မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

RNDP သတင်းလွာ စာပီစီစစ်ရေး ညွှန်ကြားရေးမှူးက ပြင်းပြင်းထန်ထန်သတိ့ပီးခြင်းခံရ




ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီ(RNDP)ကထုတ်ဝေရေ တိုးတက်ရေးသတင်းလွှာမှာပါဟိ ရေ ဆောင်းပါးရှင် တိုးတက်ခိုင်ရီးသားရေ
 "အစိမ်းရောင်ယူနီဖောင်း ဒီမိုကရေစီမှ အ၀ါရောင်စကတ် ဒီမိုကရေစီသို့"
ဆိုရေ ဆောင်းပါးကြောင့် စာပေစီစစ်ရေး ညွှန်ကြားရေးမှူးက ၁၉ရက်၊ ၃လ၊
 ၂၀၁၂ခုနိန့်မှာRNDPမှကိုမြင့်နိုင်နှင့်ဦးကျော်ဇံသာတို့အား ခေါ်ပြီကေ နောက်
တစ်ကြိမ်ဒေပိုင် ဆောင်းပါးမျိုးပါလာခကေ စာစောင်ထုတ်ဝေခြင်း အပိတ်ခရဖို
့လို့ ပြင်းပြင်းထန်ထန် သတိပီးခံရေကြောင်း RNDPမှ အထွေထွေအတွင်းရေးမှူး
 ဦးလှစော ပြောပြချက်အရ သိဟိရပါရေယင့်ဆာင်းပါးမှာ မြန်မာနိုင်ငံမှာ အုပ်
ချူပ်သူအစိုးရအဆက်ဆက် တိုင်းရင်းသားများ အမျိုးမျိုးတိ့ နိုင်ငံရေးလှည့်စားမှု
များအတွင်း လူးလိမ့်ခံရခြင်းကို ဆောင်းပါးရှင် တိုးတက်ခိုင်က သမိုင်းတိ့ကိုလေ့ မီးမောင်းထိုးဖော်ပြထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ရခိုင်လူငယ်တစ်ဦးက
"ဒေခုပြောနေကြတဲ့ စတုတ္တမဏ္ဍိုင်ဆိုတာ အစိုးရသစ်အနေနဲ့ စကားပြောရေ
အခါ နားထောင်လို့ကောင်းရုံပဲဖြစ်ပြီး လက်တွေ့မှာ အခုချိန်ထိ စစ်အစိုးရ
 လက်ရာခြေရာတိ့မပျောက်သေးလို့ယားပိုင်ပါတီတစ်ခုကိုတောင် ခေါ်
ယူပြီးခြိမ်းခြောက်တယ်ဆိုကေ နောက်ထပ် ပုဂ္ဂလိက စာနယ်ဇင်းတိ့
ဇာပိုင်ဖြစ်ဖို့လဲ့ဆိုစွာ စိုင်းစားလို့သာကြည့်လိုက်ကပ်ပါဖီ့" လို့ပြောလိုက်ပါရေ

ရခိုင်လူ့အခွင့်အရေးလှုပ်ရှားနီသူ ကိုမင်းခန့်ကလည်း " ဒါဟာ အပြောနဲ့လက်တွေ့
မကိုက်ညီစွာပဲ၊ အစိုးရပြောနီရေ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုစာ ဇာနားမှာလည်းလို့ ပြန်မေးရလိမ့်မယ်။ ယားပိုင်ဆိုကေ လူတစ်ယောက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်စာစွာ တစ်ကမ္ဘာလုံးက
 လိုက်နာကျင့်သုံးနီကပ်တေ လူ့အခွင့်အရေးကြော်ငြာစာတမ်းမှာ အပုဒ်(၉) လူတိုင်းလွတ်လပ်စွာထုတ်ဖော် ပြောဆိုပိုင်ခွင့်ရရှိရေး ကိုချိုးဖောက်စာဖြစ်
ပါရေလို့" လို့ ရှင်းပြသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်