မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ဖုန်း ကိုင်ရန်သာ ဖုန်းပြောရန်မဟုတ် MPT



 ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်ရှိ MPT ဌာနမှ GSM ဆဲလ်ကဒ် လစဉ်ပုံမှန်ချပေးလျှက်ရှိသည်မှာ မြို့သူ/သား
များအတွက် ဝမ်းသာအားရသောသတင်းတစ်ရပ်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်မင်းပြားမြိုနယ်ရှိ GSM ဆဲလ်ကဒ်မှာ လစဉ်မဲနှိက်ပေးပါသဖြင့် မင်းပြားမြို့ပေါ်တွင် ဖုန်းအလုံးရည်
၁၀၀၀၀ သောင်းအထက်ဝန်းကျင်ရှိလောက်သည်ဟုယူဆရပါသည်။ သို့ရာတွင် MPT ဌာနမှာ မြို့ပေါ်အနောက်
ဘက်တောင်ပေါ်တွင် GSM တိုင်ထူထားသည်ကိုတွေ့ရှိရပါသည် ၄င်း GSM တိုင်မှ ဖုန်းအလုံးရည် ၅၀၀ ပြောဆို
နှိင်ကြောင်းလည်းသိရပါသည်။ ယခုကဲ့သော ဖုန်းအလုံး ၅၀၀ အတွက်သာ ချပေးထားသော မင်းပြားမြို့တွင်
GSM ဖုန်းအလုံး ၁၀၀၀၀ အထက် ကို မည်ကဲ့သို့ပြောဆိုနှိင်မည်ကို အထက်ပါ MPT ဌာနဆိုင်ရာ အကြီးအကဲ့
များအနေဖြင့် ကျွန်တော်တို့ထက်ပိုပြီးသိလောက်ပါသည်။ ယခုလက်ရှိ မင်းပြားမြိုပေါ်တွင် ဖုန်းကိုလူတိုင်းဟာ
ဖုန်းပြောရန် မဟုတ်ပဲ ၄င်းဖုန်းမှာ အလှပြကိုင်ရန်သာဖြစ်နေသည်ကို လက်တွေ့ကျကျမြင်နေရပါသည် Internet Connection မှာလည်း နေလည်တွင်ဖွင့်၍မရ အာရုံတက်ချိန် ည 1:00 AM မှ 6:00AM ခန့်သာ
သုံးနေကြရပါသည်။ ဖုန်းခေါ်ဆိုရာတွင်လည်း ဖုန်းနှစ်လုံး တစ်ပြိုင်နက်တဲ့ ချထားပြီမဲ့ လူကြီးမင်းနဲ့ သွားတိုး
နေပါသည် ယခုကဲ့သော အခက်အခဲ့များရှိနေပါသဖြင့် ဘာသာရေး၊ ကျမ်းမာရေး၊ လူမူရေး ၊ စီးပွားရေးအရ
ဆက်သွယ်မူ့ အတွက်များစွာအခက်ခဲ့ရှိနေပါသဖြင့် အထက်လူကြီးများအနေဖြင့် ဆက်သွယ်မူ့ဧရိယာပြင်ပ
တွင် မင်းပြားမြိုနစ်မြုတ်နေသည်ကို သတိထားပြီး အလေးထားအမြန်နူနူ်းဖြင့်ဆောင်းရွက်ပေးဖို့ မင်းပြားမြို့သူ
/သားများ ကိုယ်စား မဒီယာများမှ တစ်ဆင့်သိသာစေရန် တင်ပြရခြင်းဖြစ်ပါသည်။

ယခုသတင်းအား တစ်ဦးတစ်ယောက်က တင်သော သတင်းမှန်ပါသော်လည်း မင်းပြားမြို့တွင်မည်သူတစ်ဦး
တစ်ယောက်ကမှ ကန့်ကွက်မဲလ်းရှိမည်မဟုတ်၊ လူတိုင်းလက်ခံသော ဖြစ်ရပ်မှန်သတင်းဖြစ် တင်ပြရခြင်းဖြစ်
ပါသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်