အမျိုးသီလ နှစ်ဌါ နကို
ပြည့်ဝမဏ္ဍိုင်
စောင့်စွမ်း နိုင်သည်
ရခိုင်နာမ ဘွဲ့ မည်လှဖြင့်
အန္တတ္တသညားခေါ်အပ်ရာတည်း။ (အသျှင် နာဂိန္ဒမောင်ကွန်း)
ရခိုင်လူမျိုး အမျိုးသား အမျိုးသမီးအပေါင်းရို့အားရခိုင်လူမျိုးအဓွန့်ရှည်တံတည့်နိုင်စီဘို့ အကျိုးကိုမျှော်ပနာ ဒေ အကြံပြုစာကိုရွီးသားလိုက်ပါရေ။
အကျွန့်ကို ပြည်ပမှာရောက်နိန်ရေ ရခိုင်သားတိ ပြောကတ်ပါရေ ရခိုင်သမချေတိကရခိုင်သားဆိုကေ စကားမ ပြောချင်ကတ်ပါ လတ် ရခိုင်စကားနန့်ပြောကေ ပြန်မပြောကတ်ပါလတ် အောက်သားစကားနန့်ပြောမှပြန်ပြောကတ် ပါရေလတ် အောက်သား တိကိုရာစကားပြောချင်ကတ်ပါရေ ရခိုင်သားကိုစကားမပြောချင်ကတ်ပါ ရခိုင်သားစကားကခါးပနာ အောက်သားစကားက ချိုလို့ ထင်ပါရေလို့ပြောလာကတ်ပါရေ။
ရခိုင်ပြည်မှာဟိရေ ရခိုင်သား တ၀က်လောက်က ပြည်ပကိုရောက်နိန်ကတ်ပါရေ ယင်းပြည်ပမှာရောက်နိန်ရေ ရခိုင်သားတိက အိမ်ထောင်ပြုဖို့စိုဉ်းစားရေခါ ကိုယ့်လူမျိုးကိုရာ လက်ထပ်ချင်ကတ်ပါရေ ယကေလေ့ ကိုယ့်လူမျိုးအချင်းချင်း ကိုအထင်မကြီး ကိုယ့်လူမျိုးရီရှည်တည်တန့်ရီးကို မကြည့် ဖေ့သာတစ်ခုကိုရာကြည့်ပြီး လူမျိုးခြားတိနန့် လက်ထပ်ချင်ကတ်တေ ရခိုင်အမျိုး သမီးတိများနိန်ခါအမျိုးကောင်းသားရခိုင်သားတိမှာ ကကောင်းဒုက္ခရောက်နိန်ကတ်ပါရေ။
တချို့က ဟိပါသိရေ ကိုယ့်ကိုယ်ကို ရခိုင်လို့မပြောချင်ကတ်ပါ ကိုယ့်ကိုယ်ကိုရခိုင်လို့ပြောရမှာဟြက်ကတ်တေ ကိုယ့်ကိုယ်ကို
ရခိုင်လို့ဇာဖြိုက်လို့မပြောချင်ကတ်ပါလဲရခိုင်လူမျိုးပါလို့ပြောရမှာဇာဖြိုက်လို့ဟြက်ပါသလဲ။
ကျွန်တော် ကျွန်မရို့ဟာရခိုင်လူမျိုးပါလို့အများရှီ့မှာခေါင်းမော့ရင်ကော့ပြီးမပြောနိုင်ဖြိုက်ရအောင် -
ရခိုင်လူမျိုးက တခြားလူမျိုး တိထက် နိမ့်ကျနိန်လို့ပါလား။
ရခိုင်လူမျိုးဖြိုက်ရစော်ကို ရှက်စရာလို့ထင်ပါသလား
ရခိုင်လူမျိုးကို တခြားလူမျိုးတိက အထင်သီးစရာလူမျိုးအဖြိုက်သတ်မှတ်ထားလို့ပါလား
ကိုယ့်ကိုယ်ကို ခြင်ဆင်သုံးသပ်ကြည့်ကတ်ပါ ။
ကိုယ့်လူမျိုးကို ကိုယ်မချိုက်ကေ
ကိုယ့်လူမျိုးကို ကိုယ်အထင်မကြီးကေ
ကိုယ့်လူမျိုးကို ကိုယ်မလေးစားကေ
တခြားလူမျိုးတိက ပိုလို့ ကိုယ့်လူမျိုးကိုအထင်ကြီးလေးစားခြင်းဟိဖို့မဟုတ်ပါ။
ကိုယ့်လူမျိုးရဲ့ဂုဏ်ကို ကိုယ်ကိုယ်တိုင်မြှင့်တင်မှရပါမယ်။
ကိုယ့်အမျိုးဂုဏ်ကိုမြှင့်တင်ချင်ကေ
ကိုယ်ကိုယ်တိုင်ကောင်းအောင်အရင်ကြိုးစားရပါမယ်။
အမျိုးကိုချိုက်တေစိတ် အမျိုးဂုဏ်ကိုထိန်းသိမ်းချင်ရေစိတ်ဟိဖို့လိုပါရေ။
ရခိုင်လူမျိုးဆိုစော်က အမျိုးအနွယ်ကိုစောင့်ရှောက်တေနိန်ရာမှာ မျိုးဂုဏ်ကို ထိန်းသိမ်းရေ နိန်ရာမှာ နာမည်တစ်လုံးနန့် နိန်ခစော်အမျိုးအနွယ်မဟုတ်ပါလား။
ရခိုင်သားတိ ရခိုင်သမတိကိုရာအိမ်ထောင်ဖက်အဖြိုက်ရွီးချယ်ချင်ကေတော့
