မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ဇာပိုင်ရှင်းလို့ ကျင်းလီဖို့လဲ အမောင်ရို့

F Book မှာဟိ့ရေ ရခိုင်တမျိုးသားလုံး တစ်စုတစည်းဖြစ်လာစီဖို့ ဆိုရေ ကြီးမားရေ ရည်ရွယ်နန့်  ရခိုင်မျိုးချစ် အုပ်စုတစ်စုက အယင်ကပင် ဟိ့နိန်ရေ အုပ်စု (Group) တိ့ကို ဖျက်သိမ်းပီးဖို့ နန့် ဝင်ရောက် ပူးပေါင်းဖို့ အင်တိုက်အားတိုက် တောင်းဆိုခကတ်စော်ကို F Book စာမျက်နှာထက်မှာ ဟိ့နိန်ကတ်တေ ရခိုင်လူမျိုးတိ့ ကြည့်လို့ မမြင်၊ မြင်လို့ ...ကြည့်ခရပါရေ။

မျိုးချစ် ရခိုင်တချို့ကလေ့သင့် ဟိ့ပြီးသားနန့် ခိုင်မာနိန်ရေ သူရို့ Group တိ့ကို မဖျက်ဝံ့ဖျက်ဝံနန့် တစ်ဖွဲ့နန့် တစ်ဖွဲ့ကြားမှာ ဇာအဖွဲ့ကို ယုံလို့ ယုံရမှန်းမသိ့ ဖြစ်နိန်ရေပိုင် အချင်းချင်းကြားမှာလေ့သင့် မယုံဝံ့ယုံဝံ့နန့် ဖြစ်နိန်ကတ်စော်ကို တွီ့ရပါရေ။ တချို့ကလေ့သင့် ရခိုင်တစ်မျိုးသားလုံး F Book မှာ စုစည်း လီကန်နိုင်ဖို့အတွက် သတ်မှတ်ထားရေ ဆုံမှတ်တစ်ခုကို ဇာပိုင် ဂုရုကြီးတိ့က ဦးစီး ဦးဆောင် လုပ်လားပြီးကေ ဇာလောက်ထိ့ လီကန်အား ပြင်းနိုင်ဖို့လဲဆိုစော်ကို မိန်းခွန်း ထုတ်နိန်ကတ်စော်ကိုလေ့သင့် နားမထောင်ဘဲနန့် ကြားနိန်ရပါရေ။

ရခိုင့်စာပီရှင်သန် ပြန့်ပွားလာရေးကို ဗန်းပြ နာမည်ခံထားရေ တချို့ကတော့  Group အက်ဒမင် အဖြစ် ပါဝင်ခွင့်ရဖို့ဆိုကေ အလုံးအရင်းနန့် ပါဝင်အားဖြည့်လားဖို့ ဆိုပနာ စိုင်းပြင်း နိန်ကတ်တေလို့ အနံ့တိ့ ထထောင်းထွက်ပါလတ်ပါရေ။

မထူးဗျာလ်ဆိုပနာ- တူတူ၊ ခိုင်စိုးထီး၊ ဟင်အင် ရို့ပိုင် နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားဖို့ဗျာလ်လို့ စိတ်ပိုင်းဖြတ်ပနာ ဟိ့စော်တိ့ကို ထုခွဲရောင်းချပြီး မျက်လုံးစုံမှိတ်ဝင်လာပြီးခါမှ မက်လောက်စရာ တစ်ကွက်မှ မရှိ ဆိုရေ ဝိုင်းစုခိုင်သိန်း တေးခင်းကို အကြိမ်ကြိမ်နားထောင်၊ တချို့ဆိုကေ ခိုင်ကျော်လင်းဆိုရေ - ရီထင်လို့ရာ အဝီးက ပါလတ်တေ၊ အနားရောက်မှ ကိုယ်မိုက်မှားစော် သိ့လိုက်ပါယင့်ဝေ .... စရေ တေးခင်းတိ့ကို  စိတ်ပျက် အားငယ်သံတိ့နန့် နောင်တမျက်ရည်ကျနိန်ကတ်စော်ကို - မကြည့်ချင်မှ အဆုံး။

