ပြည်ထောင်စု ဟူသည် သက်ဆိုင်ရာလူ့ဘောင်အသိုင်းအ၀ိုင်းရို့အားဖြင့် ယုံကြည်စွာ အတည် ပြု လက်ခံထားကတ်သည့် ဘုံနယ်မြေတခုအတွင်း ပထ၀ီအနီအထားအရသော်၎င်း၊ မျိုးနွယ်စု အားဖြင့်သော်၎င်း ခြားနားလျှက်ရှိသော ပြည်ထောင်များကို ပေါင်းစပ်စုစည်းထား ကတ် ခြင်း ဖြစ်သည်
ပြည်ထောင်စုသဘောတရား
ပြည်ထောင်စု (သို့) စုစည်းနီထိုင်ကတ်ခြင်း၏ အဓိကရည်ရွယ်ချက်သည်လည်း ဘုံရန်သူကို စုပေါင်းကာကွယ်ရန်နှင့်အကျိုးတူစီးပွါးကိုတည်ဆောက်ပြီး အတူတကွမျှဝီးခံစားရန်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းကြောင်းကိုလေ့လာကြည့်လျှင် သက်ဆိုင်ရာလူမျိုးအသီးသီး အတွက် လူမျိုးရေးဝီသေသလက္ခဏာ (national identity) များကို ကာကွယ်စောင့်ရှောက်ရန် အကျိုးတူလုပ်ရပ်များကို အတူတကွဆောင်ရွက်ရန်နှင့်မျှမျှတတခွဲဝီခံစားရန် ရည်ရွယ်ချက် အလျှင်း မဟိခကတ်ပေ မဟာဗမာဝါဒကိုစွဲကိုင်ပြီး တိုင်းရင်းသားလူမျိုးစုဟုခွဲခြားသတ်မှတ် ထားသည့် တခြားသောလူသားမျိုးနွယ်တို့၏အမျိုးသားရေးစရိုက်လက္ခဏာများ ချုပ်ငြိမ်းပ ပျောက်ရေးကို မဟာဗျူဟာရည်မှန်းချက်အဖြစ် ကျင့်သုံးလာသည်မှာ ဒေကနိ့ထက် တိုင်ဖြစ် သည်။
တိုင်းရင်းသားလူမျိုးစုဟုခေါ်တွင်သမုတ်ခြင်းခံထားကတ်ရသည့် အချို့သောမျိုးနွယ်စုများ (ဗမာ့လွတ်လပ်ရေးအကြိုခေတ်-၁၉၄၇ ခု ဖေဖော်ဝါရီလ (၁၂) ရက်နီ့တွင် ချုပ်ဆိုရေးထိုးခ ကတ်သည့် ပင်လုံစာချုပ်ဝင် ချင်း၊ ရှမ်း၊ နန့် ကချင်မှအပ) သည် ဘုံရန်သူကိုကာကွယ်ရန် ပြည်ထောင်စုအသွင်ဖြင့် သဘောတူစုရုံးခကတ်ခြင်းမဟုတ်ဘဲ ဗမာလူမျိုးရို့၏ကျူးကျော်နယ်ချဲ့ သိမ်းပိုက်ထားမှုအောက်တွင်ယိုဉ်ပါးကာ ကလရှည်ကြာ ဦးနှောက်ယိုစီးမှုခံနီကတ်ရသူများ ဖြစ် ကတ်သည်။
ခွဲထွက်ရေးဟူသည့်စကားရပ်၏အဓိပ္ပါယ်နန့် အနှစ်သာရမှာ-အစိုင်လာအားဖြင့်တတူလက်တွဲ နီထိုင်ခြင်းမှသည် အကြောင်းမညီညွတ်သည်ဖြစ်၍ မူလအခြေအနေမှသွေဖယ်ရန်အားထုတ် ခြင်းဟု ဖွင့်ဆိုနိုင်၏၊ လူမျိုးတူဘာသာခြားဖြစ်စီ၊ ဘာသာတူလူမျိုးခြားဖြစ်စီ အတိတ်သမိုင်း ကြောင်းအရ ဖြစ်ပေါ်တည်ဟိနီသည့် ဘုံနယ်မြေတခု၏ပိုင်ဆိုင်မှုအောက်မှ သီးခြားလွတ်လပ် စွာနီထိုင်ရန်ရုန်းထွက်လိုခြင်းပင်ဖြစ်၏၊ တူညီသည့်သမိုင်းနောက်ခံကိုမှိန်လျှက် အစိုင်အလာ အားဖြင့်တည်တံ့လာခကကတ်သည့် လူဘောင်အဖွဲ့အစည်းတခု၏နယ်နမိတ်အတွင်း ဥပဒေ ကြောင်းအရအကျူံးဝင်နိုင်သည့် စကားရပ်ဖြစ်သည်။
(မှတ်ချက်)
ခွဲထွက်ရေးဟူသည့်ဖြစ်ရပ်သည် တိုင်းပြည်တပြည်နန့်တပြည်အကြားမည်သို့မျှဆက်စပ်မှု၊ အကျူံး ၀င်မှုမဟိပေ၊ ထိုသို့ဆိုလျှင်-ရခိုင်သည် ဗမာ့ကိုလိုနီကျွန်ပြုခံနိုင်ငံဖြစ်သောကြောင့် ဤ ဖြစ်ရပ်မှ ရုန်းကန်အားထုတ်နိန်ကတသည့် ရခိုင်လူမျိုးရို့ အတွက် မိမိရို့အမျိုးသားတော်လှန်ရေ အဘိဓါန်ထဲတွင် ထိုပြည်ထောင်စုခွဲထွက်ရေးဖြစ်စဉ် (အယူအဆ) အား လုံးဝ (လုံးဝ) လက်ခံ သုံးစွဲရန် မသင့်ပေ။
ရခိုင်လူမျိုးအဖို့ မိမိကိုယ်ကိုယ် မိမိ မြန်မာ (ခေါ်) ဗမာ့တိုင်းရင်းသားလူမျိုးစုအဖြစ်ခံယူခြင်း သည် လူမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံဂုဏ် ကို မျက်ကွယ်ပြုရာရောက်ပြီး ထိုသို့သော လူနူံ လူအ လူဒွီဟ များသည် အတိတ်က မိမိကျူးလွန်ခပြီးဖြစ်သော အမှားအယွင်းများကို ထပ်မံကျူးလွန် ခြင်းပြု ရန်အတွက် ကြမ္မာငင်လျှက်ဟိလိမ္မည်ဖြစ်ကြောင်း သတိထားကတ်ရပေမည်။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်