ရခိုင်သမတိဘက်က အိမ်ထောင်ဖက်အဖြိုက်လက်ခံနိုင်လောက်တေအရည်အချင်းတော့ဟိဖို့လိုပါရေ ။
ရခိုင်သားတိမှာ ဆိုးနိန်စော်တစ်ခုက ရခိုင်သားမှန်ကေ အရက်သောက်တတ်ရမယ်ဆိုပြီး ကေအရက်သောက်ပနာ မူးရူးယစ်နိန် ကတ်စော်က မမချေတိဘက်က အိမ်ထောင်ဖက်အဖြိုက်ရွီးချယ်ရာမှာအမှတ်လျှော့စီရေ အချက်ဖြိုက်ပါရေ ။
ရခိုင်သားတိ ကိုယ့်အမျိုးကိုထိန်းသိမ်းချင်ကေ ရခိုင်သမတိကိုရာအိမ်ထောင်ဖက်ဖြိုက်စီချင်ကေ ကိုယ့်ကိုယ်ကို ပြုပြင်ရပါမယ် အရင်ကအကျင့်ဆိုးတိကို ပြင်ရပါလိမ့်မယ်။ အိမ်ထောင်ဦးစီးတစ်ယောက်မှာရှိသင့်ရေအရည်အချင်းတိရှိအောင်လုပ်ရပါမယ်။
ရခိုင်သမတိကလေ့ ကိုယ့်မျိုးရိုးကိုထိန်းသိမ်းရေအနိန်နန့် ကိုယ့်လူမျိုးကိုရာရွီးချယ်ပြီးအိမ်ထောင်ပြုဖို့ တိုက်တွန်းချင်ပါရေ။
ရခိုင်ပြည်မှာ ရခိုင်သားတ၀က်လောက်ရေ အကြောင်းအမျိုးမျိုးကြောင့်ပြည်ပမှာရောက်နိန်ကတ်တေခါ ရခိုင်ပြည်မှာရှိနိန်ရေ ရခိုင်သမတိကအိမ်ထောင်ပြုဖို့ဆိုကေ အသူ့ကိုအိမ်ထောင်ပြုရပါဖို့လဲ နီးစပ်ရာတခြားလူမျိုးတိနန့်အိမ်ထောင်ပြုကတ်ကေ နောင်တနိန့်မှာရခိုင်လူမျိုးဆိုစော်ပျောက်လားပါလိမ့်မယ်။
မြေမြိုလို့လူမျိုးမတုံးပါ လူမြိုမှလူမျိုးတုံးလီပါဖို့။
ရခိုင်လူမျိုးမပျောက်ကွယ်အောင် ရခိုင်သား ရခိုင်သမတိကမှာတာဝန်ဟိပါရေ။
ဇာနိန်ရာကိုပင်ရောက်ရောက် ဇာတိုင်းပြည်ကိုပင်ရောက်ရောက် ရခိုင်လူမျိုးဆိုစော်အဆွီးမဟုတ် အထက်တန်းကျရေ စိတ်ဓါတ် ဟိရေ လူမျိုးဆိုစော်ကို ပြသနိုင်ဖို့အတွက် ကိုယ့်ရဲ့အပြုအမူကြောင့်ကိုယ့်ရဲ့အပြောအဆိုကြောင့် ကိုယ့်လူမျိုးဂုဏ်သိက္ခာ မကျ အောင် ရခိုင်သား ရခိုင်သမတစ်ယောက်ချင်းစီမှာ တာဝန်ဟိပါရေ ။
ကိုယ့်ကြောင့် ကိုယ့်လူမျိုး ကိုယ့်မိသားစုကိုယ့်နိုင်ငံဂုဏ်ကိုမထိခိုက်စီပါကေ့။
ကိုယ့်အမျိုးကိုချိုက်တေစိတ်။
ကိုယ့်အမျိုးကို ထိန်းသိမ်းလိုရေစိတ်။
ကိုယ့်အမျိုးဂုဏ်ကိုမြှင့်တင်ချင်ရေစိတ် ရခိုင်သား ရခိုင်သတိစိတ်မှာကိန်းအောင်နိုင်ကတ်ပြီးကေ အမျိုးဂုဏ်ကို မြှင့်တင်ပီးနိုင်ရေ ရခိုင်သားရခိုင်သမတိဖြိုက်နိုင်ကတ်ပါစီ။
ရခိုင်လူမျိုးအဓွန့်ရွှီတည့်တန့်ရီးအကျိုးကိုရီမျှော်၍ အကြုံပြုရွီးလိုက်ပါကြောင်း။
ခင်ခင်စိုး။
(အမျိုးကိုချစ် အံကိုကြိတ်လို့
လက်စွမ်းပြကတ်မေ ရခိုင်သား။
အမျိုးကိုချစ် မျိုးကိုစောင့်လို့
ထိန်းသိမ်းအမှန်
နိုးထကတ်မေ ရခိုင်သား။
အပြောမဟုတ် အဂေါင့်လုပ်လို့
ဖျက်တေသီလ ဒေအရက်ကို
စွန့်ပစ်သင့်ဗျာယ် ရခိုင်သား။
စိတ်ဓာတ်ပျက်ယွင်း ဒေအရက်ကို
ဂျောင်ထိုးထားသင့်ဗျာယ် ရခိုင်သား။
ကမ္ဘာမြီကြီး တည်ဟိန့်သရွီ့
ရခိုင်လူမျိုး မပျောက်ပျက်အောင်
ကိုယ်လူမျိုးကို ကိုယ်ချစ်မြတ်နိုးလို့
ခင်ရာခင်ရာ ကိုယ့်ဆွီမျိုး
ကိုယ်လူမျိုးမို့
(ရွီမြောက်ဥူး-ခိုင်ကျော်ဆန်း)
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်