သို့
အယ်ဒီတာ
နိရဉ္စရာ သတင်းဌာန
(၃၀-၇-၂၀၁၁) ပုဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ အကြောင်းကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံး သိရှိအောင် ပြောပြချင်ပါတယ်။သူ့နာမည်က ဦးစောထွန်းဦးပါ။ သူကမြို့နယ်အုပ်ချုပ်ရေးမှူးပါရခိုင်နာမညာပေးထားပေမယ့် ဗမာအမျိုးသား စစ်စစ် ဖြစ်ပါတယ်။ သူဟာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ရွှေးချယ် ခန့်အပ်တဲ့ အခါ အိမ်ခြေ နှစ်ရာ အထက်ရှိတဲ့ရွာ မှာ ဆိုရင် ကျပ် (၇)သိန်း ပေးရင် ခန့် ပါတယ်။ အိမ်ခြေ တစ်ရာ အထက်ရွာဆိုရင် ကျပ် (၅)သိန်း၊ အိမ်ခြေ တစ်ရာအောက် ရွာဆိုရင် (၃)သိန်း။ အဲဒီလိုခွဲခြား သတ်မှတ်ထားပြီး လာဒ်ငွေယူကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ် ပါတယ်။ ငွေမပေးနိုင်တဲ့သူတွေကို ရွာသားတွေ သဘောတူတူ မတူတူ လုံးဝ မခန့်ပါ။ လေဘေး ကာကွယ်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုဏားကျွန်းမြို့နယ် အတွက် မေလတုန်းက ဖုန်း(၂၀)လုံး ချပေးတာ သူ့မိန်းမ နာမည်နဲ့ ဖုံးတွေကို အပိုင် ယူသွားပါတယ်။ သူ့အိမ်မှာ ဖုန်းမရှိတဲ့ လူမရှိပါဘူး။ လူတိုင်း ဖုံးကိုင်ထားပါတယ်။ မေလတုန်းကလည်း ရခိုင် လွှတ်တော် အမတ်တွေရဲ့ အတွေ့အကြုံ ရှင်းလင်းပွဲကို တက်ရောက် နားထောင် ခဲ့တဲ့ ပုဏ္ဍားကျွန်းမြို့နယ်က ကျောင်းဆရာ နှစ်ဦးကို နောက်နောင် မတက်ရန် ခံဝန် ရေးထိုး စေခဲ့ပါတယ်။ နောက်နောင်တက်ရင် အလုပ်က ဖြုတ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
ပြည်သူ တစ်ဦး
(ပုဏ္ဍားမြေ) (နောက်အပတ်ဆက်ရန် အတွက် တခြား သတင်းတွေလည်း ပေးပို့ ပါမယ်။ )
----------------------------------------------------------------------------------------
သို့
သတင်းဌာန အယ်ဒီတာ
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်များ ဖြေဖျော်ရေးကို အကြောင်းပြပြီး လက်ဖက် ရည်ဆိုင် အတွင်း ဗီဒီယိုပြသ၊ ရုပ်ရုင်ရုံနှင့် ဗီဒီယိုရုံများစီးပွားပျက်နေရကြောင်း အသိပေး တင်ပြအပ်ပါသည်။
