မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဒေါက်တာအေးမောင်ဘာပြောလဲ


 
 နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် လက်ရှိ ရခိုင်ပြည်တွင် ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် ဝေဖန်နိုင်ခွင့် ရှိသော်လည်း ၀င်ရောက်စွက်ဖွက်ခွင့်မရှိကြောင်း ကုလသမဂ ဒုက္ခသည်များဆိုရာ မဟာမင်းကြီး၏ တာဝန်၇ှိသူ တဦးဖြစ်သူ အေဒီယံအက်ဒ၀ပ်၏ ရခိုင်ပြည် အပေါ် သုံးသပ်ချက်နှင့်ပတ်သက်ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမေ

ာင် က ပြောဆိုလိုက်သည်။

သူတို့က ဝေဖန်ခွင့်ရှိတယ်။ စွက်ဖက်ခွင့်မရှိဆိုတာက ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ဖို့ပဲ။
ဘာလုပ်ပါ၊ ညာလုပ်ပါ ဆိုပြီး ကျွန်တော်တို့ကို ညွှန်ကြားခွင့်မရှိဘူး။ တည်ငြိမ်အေးချမ်းအောင် နိုင်ငံတခု ရဲ့ ဘောင်ထဲက အစိုးရကတော့ လုပ်ရမှာပေါ့။ နိုင်ငံတကာ အဖွဲ့အစည်းအပါအ၀င် ပြည်ပအဖွဲ့အစည်းတွေက ချိတ်ဆက်ပြီးတော့ အစိုးရလုပ်ငန်းပျက်အောင် အလုပ်ဖို့ပဲ။ အဲဒါကြောင့် UNHCR နှင့် တခြား INGO အဖွဲ့အစည်းတွေရဲ့ အမြင်ဟာ အဲဒီဒေသမှာရှိတဲ့ ရခိုင်လူထုအပေါ် မရှင်းလင်းဘူးဗျ။ အမြင် မရှင်းဘူး"ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ဒေါက်တာအေးမောင်က ရခိုင်ပြည် အရေးဟာ ပြည်တွင်းရေး ပြသနာ ဖြစ်ကြောင်း နိုင်ငံတကာ ထိပုံကြီးချဲ့ ဖော်ပြနေသော ပြည်ပမီဒီယာများ ကိုလည်း အလွန်စိတ်ပျက်မိကြောင်း ပြောဆိုသည်။

ဒုက္ခသည်အရေအတွက် တိုးလာတာနှင့်ပတ်သက်ပြီး လည်း" ဒုက္ခသည်အရေအတွက်နှင့်ပတ်သက်ပြီးလည်း ဒုက္ခသည်အရေအတွက် တိုးလာတာ မတတ်နိုင်ဘူးလေ။ ပဋိပက္ခက ထပ်ဖြစ်တာကိုး။ ပဋိပက္ခ ထပ်မဖြစ်အောင် ထိန်းသိမ်းကာကွယ်ဖို့လိုတယ်။ အဲဒီလို မဖြစ်အောင် အဓိက တာဝန်ရှိသူက အုပ်ချုပ်တဲ့အဖွဲ့အစည်းပဲ။ လိုအပ်ရင် လိုအပ်သလို လုံခြုံမှု ၇ှိအောင် လုံခြုံရေး တွေ ထပ်တိုးချရမှာပဲ။

ကုလသမဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအ၀င် အခြားသော INGOမှ ၀န်ထမ်းများကို ရခိုင်ပြည် ပဋိပက္ခတွင် ပါဝင်ကြောင်း တွေ့ရှရသဖြင့် ထောင်ဒဏ်အပြစ်ပေးပြီးနောက် နိုင်ငံတော်သမ္မတက လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်