စည်းလုံးရေးအတွက် စည်းရုံးရေးလည်း ဆင်းပြီးကတ်ယ လုပ်ပြီးကတ်ယာ။ ယင်းရလဒ်က ဆုံမှတ်တခုလေ့ ဖြစ်လာပြီးယာ။ ယင်းပိုင်ဆိုခါ အေပိုင်စုစည်းပနာ အမျိုးသားရေးအတွက်
ဇာတခုကို မယ်မယ်ရရ လုပ်လားဖို့၊ ဇာတခုကို အကောင်အထည်ဖေါ်လားကတ်ဖို့ ဆိုစွာကောင်းကောင်း အရေးကြီးလားပါယာ။
အေပိုင်စုစည်းမှုကို ရယူထားကတ်စွာရေ ဇာလုပ်ဖို့အတွက်ပါလဲ။ ဗွီဒီယု...ိတိ၊ သတင်းတိ၊ ရခိုင်သခြင်းတိကို
တင်ပနာ နားထောင်နိန်ကတ်ဖို့ သက်သက်လား။ သို့တည်းမဟုတ် လက်ရှိဖြစ်ပျက်နိန်ကတ်တေ ရခိုင်ပြည်
အခြေအနေတိနဲ့ ပါသက်ပြီး မီဒီယာတရပ်အနိန်နဲ့ အေအဖွဲ့က ဇာတခုလုပ်ပြလားဖို့ဆိုရေ ရည်ရွယ်ချက်
နဲ့ပါလား။ဇာအတွက်ပါလဲ။ဇာလုပ်နိန်ကတ်ပါဖို့လဲ။
အခုလက်ရှိအချိန်မှာ ကုလားအရေး၊ ရခိုင်သား နိုင်ငံရေးပါတီ နှစ်ပါတီစလုံးမှတ်ပုံတင်သင့် မတင်သင့်
တင်လိုက်ကေ ဇာပိုင်ဆိုးကျိုးရလာဖို့ ဆိုရေအရေးနဲ့ ယင်းပိုင်မဖြစ်ရအောင် ပြည်သူတိ ဇာပိုင်
ဆော်သြလားကတ်ဖို့လဲ ဆိုရေးအရေးတိရေ ကကောင်းအရေးကြီးနိန်ပါဗျာလ်။ တယောက်တပေါက်
ပြောနိန်ကတ်ရုံ့နဲ့တော့ တခုပိုင်လေ့ ခရီးပေါက်ဖို့မထင်ပါ။ ယင်းပိုင်ဆိုကေ ဇာပိုင်လုပ်ကတ်ဖို့လဲ။ မေး (မိန်း) ခွန်းထွက်လာပါဖို့ မိန်းခွန်းထွက်လာကေ အဖြေက ရှိပြီးသားရာ။
ကုလားကိစ္စနဲ့ ပတ်သက်လို့ BBC ကိုတောင်းဆိုခကတ်ရေပိုင် ကိုယ့်ရခိုင်ပြည်ပါတီတိ နှစ်ခုစလုံးပါဝင် ယျဉ်ပြိုင်သင့် မပြိုင်သင့်ဆိုရေ ကိစ္စကိုလေ့ အွန်လိုင်းစစ်တမ်းတခု လုပ်ပြီးကေ အများသဘောအရ ထိထိရောက်ရောက် တောင်းဆိုလားကတ်ဖို့ဆိုကေ အနည်းဆုံးကတော့ ပြောင်းလဲမှုတခုခုကို ဖမ်းဆုပ်လှမ်းကိုင်နိုင်လိမ့်မေလို့ ယုံကြည်ပါရေ။ အခုလက်ရှိကျနော်ရို့သုံးနိန်ကတ်တေ FB ကိုမီဒီယာ တခုအနိန်နဲ့ အသုံးချပြီးကေ ပြည်တွင်းပြည်ပ ရခိုင်သူ/သားတိကို ကိုယ်ရို့ဖြစ်ချင်ရေ အကြောင်းအရာတိတင်ပြပြီးကေ တိုက်တွန်းနှိုးဆော်လားကေ တခုခုတော့ အပြောင်းအလဲ ဖြစ်လာပါလိမ့်မယ်လို့ ထင်မြင်မိပါရေ။ ““ငါ့ရို့ပြည်ကို ငါ့ရို့အုပ်ချုပ်မေ““ ယင်းပိုင်စကားလုံးတိ ယင်းပိုင် စာသားတိက ““ကြားဖန်များလို့ ရိုးနေပါပြီးမသေးမျှင်“ ဆိုပိုင် ကကောင်းနားဝလို့ နားထဲမှာ ဇာပိုင်နားလည်ရဖို့မှန်းတောင် မသိဖြစ်နိန်ပါပြီးယာ။ ငါရို့ပြည်ကို ငါရို့အုပ်ချုပ်ဖို့အတွက် ဇာလုပ်ဆောင်ဖို့ လိုအပ်လဲ ဆိုစွာက တင်ပြမှုအပိုင်း