မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် အဆင့် ဆွေးနွေးပွဲ ဘင်္ဂလာ- မြန်မာ ပြုလုပ်မည်

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ အကြား ရှစ်လကြာ ရပ်နားထားသော နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် အဆင့် ဆွေးနွေးပွဲကို ယခုလ ၂၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ အဆိုပါ ဆွေးနွေးပွဲမှာ ၂ ရက်ကြာမြှင့်မည် ဖြစ်ပြီး မြန်မာနိုင်ငံ မြို့တော် နေပြည်တော်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောသည်။

Bngladeshh_Myanmar-meeting 2010 ဇန္န၀ါရီ အတွင်းက အဆင်မြင့်မြန်မာနှင့်ဘင်္ဂလာဒေခ်ျ့ကိုယ်စားလှယ်များ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို စစ်တကောင်းတွင် ဆွေးနွေးနေစဉ် ( ဓါတ်ပုံ- Star)ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်များကိစ္စ၊ လုံခြုံရေး ကိစ္စနှင့် ရေပြင်ပိုင်နက်အငြင်းပွားမူ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။ဘင်္ဂလာဒေခ်ျ့မှ နိုင်ငံခြားရေး ၀န်ကြီး အတွင်းဝန် Mijarul Queyas ဦးဆောင်သော ၂ ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်မည် ဖြစ်သည်။ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ အကြား နိုင်ငံခြားရေး အတွင်းဝန် အဆင့် ဆွေးနွေးပွဲကို ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၂၈ ရက်နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် ကျင်းပခဲ့သည်။အဆိုပါ ဆွေးနွေးပွဲတွင် ရေနံနှင့် ဂတ်စ် ရှာဖွေတူးဖေါ်ရေး ကိစ္စ၊ ရခိုင်ပြည်နယ်ဘက်မှ မွတ်ဆလင်များ ဘင်္ဂလာကို ၀င်ရောက်နေသော ကိစ္စ၊ မူးယစ် မှောင်ခို၊ လူကုန်ကူးမူ ကိစ္စရပ်များကို တားဆီးရန် ဆွေးနွေးခဲ့ကြသည်။သို့သော်လည်း ဆွေးနွေးမူများမှာ ယခုအချိန်ထိ တစုံတရာ တိုးတက်သော အခြေအနေသို့ ရောက်ရှိခြင်း မရှိကြောင်း ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များကပြောသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်