မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ကယ်ဆယ်ရေးဆိုင်ရာ Website ကိုစတင်ကြည့်ရှုနိုင်ပြီ


ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ Website တစ်ခုကို အများပြည်သူတွေ ကြည့်ရှု နိုင်ဖို့အတွက် ဇူလိုင်လက စတင်ဖွင့်ထားပြီဖြစ်တယ်လို့
ကယ်ဆယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။ အဆိုပါ Website အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ၊ ကယ်ဆယ်ရေး ဦးစီးဌာနရဲ့လုပ်ငန်းဆောင်ရွက်ချက်များ၊ မိုးလေ၀သသတင်းများ၊ ဓာတ်ပုံမှတ်တမ်းများနဲ့ မုန်တိုင်းများတိုက်ခတ်ခြင်း ဒါမှမဟုတ် ငလျင်လှုပ်ခတ်ခြင်း၊ မီးလောင်ခြင်း စတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်လာနိုင်ချိန်နဲ့ ကျရောက်ပြီးပါက ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်သင့်တဲ့ အချက်အလက်များကိုကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါဝက်ဆိုဒ်မှာ အခြားဝန်ကြီးဌာနတွေဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနအစရှိတဲ့ ၀န်ကြီးဌာနတွေအပါအ၀င် ၀န်ကြီးဌာနပေါင်း ၁၄ ခုနဲ့လည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ အဆိုပါဝက်ဆိုဒ်ဟာ ကယ်ဆယ်ရေးဦးစီးဌာနက သီးခြားလွှင့်ထားတဲ့ ၀က်ဆိုဒ်တစ်ခုဖြစ်ပြီး အဲ့ဒီဝက်ဆိုဒ်ကို ကြည့်လိုသူတွေအနေနဲ့ www.rrdmyanmar.org ကို ၀င်ရောက်ကာ လေ့လာကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်