ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုအတွက် လိုအပ်သည့် ပစ္စည်းများသယ်ယူခြင်းကို ခွင့်ပြုပေးထားခဲ့ပြီး ယခုအခါ သင်္ဘောသုံးစီး ရောက်ရှိနေပြီဖြစ်ကြောင်းသိ့ရှိရသည်
၎င်းအပြင် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ပသို့ စတင်တင်ပို့မည်ဟုလည်း သတင်းရရှိပါသည်
ယခင်က စီမံကိန်းစတင် အကောင်အထည်ဖော် ရေးဆွဲရာတွင် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင်စတင်ပို့ဆောင်မည်ဟုသပ်မှတ်ထားပြီး မုတ္တမကမ်းလွန်ရှိ ဇောတိက စီမံကိန်းမှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်ပသို့ စပို့ရန်လျာထားထားကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့တင်ပို့မှု နိုင်ငံအလိုက်စာရင်း တွင် မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်၌ အဆင့် ၁၆ နေရာတွင်ရပ်တည်နေပြီး လက်ရှိတွင် ရဲတံခွန်နှင့်ရတနာ စီမံကိန်းနှစ်ခုတည်း တင်ပို့နေခြင်းဖြစ်ကြောင်း၊ အကယ်၍ လာမည့် ၂၀၁၃ ခုနှစ်တွင် ရွှေနှင့် ဇောတိကတွင်ပါ တင်ပို့နိုင်မည်ဆိုပါက မြန်မာနိုင်ငံ အနေဖြင့် ပိုက်လိုင်းဖြင့် သဘာဝဓာတ် ငွေ့တင်ပို့သည့် နိုင်ငံများထဲတွင် အဆင့် ၁၃ အထိပင် မြင့်တက်သွား နိုင်ကြောင်း တွက်ချက်ထားကြသည်။
ဒီသတင်းကတော့ ကုလားနဲ့ရခိုင်ပြည်သနာကြားထဲ့မှာ ကောင်းမွန်စွာအကောင်အထည်ဖော်နိုင်လေစွာ.....
ရခိုင်ပြည်နယ်ကျောက်ဖြူ ရှိ သဘာဝဓတ်ငွေ့ကို ဇူလိုင်လတွင်ပြည်ပြသို့ပို့ဆောင်တော့မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်