ရခိုင်ပြည်နယ်မောင်တောမြို့ပေါ်ရှိလက်ဖက်ရည်ဆိုင်များဖြေဖျော်ရေးကိုအကြောင်းပြပြီးလက်ဖက် ရည်ဆိုင် အတွင်း ဗီဒီယိုပြသ၊ ရုပ်ရုင်ရုံနှင့်ဗီဒီယိုရုံများ စီးပွားပျက် မောင်တော မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်များ ဖြေဖျော် ရေးကို အကြောင်းပြပြီးလက်ဖက် ရည်ဆိုင် အတွင်း TV နှစ်လုံးမှ သုံးလုံးထိ တင်ပြီး ဆင်ဆာမဲ့ အိန္ဒိယ ရုပ်ရှင် ကားများ၊ English ကားများ ဂြိုလ်တု စလောင်းမှ ထုတ်လွင့်သော ချဲထီများကို ပြသပြီး စီးပွား ရှာနေသဖြင့် ရုပ်ရှင်ရုံနှင့် video ရုံများမှာ ပိတ်ထား ရပါသည်။ ချဲထီများကို ဂြိုလ်တု စလောင်းမှ ပြသသည့် အပြင် ချဲဒိုင်များ အဖြစ် လုပ်ကိုင်နေသဖြင့် မြို့သူ၊ မြို့သားများမှာ အကျင့် စာရိတ္တ ပျက်ပြားလျှက် ရှိနေကြပါသည်။ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့ အစည်းဖြစ်သော ပြည်သူရဲမှာလည်း တရားဝင် ပြသားသော ဗီဒီယိုရုံများအား အကြောင်း အမျိုးမျိုး ပြပြီး ငွေတောင်းခံ လျှက်ရှိပါသည်။ အဆိုပါ ကိစ္စမှာ လက်ဖက်ရည် ဆိုင်များမှ လစဉ်ကြေး ကျပ် (၄၀၀၀၀) မှ (၅၀၀၀၀) ထိ ကောက်ခံ ရရှိနေသောကြောင့် ဖြစ်ပါသည်။ မောင်တောမြို့ ပေါ်တွင် လက်ဖက်ဆိုင် တစ်ဆိုင် ရောင်းချ မည်ဆိုပါက အပေါ်စက် နှစ်လုံးမှ သုံးလုံး အောက်စက်နှင့် ဂြိုလ်တု စလောင်း မရှိလျှင် ခေတ်မမှီ တော့ပါ။ ဂြိုလ်တု စလောင်းမှ ချဲထီ နှင့် ဘောလုံးပွဲများကို ပြသပြီး လောင်းကစား ဒိုင် အဖြစ်လုပ်ကိုင် နေကြပါ သည်။ အဆိုပါကိစ္စများအား နယ်ထိန်း အဖွဲ့မှ သိရှိသော်လည်း လိုင်းကြေး ယူထားသည့် အတွက် မည်သို့မှ အရေးယူ ဆောင်ရွက်မူ မရှိဘဲ လိုင်းကြေးမပေးသော ဗီဒီယိုရုံများကိုသာ မကြာခဏ နှောင့်ယှက် နေပါသ ဖြင့် video ရုံများကိုပိတ်ထားရပါသည်။ လက်ဖက်ဆိုင်များမှာ သက်ဆိုင်ရာ နယ်ထိန်းအဖွဲ့နှင့် ပူးပေါင်း ပြီးချဲ့ထီ ဒိုင် ၊ ဘောလုံးဒိုင်များ အဖြစ် လုပ်ကိုင်နေသည့် အပြင် video လုပ်ငန်းကိုပါပူးတွဲလုပ်ကိုင်နေ ပါသဖြင့် vide လုပ်ငန်းရှင်များ စီးပွားပျက် ပြီးဒုက္ခရောက်နေကြပါသည်။ အထက်ပါ ကိစ္စအား သက်ဆိုင်ရာ အဖွဲ့အစည်းမှ လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရန် တင်ပြ အပ်ပါသည်။
မောင်တောသား

သို့
သက်ဆိုင်ရာ သတင်းဌာန တာဝန်ခံကျေးဇူးပြုပြီး ဖေါ်ပြပေးပါ။ စစ်တွေမြို့မှ အိမ်ခြံမြေရောင်းဝယ်ရေး ကိစ္စ
