မြန်မာနိုင်ငံမှာဖြစ်ပွါးခဲ့တဲ့ ရိုဟင်ဂျာလူမျိုးနဲ့ ရခိုင်လူမျိုးတို့ကြား အကြမ်းဖက်မှုကို အင်ဒိုနီးရှား နိုင်ငံက လျှစ်လျှူ ရှု နေမှာ မဟုတ်ဘူးလို့ ဒီအရေးအခင်းနဲ့ပတ်သက်ပြီး၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ထုတ်ဆိုခဲ့ပါတယ်။
လာမည့် သြဂုတ်လ လည်မှာ ကျင်းပမှာဖြစ်တဲ့ Saudi Arabia နိုင်ငံ Mecca မြို့တော်မှာကျင်းပမှာ ဖြစ်တဲ့ Islam ဘာသာပူပေါင်းရေးဆိုင်ရာ အထူးထိပ်သီး အစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး က တက်ရောက်မှာဖြစ်တယ်လို့ ဆို ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ၂၀၁၀ ပြည့်နှစ်က ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး Bangladesh နိုင်ငံကို အဖွဲ့တဖွဲ့ပို့ပြီး စုံစမ်းရေးတွေ ပြုလုပ်ခဲ့တယ်လို့ သိ ရ ပါတယ်။
အင်ဒိုနီးရှား နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး အယောက်ပေါင်း ၃၄၉ဦးရောက်နေပြီး၊ တချို့ ကလဲ အင်ဒိုနီး ရှား နိုင်ငံမှာ ခို လှုံခွင့်တောင်းဆိုထားပြီး၊ အဲဒီ အထဲ က ၁၂၄ယောက်ဟာ တတိယ တ နိုင်ငံမှာ အခြေချ နေ ထိုင်ခွင့်အတွက်စောင့်နေ တယ် လို့ ဆို ပါတယ်။
ကျန်တဲ့ ၁၉၉ဦးက တော့ အိုးအိမ်မဲ့သူတွေ အဖြစ် အင်ဒိုနီး ရှား နိုင်ငံတွင်း က ဒုက္ခသည်စခန်းတွေ မှာ ရောက်နေတယ်လို့ Jarkata post သတင်း စာ ထဲမှာ ဖေါ်ပြထားပါတယ်။
အင်ဒိုနီးရှားအစိုးရ ကတော့ ဒီလူတွေကို အတည်တကျ နေ ထိုင်ခွင့် ပြု ဖို့ လက်ခံ မလားဆို တဲ့မေးခွန်းကို တော့ပြန်လည်တုန့်ပြန်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ရိုဟင်ဂျာတွေကို အင်ဒိုနီးရှားက လက်ခံမလား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်