ဒေါ်အောင်ဆန်းစုကြည်
အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်သည် ခရီးစဉ် အတွင်း
အမေရိကန်နိုင်ငံအတွင်း ရောက်ရှိနေသော အဝေးရောက် မြန်မာနိုင်ငံသားများအား
ဟောပြောသော မိန်းခွန်းအား မိမိအနေဖြင့် များစွာသော
အကြောင်းအရာများကိုလက်ခံနိုင်သော်လည်း လက်မခံနိုင်သော
အစိတ်အပိုင်းတစ်ချိုအား ရိုသေလေးစားသောစိတ်ကို အမူထားလျှက် ပုဂ္ဂိုလ်ရေး
တိုက်ခိုက်လိုစိတ်မရှိပဲ ထောက်ပြဝေဖန်လိုက်ရခြင်းဖြစ်ပါတယ်။
အမေရိကန်နိုင်ငံအတွင်း ရောက်ရှိနေသော အဝေးရောက်မြန်မာများအား ဒေါ်စုက မေးခွန်းပြောကြားစဉ် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး လူထုကိုမေးသလိုနဲ့ ဖြေဆိုသွားတာတစ်ခုရှိတယ် (မြန်မာနိုင်ငံမှာ တိုင်းရင်းသားနဲ့ ဗမာနဲ့ တန်းတူ အခွင့်အရေး ရသလားလို့ ကျွန်မကိုမေးရင် ကျွန်မကတော မရဘူးလို့ဖြေမှာပဲ ဒါပေမယ့် အဲဒါက မြန်မာတစ်နိုင်ငံတည်းမှာမဟုတ်ဘူး တိုင်းရင်းသားဆိုတာ နိုင်ငံတိုင်းမှာ အခွင့်အရေးနည်းတယ် ဒါပေမယ့် ကျွန်မတို့က အဲဒါကိုတန်းတူဖြစ်အောင် လုပ်ရမယ်) ဒေါ်စုပြောတာ ဟုတ်သလိုလိုနဲ့ နည်းနည်း လွဲမနေဘူးလား နိုင်ငံတစ်ကာ ခေါင်းစဉ်အောက်က တိုင်းရင်းသားနဲ့ မြန်မာနိုင်ငံထဲ ရှိနေကြတဲ့ တိုင်းရင်းသားတွေကို နှိုင်းယှဉ်ပြတာလေ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံယူထားတဲ့ မြန်မာနိုင်ငံဆိုတာ Union of Myanmar လေ Republic of Myanmar မဟုတ်ဘူးလေ။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း လူမျိုးစုကြီး ရှစ်ခု ပိုင်ဆိုင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံလေ။ နယ်မြေပိုင်ဆိုင်မူကို မြန်မာမြေပုံအပေါ်အောက် ပြောကြပါစို့ ……
ကချင်ပြည် - ဗမာပဒေသရာဇ်တွေ ပိုင်ခဲ့တဲ့ မြေမဟုတ်ဘူး ကချင် ဘိုး၊ ဘီး၊ ဘီ၊ ဘင် တွေ အသက်သွေးတွေ နဲ့ ရင်းပြီးပေးဆပ်ခဲ့ရတဲ့မြေ ဗမာပဒေသရာဇ်တွေ ပိုင်ဆိုင်ခဲ့ကြောင်း အထိမ်းအမှတ်တစ်ခုနေနဲ့ စေတီတစ်ဆူတည်ခဲ့တာမရှိဘူး။
ရှမ်းပြည် - ရှမ်းလူမျိုးတွေ ပိုင်ဆိုင်တဲ့မြေ ရှမ်းပြည်ရဲ့ မေမြို့(ပြင်ဦးလွင်) ဒေသအစိတ်အပိုင်းတစ်ချို့ကို မန္တလေးတိုင်းထဲ ထည့်ယူပြီး ကချင်ပြည်ရဲ့ အစိတ်အပိုင်းတစ်ချို့ကို ရှမ်းပြည်ထဲထည့်လိုက်တယ်။
ချင်းပြည် - ချင်းတွင်းမြစ် အနောက်ဘက်ဟာ ချင်းလူမျိုးတွေပိုင်ဆိုင်တဲ့ ချင်းပြည်ပဲ ဒီနေ့ဒီအချိန်မှာ စစ်ကိုင်းတိုင်းထဲကို ရောက်နေတယ်။