ဒေအထဲမှာ ရခိုင်လူမျိုးတိ့ကို ဦးဆောင်လမ်းပြ တိုက်ပွဲဝင်ဖို့ အစား နောက်လိုက်ကောင်းဖြစ်အောင် တတ်နိုင်သမျှ စွမ်းဆောင်လားဖို့ဗျာလ် ဆိုရေ မင်းဘာကြီးကတော့ အားလုံးအတွက် စိတ်ပျက်ဖို့ အကောင်းဆုံးဖြစ်ပါရေ။

ရသမျိုးရိုးမဟာာ၊ ခိုင်ကျော်ဆန်း (သျွှီမြောက်အူး)၊ ဗန်အိမ်တိုဘာစ ရို့ကတောာ့ ဗဟုသုတဖြစ်စီရေ သတင်းအချက်အလက်တိ့ စာပီတိ့ကို အချိန်နန့် တပြေးညီ (စက္ကန့်မလပ်) အားတက်သရော ဖော်ပြပီးနိန်စော်ကတောာ့ ကောင်း လီးစားဖို့ကောင်းဘာရေ (Credit@ ရခိုင့်စာပီ အဖွဲ့)။

ALP ကတောာ့ လက်သုံးစကား (ပါတီ၏ မူအရ) စောင့်ကြည့်ရဖို့အစား ရလာရေ ရံပုံငွေတိ့ကို အကျိုးရှိရှိ အသုံးချ တိုက်ပွဲဝင်နိန်ရေဆိုစော်ကို ပြည်သူတိ့ သိ့စီဖို့ ကလန်ဒါကျ (ရာသီပေါ်၊ သုံးလတစ်ကြိမ် ဆင်နွှဲသော တိုက်ပွဲ) သတင်းတိ့ကို အကြီးအကျယ် ဂုဏ်ယူပနာ ဖော်ပြနိန်စော်ကို တွီ့မြင်နိန်ရပါရေ။

နိုင်ငံတကာ ရခိုင်အမျိုးသား အသင်းကြီး (WAO) က - အေပိုင် ကြီးကျယ်ရေအဖွဲ့ကို တစ်ခါလေ့သင့် မမြင်ဖူးခဆိုပနာ မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်ဖူးမျှော် (ဘုရားဖူးရေပိုင်) နိန်ရေပိုင် ရခိုင်တပြည်လုံးဆိုင်ရာ နယ်စည်းမခြား အဖွဲ့ချူပ် (မလေးရှား) ကလေ့သင့် ဒေအဖွဲ့၏ အင်တာနက်ဆိုင်ရာ လုံခြုံမှုအတွက် မဇာကာပေါက် (FB တည်ထောင်သူ) ဘားသို့ တတ်နိုင်သမျှ ကူညီပံ့ပို့းပီးဖို့ အသနားခံစာ ရွီးသား ပီးပို့ထားရေလို့လည်း ရခိုင်လီတပ်မတော် (ပူချူန်း-တက်စကို) က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါရေ။

ပြည်ပရောက် ဒါတ်တင်ကြီးနန့် ပရိုဖေ့ချာ ရို့ဖြစ်တေ အေးချမ်းအေးကျော် ရို့ကတော့ အက်ဒမင်တိ့ကရာ သဘောတူဖို့ဆိုကေ နယက နိန်ရာကို တာဝန်ယူလားဖို့ဆိုပနာ Application Form ကို အွန်လိုင်းက ရီးသားပီးပို့ထားရေလို့ ဝီကီလိခ်က ဖွင့်ချလိုက်ပါရေ။

အခုပိုင် ရခိုင်အမျိုးသားတိ့ကို F Book မှာ ဆိုးဆိုးဝါးဝါး တွီ့ရရေအတွက် အများကြီး ဂုဏ်ယူ ဝမ်းမြောက်မိ့ပါရေလို့ နိုင်ငံကျော် ရုပ်ရှင်/သရုပ်ဆောင် အဆိုတော် ရခိုင်အမျိုးသမီး မရတနာမိုင်က ပြောကြားလားပါရေ။

ရွီးသားပီးပို့သူ - တက်ထိုးအောင် (ရမ္မာဝတီ)

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်