စစ်တွေမြို့မှ အိမ်ခြံမြေ ရောင်းဝယ်ရေး ကိစ္စများနှင့် ပတ်သတ်၍ စစ်တွေမြို့နယ် မြေစာရင်း ဦးစီးဌာနနှင့် စစ်တွေမြို့နယ် အခွန် ဦးစီးဌာနတို့ဧ။် ပြည်သူတို့အပေါ် မညှာမတာ ပြုမူဆောင်ရွက်ချက်များအားတင်ပြ လိုပါတယ်။ စစ်တွေမြို့တွင်အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်မည်ဆိုလျှင် စစ်တွေမြို့နယ် မြေစာရင်း ဦးစီးဌာန(စာချူပ် စာတမ်းမှတ်ပုံတင်ရုံး)သို့သွားရောက်ဆောင်ရွက်ရာတွင် (၁) လိုအပ်သည့် ပုံစံစာရွက် စာတမ်းများအား ငွေကျပ် ၅၀၀၀ ကျပ်ဖြင့် ပုံစံရောင်းချသူစာရေးထံမှဝယ်ယူရခြင်း။ (၂)အရောင်း အ၀ယ် ပြုလုပ်မည့် မြေကွက်အား မြေပုံဆွဲရာတွင် သက်ဆိုင်ရာ မြို့နယ် မြေတိုင်းစာရေးအား မြေပုံဆွဲခ၆၅၀၀၀ကျပ် ပေးပြီးမှ မြေပုံ ထုတ်ပေး ခြင်း။ (၃) စာချုပ် မှတ်ပုံ တင်ရာတွင် ရုံးအဖွဲ့ဆိုသည်အဖွဲ့မှစာရေးမများအား ငွေ ၃၀၀၀၀ မှ ၅၀၀၀၀ ကျပ်ထိ ပေးမှ ဦးစီးအရာရှိထံစာချုပ်အားလက်မှတ်ရေးထိုးရန်တင်ပေးခြင်း။ (၄) စစ်တွေမြို့နယ် မြေစာရင်း ဦးစီး အရာရှိကလည်း ငွေကျပ်(၂)သိန်းမှ (၃) သိန်း အထိ ပေးမှ စာချုပ်အား လက်ခံ ဆောင်ရွက် ပေးခြင်း စသည်ဖြင့် စစ်တွေမြို့နယ်မြေစရင်းဦးစီးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ပြည်သူများထံမှ လာဘ်ငွေ အမျိုးမျိုး တောင်းခံ သလို စစ်တွေမြို့နယ် အခွန်ဦးစီးဌါနမှလည်း အိမ်ခြံမြေ အရောင်းအ၀ယ်ပြုလုပ်ရန်အတွက် စာချုပ်ပြုလုပ်ရန် (၁) အခွန် တံဆိပ်ခေါင်း ၀ယ်ယူရာတွင် မြို့နယ် အခွန် ဦးစီးမှူးသည် ရောင်းချမည့်သူအား ရုံးသို့ ခေါ်လာစေပြီး ရောင်းချမည့်သူရုံးသို့ မလာရောက်ပါက တရားဝင် ရုံးခေါ်စာ ထုတ်ခေါ်ယူပြီး ရောင်းချမည့်သူအား ရောင်းခွန် ပေးရမည်ဟု ပြောဆို တောင်းခံပါသည်။ ရောင်းချမည့် အိမ်၊ခြံ၊မြေ အလိုက် အနည်းဆုံး ငွေကျပ် (၂)သိန်းမှ ငွေကျပ် (၄၀)(၅၀) (၆၀) ထိ တောင်းခံကာ ထိုပေးသွင်းငွေ အတွက် ပြေစာ၊ ချလံ မိတ္တူ စသည်ဖြင် ငွေပေးသွင်း သူအား အထောက်အထား တစ်စုံတရြာ ပန်မပေးပါ။ ထိုငွေများ ကိုလည်း နိုင်ငံတော်သို့ ပေးသွင်းခြင်း မရှိပါ။ ဤသို့ရောင်းခွန်ဆိုသည့်ငွေကို အခွန်ဦးစီးမှူးထံပေးပြီးမှ သာလျှင် စာချုပ် ပြုလုပ်ရန် အခွန်တံဆိတ်ခေါင်း ၀ယ်ယူခွင့်ပြုပါသည်။ (၂) အခွန် တံဆိပ်ခေါင်း ၀ယ်ယူ ရာတွင်လည်း တံဆိပ်ခေါင်း အရောင်း တာဝန်ခံ စာရေးမကြီးအား ၀ယ်ယူသည့် တံဆိပ်ခေါင်း တန်ဖိုးဧ။် (၁၀ရာခိုင်နုန်း) တန်ဖိုးနှင့် ညီမျှသည့်ငွေကို ပေးမှ တံဆိပ်ခေါင်းကို ထုတ်ပေးပါသည်။ (၃) အရောင်း အ၀ယ်စာချုပ်အား စာချုပ် စာတမ်း မှတ်ပုံတင် ရုံးတွင် ရောင်းသူဝယ်သူ လက်မှတ်ရေးထိုးပြီး နောက် အိမ်၊ခြံ၊မြေ တန်ဖိုး သတ်မှတ်ရန် မြေစာရင်း ရုံးမှ မြို့နယ် အခွန်ရုံးသို့ ဆက်လက် ပေးပို့ရာတွင် မြို့နယ်အခွန်ဦးစီးမှူးသည် ၀ယ်ယူမည့်သူ အား အခွန်ရုံးသို့ ခေါ်ယူပြီး အကြောင်း အမျိုးမျိုးပြ ခြိမ်းခြောက်ကာ ၀ယ်သူထံမှ အရောင်း အ၀ယ် ပြုလုပ်သည့် အိမ်ခြံမြေ အလိုက် အနည်းဆုံး ကျပ် (၅သိန်း)မှ သိန်း၄၀ ၊ ၅၀၊၆၀၊၇၀၊၈၀၊၁၀၀ စသည်ဖြင့် တောင်းခံပါသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ ၀ယ်သူတချို့က မြို့နယ်အခွန်ဦးစီးမှူးတို့ထိုက်သင့်သည့် အခွန်နုန်းထားကို သတ်မှတ်ပါ။ နိုင်ငံတော်သို့ ကျွန်တော်တို့ အခွန် ပေးဆောင်ပါမည်။ ဦးစီးတောင်းသည့် ငွေကိုတော့ ကျွန်တော် တို့ မပေးနိုင်ပါဟု ပြေကြာသည့် သူများ ရှိပါသည်။ ထိုသူများနှင့် ပတ်သတ်၍ အဆိုပါ စာချုပ်အား ဆက်လက် ဆောင်ရွက်ခြင်းမပြုပဲ ထားသည်မှာ တချို့ဆိုလျှင် ၆ လ ၊တချို့ဆိုလျှင် တစ်နှစ်ခန့် ကြာမြင့်ပြီး ဖြစ်သည့်တိုင် စာချုပ်လက်ဝယ်မရရှိကြသေးပါ၊ အခွန်ဦးစီးမှူးတောင်းခံသည့် ငွေကိုမပေးမချင်း ဆိုင်းငံ့ ထားခြင်းဖြစ်ပါသည်။
ဤသို့ဖြင့် စစ်တွေမြို့နယ်၌ အိမ် ခြံ မြေ အရောင်းအ၀ယ် ပြုလုပ်သည့် ပြည်သူများထံမှ မညှာမတာ ဓါးပြ တိုက်သလို လဘ်ငွေများ တောင်းခံနေသည့် စစ်တွေမြို့နယ် မြေစာရင်း ဦးစီးဌာန နှင့်စစ်တွေမြို့နယ် အခွန်ဦးစီး ဌါနတို့၏ ပြုမူချက်များကို သိရှိနိုင်ပါရန်နှင့် လိုအပ်သလို အရေးယူ ဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများထံ တင်ပြအပ်ပါသည်။
(ကျွန်တော်တို့၏ တင်ပြချက်များနှင့် ပတ်သတ်၍ မှန်မမှန် စစ်တွေမြို့မှ အိမ်ခြံမြေ ရောင်းဝယ်သူများအား မေးမြန်း စုံစမ်းက သိရှိနိုင်မည် ဖြစ်ပါကြောင်း)
စစ်တွေမြို့မှ
အိမ်ခြံမြေရောင်းဝယ်သူများ

0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်