ရခိုင်ပြည် - ရခိုင်ပြည်ကို ဗမာပဒေသရာဇ်တွေ ပိုင်ခဲ့တယ် ပြောမလား တကယ်ဆိုရင် ရခိုင်၊ ဗမာ အပြန်အလှန်လူသတ်မူတွေနဲ့ နှစ်ပေါင်း (၄၀) ကြာခဲ့တဲ့ အချိန်ကာလတစ်ခုပါ ဗမာပဒေသရာဇ်တွေ ရခိုင်ဒေသ ကို နယ်မြေပိုင်ဆိုင်ကြောင်းအနေနဲ့ ဒေသအေးချမ်းမူတစ်ခုကို မဖေါ်ဆောင်နိုင်ခဲ့ပါဘူး။ နောက်ဆုံး ရခိုင်တော်ဝင်မင်းမျိုးမင်းနွယ်တွေက အင်္ဂလိပ်အကူအညီနဲ့ ရခိုင်ပြည်ကို ၀င်သိမ်း၊ အင်္ဂလိပ်က ရခိုင်မင်းမျိုးမင်းနွယ်တွေလက်ထဲကို ရခိုင်ပြည်ကို ပြန်မအပ်တော ရခိုင်မင်းမျိုးမင်းနွယ်တွေက အင်္ဂလိပ်ကိုပြန်တိုက် အားမတန်တော မာန်လျှော့ဆိုသလို့နဲ့ ရခိုင်ခေါင်းဆောင်းတွေ အဆုံးသတ်သွားမှ အင်္ဂလိပ်က သူတို့အုပ်ချုပ်မူတစ်ခု အဆင်ပြေဖို့ ရခိုင်ပြည်၊ အောက်ဗမာပြည်၊ အထက်ဗမာပြည် အပါအ၀င် အားလုံးကို ခြုံပြီး ဗမာပြည်အဖြစ်သတ်မှတ်လိုက်တာပါ။
ရခိုင်ပြည်မြောက်ပိုင် ပလက်ဝ နယ် ချင်းပြည်နဲ့ ဆက်စပ်လို့မရအောင် တောင်တန်းကြီးတွေ ကာဆီးထားရင်းနဲ့ စစ်ကိုင်းတိုင်းထဲပါသွားတဲ့ ချင်းလူမျိုးတွေရဲ့နယ်မြေအတွက် ယော်ကြေးတစ်ခုအနေနဲ့ ရခိုင်တွေဆီကနေ ချင်ပြည်ထဲထည့်ထားတယ်။ ချောင်းသာ၊ မော်တင်စွန်း ရခိုင်အပိုင်ကနေ ဧရာဝတီတိုင်းထဲရောက်နေတယ်။
အောက်ဗမာပြည်ဆိုတာလည်း ဗမာပဒေသရာဇ်တွေ တစ်ချိန်လုံးမပိုင်ခဲ့ပါဘူး မွန်ပဒေသရာဇ်မင်းတွေရဲ့ ပိုင်မြေပါ။ အောက်ဗမာပြည်သားတွေဟာလည်း ဗမာလိုသာ ပြောကြပေမယ့် လုံးလုံး ဗမာလူမျိုးများ မဟုတ်ကြပါဘူး။ ဗမာ၊ မွန်၊ ကရင်၊ ရခိုင်၊ ထားဝယ် အစရှိတဲ့ လူမျိုးတွေ ရောလိုက်မှ နောက်ဆုံးဖေါ်ပြစရာ လူမျိုးများလာတော ဗမာတွေ ကြီးစိုးနေတဲ့ ခောတ်မို့လို့ ဗမာဆိုပြီး ခံယူထားကြတာပါ။ တစ်ခြားဗမာမဟုတ်တဲ့ လူမျိုးတစ်ခု ကောင်းစားနေတဲ့ ခောတ်မှာဆို ဗမာဆိုပြီးသူတို့ကိုသူတို့ခံယူကြမယ်မထင်ပါဘူး။
မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေ သုံးပုံ နှစ်ပုံကျော်ဟာ တိုင်းရင်းသား တွေရဲ့ နယ်မြေဆိုတာ ဒေါ်စုသိရင်းနဲ့ တစ်ခြားနိုင်ငံတွေမှာ မဆိုစလောက် ရှိနေတဲ့ တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို နှိုင်းယှဉ်ပြီးပြောတာကို မိမိအနေဖြင့် အထူးစိတ်မကောင်ဖြစ်မိသလို လက်လည်း မခံနိုင်ပါဘူး။ တစ်ခြား ဗမာတိုင်းရင်းသားမဟုတ်သည့် တိုင်းရင်းသားတွေလည်း လက်ခံနိုင်မယ်လို့ မထင်ပါဘူး။ တိုင်းရင်းသားခေါင်းဆောင်တွေ ပြောပြောနေတဲ့ ဒုတိယ ပင်လုံ ပြန်ခေါ်မယ်ဆိုတဲ့ ကလေးမြို့ကြေငြာစာတန်း ဆိုဒါ ဘယ်တွေ ရောက်သွားပြီတော မသိတောဘူးနော် ဒေါ်စု။ ဒါပေမယ့် အဲဒီဟောပြောပွဲတုန်းက ပြန်မမေးလိုက်ကြတာ လူတစ်ယောက်ကို ကြည်ညိုချင်စိတ် လွန်ကဲနေတော အမှန်အမှားကို မချင့်ချိန်နိုင်ပဲ ကြည့်ညိုစိတ်ကြောင်းမေ့ကုန်ကြတယ် ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒေါ်စုက နောက်ခေါင်းဆောင်တစ်ယောက် ပေါ်မလာမချင်း လူထုရဲ့ခေါင်းဆောင်အဖြစ် ရှိနေအုံးမှာပါ။ ဒေါ်စုရဲ့ လုပ်ဆောင်ချက်များစုကိုလည်း မိမိအနေဖြင့် လေးစားလျှက်ပါ။
အောင်မျိုးသူ(မလေးရှား)

0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်