ပဋိပက္ခဖြစ်ပွားမှု တစ်လကျော်ကြာနေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် အခြေခံပညာရေး ကျောင်းပေါင်း (၃၄၉) ကျောင်းမှာ လုံခြုံရေးအရ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရှိရသည်။
စစ်တွေ၊မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊ရသေ့တောင်မြို့နယ်တို့တွင် အခြေခံပညာကျောင်း အချို့မှာ သြဂုတ်လ-၈ရက်နေ့အထိ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ အရာထမ်းတစ်ဦးက ပြောသည်။
“ တစ်ချို့ကျောင်းတွေက လုံခြုံရေးအရ မဖွင့်သေးတာပါ၊ မဖွင့်ပဲကျန်နေတာက မောင်တောမှ ၁၅၉ကျောင်း၊ ဘူးသီးတောင်မှာ ၁၄၃ ကျောင်း၊ စစ်တွေမှာ ၂၂ ကျောင်း၊ ရသေ့တောင်မှာ ၁၀ကျောင်း၊ ကျောက်တော်မှာ ၁၅ ၊ စုစုပေါင်း ၃၄၉ ကျောင်း ရှိပါတယ်”ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မောင်တောမြို့နယ်တွင် ကျောင်းပေါင်း ၁၅၉ ကျောင်းရှိရာ ယနေ့ထိ မဖွင့်နိုင်သေးကြောင်းကိုလည်း ၄င်းက ဆိုသည်။
“မောင်တောတစ်မြို့နယ်လုံးက မဖွင့်သေးပါ။ အဲဒီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမတွေကိုလည်း မိမိတို့နီးစပ် ရာကျောင်းတွေမှာ စီစဉ်ထားပါတယ်၊ နောက်တဖြည်းဖြည်းကျောင်းတွေ ဖွင့်ဖို့စီစဉ်ထားပါတယ်၊ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့က လုံခြုံရေးအဓိကပါ’’ ဟု ၄င်းက ဆက်ပြောသည်။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်