မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

UN နှင့် INGOs များ ရခိုင်ပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်း ရန်ကုန်ရောက် ရခိုင်ပြည်သူလူထူ့ဆန္ဒထုတ်ဖော်


 ရခိုင်အမျိုးသား ကွန်ရက်ဟု အမည်ပေးထားသည့် အဖွဲ့မှ ဦးစီးကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်မှု တရပ်ကို ယနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်မှ စတင်ပြုလုပ်လျှက်ရှိသည်။

တီရှပ် ၀တ်သူ အရေအတွက် ၅၀ ၀န်းကျင်နှင့် လိုက်ပါသူ ၅၀ နီးပါး စုစုပေါင်း လူ ၁၀၀ နီးပါး ပါဝ
င်သည့် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်သူများက ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်းကို ရပ်တန့်ရန်၊ သမ္မတကြီးဆုံးဖြတ်ချက်ကို လေးစားရန်နှင့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများကို ဖန်တီးခြင်းရပ်တန့်ပါ အစရှိသည့် လိုလားချက်များကို တီရှပ်များနှင့် လက်ကိုင် ပိုစတာများဖြင့် ဖေါ်ပြကာ ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်သည်။

ယနေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခြင်းကို သက်ဆိုင်ရာ ရဲစခန်းတွင် လျှောက်ထားပြီး လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း သိရှိရသည်

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်