ယူရိုဇုံ ဂယက်ကြောင့် ကမ္ဘာတလွှား စတော့စျေးကျသွား

ဘဏ် ဥက္ကဌ Jean Claude Trichet
လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက ဥရောပ သမဂ္ဂရဲ့ အရေးယူ ဆောင်ရွက်ချက် သဘောတူညီမှုတွေ ဟာ မလုံလောက်သေးဘူးလို့ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Borroso က ဝန်ခံ ပြောကြား လိုက်ပါတယ်။
စျေးကွက် တည်ငြိမ်စေဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ဝင်ရောက် ဖြေရှင်းခဲ့ပေမယ့် ရှယ်ယာစျေးတွေ ဆက်လက် ကျဆင်းနေတာ ဖြစ်ပါတယ်။
အကြပ်အတည်း ရင်ဆိုင်နေရတဲ့ အစိုးရတွေရဲ့ ငွေတိုက်စာချုပ်တွေကို ဝယ်ပေးမယ်လို့ ဥရောပ ဗဟိုဘဏ်က ပြောပါတယ်။
အီတလီနဲ့စပိန်နိုင်ငံတွေဟာ နောက်ထပ် ငွေအလုံးအရင်းစိုက်ထုတ်ပြီး ငွေကြေးအကြပ်အတည်းကနေ ကယ်တင်ရမယ့်နိုင်ငံတွေ ဖြစ်လာ နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ဖြစ်နေချိန်မှာ ဥရောပ ဗဟိုဘဏ် က ဘွန်းအာမ ခံစာချုပ်တွေကို ဝယ်ပြီး စီးပွားရေး ကြပ်တည်းမှု သက်သာအောင် ဆောင်ရွက်ပေးမလား ဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့် နေကြပါတယ်။
ဥရောပ ဗဟိုဘဏ် ကလည်း အဲဒီ ဘွန်းငွေချေး စာချုပ်တွေ၊ တနည်းအားဖြင့် အကြွေးတွေကိုဝယ်မယ်၊ ဘဏ်တွေကိုလည်း လွယ်လွယ်ကူကူ ငွေချေးလို့ရအောင် ကူညီမယ်ဆို တဲ့ လက္ခဏာတွေ ပြခဲ့ပါတယ်။
ဒါ့အပြင် ယူရိုငွေကြေးသုံးတဲ့နိုင်ငံတွေဆီငွေထုတ်ချေးတဲ့ အတိုးနှုန်းကိုလည်း မျှော်လင့်ထားတဲ့အတိုင်း ၁.၅ ရာနှုန်းမှာရပ်ထားပါတယ်။
ဘဏ်ဥက္ကဌဖြစ်တဲ့ Jean Claude Trichet ကလွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ယူရို ငွေကြေးသုံးနိုင်ငံတွေရဲ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကျဆင်းခဲ့တယ်လို့ ဆိုခဲ့ပေမယ့် လာမယ့်လ တွေမှာတော့ အသင့်အတင့် တိုးတက်လာမယ်လို့ ခန့်မှန်းကြောင်း ပြောခဲ့ပါတယ်။
ဒါပေမယ့် ဥရောပ ကော်မရှင် အကြီးအကဲ Jose Manuel Borroso က ဥရောပအစိုးရ တွေဆီ ရေးတဲ့စာထဲမှာ ကြွေးမြီပြဿနာဟာ အပြင်စည်းလို့ ခေါ်နေကြတဲ့ ဂရိ၊ ပေါ်တူဂီနဲ့ အိုင်ယာလန်နိုင်ငံ တွေရဲ့အပြင်ကို ပြန့်နေပြီ လို့ဆိုထားပါတယ်။
ဒါကြောင့် သင့်တော်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို လုပ်ဖို့နဲ့ ပြီးခဲ့တဲ့ အစည်းဝေးမှာ သဘော တူထားတာတွေကို အမြန် အကောင်အထည်ဖော်ပြီး ယူရိုငွေကြေး အပေါ် အပြည့်အဝ ကျောထောက် နောက်ခံ ပေးဖို့ သူကတောင်းဆိုနေပါတယ်။
စျေးကွက်ရဲ့တုန့်ပြန်မှုကတော့ စိုးရိမ်မှုကို ထင်ဟပ်နေပါတယ်။
New York က Dow Jones ညွှန်းကိန်း ဟာ စျေးစ ဖွင့်တာနဲ့ ၃ ရာနှုန်းကျခဲ့သလို Frankfurt နဲ့ လန်ဒန်စျေးကွက်တွေမှာလည်းညွှန်းကိန်းတွေ ကျခဲ့ ပါတယ်။
ဘဏ်တွေကတော့ အထိ အနာဆုံးဖြစ်ပြီး လွိုဒ် အုပ်စုရှယ်ယာတွေဟာ ၁၀ ရာနှုန်းနီးပါးထိုးဆင်းသွား ခဲ့ပါတယ်။
သတ္တုတွင်းနဲ့ ရေနံ ရှယ်ယာတွေလည်း ထိခိုက်ခဲ့ပြီး ရွှေစျေးက ထပ် တက် နေပါတယ်။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်