်း တွေဆက်ဖတ်ရတော့ တစ်ပုဒ်တော့ရေးဖြစ်တယ်။ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကိုတော့ ပိုကြည့်ရမှာပဲလေ။ စာနာမှုဆိုတာထက် အဲဒီလို စာနာစိတ်လေး နဲ့လူမျိုးမပျောက်ချင်ဘူး ဆိုတဲ့ အကြောင်းလေးရေး ထားတယ်။ ကျွန်တော့်ဘဝမှာ အမြန်ဆုံးရေးတဲ့ သီချင်းပဲ။ ကျွန်တော့် အဖွဲ့တွေတောင် အံ့သြသွားတယ်။ ဂစ်တာဆွဲပြီး တစ်ထိုင် တည်းရေးလိုက်တာ ၁၂မိနစ်ေ လာက်ပဲကြာမယ်။ ‘နားလည်ပေးစေချင်ပါတယ်’ လို့တော့ အကြမ်း ပေးထားတယ်”လို့ တေးသံရှင်ဖော်ကာကပြောပါတယ်။ အဲဒီသီချင်းကိုတော့ အခွေအနေနဲ့ လုပ်ဖို့စ ဉ်းစား မထားဘဲအွန်လိုင်းမှာတော့တင်ဖြစ်လိမ့်မယ်လို့သိရပါတယ်။ဖော်ကာတို့ နဲ့သူငယ်ချင်းတွေဖြစ်တဲ့S.I.R အဖွဲ့သားတွေကလည်း ရခိုင်ပြည်နယ်အရေး အတွက် ရန်ပုံငွေတွေရှာဖွေနေကြပြီး အားလုံးပြည့်စုံ ရင်တော့ ကိုယ်တိုင်သွားရောက်လှူဒါန်းကြမှာဖြစ်ပါတယ်။ဖော်ကာတို့ Wanted အဖွဲ့ရဲ့နောက်ထပ်အခွေကိုတော့ မိုးတွင်း ကုန်လောက်မှာပဲ ထွက်ရှိလာမယ်လို့ ပြောပြခဲ့ပါတယ်။

ရဲရဲ

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်