မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ကျောက်တော်မြို့တွင် ရဲကငွေတောင်းခံလာခြင်းကို ဒေသခံများလက်မခံ

RSV  မှကူးယူဖော်ပြသည်  ကျာက်တော်မြို့နယ်၊ ဂုတ်ပီထောင့်ကျေးရွာမှ ရွာသားတစ်ချို့အား ငွေမပေးလျင် စာရင်းထဲထည့်လိုက် မည်ဟုဆိုကာ ဒုရဲအုပ်လှဝင်း က ကြိုတင်အကြောင်းကြားခဲ့ပြီးနောက

် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သရက်တစ် ပင်ရဲကင်းမှ ဒုရဲအုပ်ကျော်သူ၊ ကျောက်တော်ရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းအောင်၊နှင့်အပေါက်ဝရဲစခန်းမှ ရဲတပ်သား ကျော်ဇံလှိုင်နှင့် ဦးစောလှ တို့ သည် ဂုတ်ပီတောင့်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာသားတစ်ချို့ထံမှ ငွေ ၂ သိန်းခွဲ စီပေးဆောင်ရမည်ဟုပြောဆိုခဲ့သည်။ မပေးလျင် ကုလားများ၏နေအိမ်ကို မီးရှို့သည်ဟု စာရင်းသွင်းကာ ဖမ်းဆီးမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ရွာသားများနှင့်ဒေသခံများ လက်မခံခဲ့ကြောင်းသိရသည်။ ယင်းသို့လာရောက် မတောင်းမည် ဒုရဲအုပ် လှဝင်း က ကြိုတင်အကြောင်းအကြားခဲ့ကြောင်းနှင့် ငွေများကိုရှာဖွေစုဆောင်းထားရန်ကြို ပြောခဲ့ကြောင်းလည်းသိရသည်။
ငွေအတောင်းခံရသူများမှာ ဦးမောင်သိန်း၊ ဦးအောင်အေးသိန်း၊ ဦးစောအောင်၊ ဦးဝေကျော်ဦး၊ ဦးဘိုသိန်းဝင်း၊ ဦးဘိုးသိန်းထွန်းနှင့် ဦးသန်းဖေညွန့် တို့ဖြစ်သည်ဟုသိရသည်။ ကျောက်တော်မြို့နယ်အတွင်းထိုသို့သော လုပ်ရပ် များစွာကို လုပ်ကိုင်နေကြပြီး ငွေမပေးလျင် မီးရှို့သည်ဟု စာရင်းသွင်းလိုက်မည်ဆိုကာ ခြိမ်းခြောက်ခံနေရသော ကျေးရွာသား ရာနှင့်ချီပြီး ရှိနေကြောင်းလည်း ကျောက်တော်မြို့နယ်ရဲကင်းစခန်းမှ အမည်မဖော်လိုသူ တစ်ဦးက ပြန်လည်ပြောကြားခဲ့ပြီး ထိုသူတို့၏လုပ်ရပ်သည် မမှန်ကန်သဖြင့် ထိုသို့ ဖွင့်ချရခြင်းဖြစ်သည်ဟုလည်းဆိုသည်။
ထိုသို့လုပ်ရပ်များအား ရပ်တန့်ပေးကြပါရန်နှင့်အထက်လူကြီးများသိရှိရန် တင်ပြခြင်းဖြစ်ပါသည်။ ကူညီပါရစေဟု ရေးသားထားသော ဆိုင်းဘိုးအား အလွဲသုံးစားမပြုကြပါရန် အကြံပြုတင်ပြအပ်ပါသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်