ဖြန့်ဝီမှုအပိုင်း ကကောင်းအားနည်းနိန်တုန်းသိပါ။ အရးကြီးရေအခန်းကဏ္ဍ တင်ပြမှုအပိုင်းမှာအားနည်းနိန်သလောက် ကိုယ်လိုရာကိုယ်၊ ကိုယ်ပြောချင်စွာကို ပြောနိန်ကတ်စွာတိ ကကောင်းဖောင်းပွနိန်ရေ။ ရခိုင့်အရေးမှာ အခုလက်ရှိဇာတိ အရေးတကြီးတောင်းဆိုဖို့လိုအပ်နိန်လဲ၊ ဇာတိ အရေးတိကြီး ပြောင်းလဲမှုတိ လိုအပ်နိန်လဲဆိုစွာ ပျောက်လုပျောက်ခင်ဖြစ်နိန်ကတ်ပါဗျာလ်။
ယင်းပိုင်ပြောလိုက်ကေ ““လက်နက်ကိုင်တော်လှန်ရေးမှတပါး တခြားမရှိ““ လို့ ပြောဖို့လူတိလည်း ပေါ်လာပါလိမ့်မယ်။ မှန်ပါရေ ““လက်နက်ကိုင်တော်လှန်ရေးသည်““ အကောင်းဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါရေ ။ ယေကေလေ့ လက်ရှိအခြေအနေမှာ အကောင်းဆုံးဆိုစွာထက် မဆိုးဖို့အခြေအနေကို (မဆိုးဖို့အခြေအနေ ဆိုစွာကို အားလုံးနားလည်ဖို့ထင်ပါရေ) လိုက်နိန်ကတ်ရရေအတွက် လက်ရှိအခြေအနေမှာ ရခိုင်သားတိ ဇာကို အသားပီးစဉ်းစားသင့်လဲ။ တဖက်စွန်းမရောက်ပဲ မျှတရေအတွေးနဲ့ တွေးကြည့်ကတ်ပါမယ်။ အချိန်အခါနဲ့ အခြေအနေ၊ နိန်ရာဒေသာ ဆိုရေအခြေအနေ အနိန်အထားတိကို လေးလေးနက်နက် မစဉ်းစားခကတ်လို့လည်း(လေ့) သမိုင်းအဆက်ဆက် ခံလာရပေါင်းလည်း မနည်းပါယာ။ အခုကျနော်တင်ပြလိုရေ အကြောင်းအရာက တော့ခါ ““တော်လှန်ရေးနဲ့ နိုင်ငံရေး“ ဇာကိုဦးစားပီးဖို့လဲ လို့ နှစ်ဖက်ကြား နှိုင်းယျဉ်ပြနိန်ခြင်းမဟုတ်ပါ။ အေချင့်ကို ရှင်းလင်းဖို့ဆိုကေ စာလည်း (လေ့) ရှည်လို့ လိုရင်းလည်း ပျောက်လားပါဖို့။ ကျနော်အသားပီးတင်ပြချင်စွာက လက်ရှိကောက်ရိုးမီးပိုင် အီးလားခရေ (တိုင်းရင်းသားလျှောက်ထားဆဲ ကုလားတိကိစ္စ၊ ရခိုင့်နိုင်ငံရေးပါတီ နှစ်ပါတီစလုံး ရွေး (ရွီး)ကောက်ပွဲ ၀င်သင့်မ၀င်သင့် ဆိုရေ အပိုင်ကဏ္ဍ) ကို အဓိက လုပ်ဆောင်လားစီချင်ရေ ဆိုရေ အကြောင်းအရာတိ ဖြစ်ပါရေ။
ယင်းအတွက်နဲ့ နိဂုံးကမ္ပါတ် အဆုံးသတ်ပြောချင်စွာက(သူများပြောဖို့လည်း နည်းနည်းချေ (စကေ့ချေ) ချန်ထားရင်း(ယင်း))- ရခိုင်သားတိ (The Union of Arakan) အနိန်နဲ့ လက်ရှိအခြေအနေကို အကောင်းဆုံးသုံးသတ်ပြီးကေ ဇာကိုအလေးအနက်ထား လုပ်ဆောင်လားရဖို့လဲဆိုစွာကို ဝေဖန်၊ သုံးသတ၊် ဆုံးဖြတ်ကတ်ပါလို့ တင်ပြယင်း အေချင့်ကို အေမှာတခန်းရပ် အဆုံးသတ်လိုက်ပါမယ်။ အားလုံးကို ကျေးဇူးတင်ပါရေ။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်