
မလေးရှားက အလုပ်သမား အားလုံးကို တရားဝင် အလုပ်လုပ်ဖို့ မှတ်ပုံတင်ခိုင်း နေပါတယ်
မလေးရှား နိုင်ငံမှာ မြန်မာ အပါအဝင် ခန့်မှန်းခြေ ၂ သန်းလောက် ရှိတဲ့ တရား မဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကို အရေး မယူဘဲ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး တရားဝင် မှတ်ပုံတင်ခွင့် ပြုတဲ့ အစီအစဉ်ကို သြဂုတ်လ ၁ ရက်နေ့ ကစပြီး ဆောင်ရွက် နေပါတယ်။
သတ်မှတ် ထားတဲ့ လူဝင်မှု ကြီးကြပ်ရေး စင်တာ တွေမှာ မှတ်ပုံတင်တဲ့ သူတွေကို အာဏာပိုင် တွေက ကိုယ်ရေး အချက် အလက် တွေနဲ့ အတူ သူတို့ရဲ့ဓါတ်ပုံနဲ့ လက်ဗွေ ရာတွေ ကိုလည်း ယူထား လိုက် ပါတယ်။မှတ်ပုံ တင်ခ မလေးရှား ရင်းဂစ် ၃၀၀ ပေးရပြီး မလေးရှား အစိုးရက မှတ်ပုံ တင်ထားတယ် ဆိုတဲ့ အထောက်အထား စာရွက် တခုကို ပြန်ပေး ပါတယ်။
ဒီအဆင့် ကနေ တရားဝင် အလုပ်သမား ဖြစ်လာဖို့ အတွက် ဆက်လုပ် စရာတွေ အတော်များများ ကျန်နေ သေးတာမို့ အလုပ် သမားတွေ ဖက်ကတော့ ဒီ အစီအစဉ်ကို ခုချိန်မှာ သံသယ ရှိနေ ကြဆဲပါ။

မှတ်ပုံတင်တဲ့ အလုပ်သမားတွေရဲ့ လက်ဗွေရာ တွေကို မှတ်တမ်း ယူထားပါတယ်
နိုင်ငံကူး လက်မှတ် အတုတွေ ကိုင်ကြ သူတွေ ရှိသလို၊ နိုင်ငံကူး လက်မှတ် မှာ တုံးအတုတွေ ထုထား ကြတာမျိုး လည်း ရှိပါတယ်။
လတ်တလောမှာ မြန်မာသံရုံးက တုံးအတုထုထားတဲ့ စာအုပ်တွေကိုလည်း ဒဏ်ကြေး မယူဘဲ စာအုပ်အသစ်ထုတ်ပေးနေတယ်လို့ တရားမဝင် အလုပ်သမား တဦး ဖြစ်တဲ့ ကိုဝေဇင်ကျော် ကပြောပါတယ်။
မလေးရှား အစိုးရက တရားမဝင် အလုပ်သမား တွေကို နှစ်ပတ် အတွင်း မှတ်ပုံ တင်ရမယ်လို့ မူလက ကြေညာ ခဲ့ပေ မယ့် နောက်ပိုင်း ရက်အကန့်အသတ် မရှိ ထပ်တိုးပေးမယ်လို့ ကြေညာထားကြောင်း လည်းသူကပြောပါတယ်။
ဒီလွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ်နဲ့ ပတ်သက်လို့ လူတိုင်း မှတ်ပုံတင်သင့်တယ်လို့ ပြောကြ သူတွေရှိသလို၊ တကယ် အလုပ်ဖြစ်မှာ လားလို့ မေးခွန်း ထုတ်ကြ သူတွေလည်း ရှိနေပါတယ်။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်