အထပ်တိ လေးဆယ်ကျော်မြင့်နိန်ရေ ဝဖြီးချပ်တောင်ထိပ် ဗျူးပွိုင့်ကို ဓါတ်လှဂါးနန့်တက်လို့ ဆုံးစော်နန့် မှန်လည်တန်းခါး အိုတိုပွင့်လာရေ လမ်းဝစောင့်ချေတယောက်က ဂေါင်းညွတ်အရိုအသေပီးပြီး ''မဂ်လာဘာသူဌေး''ရခိုင်စကားမပီကာလို့ စိတ်ထဲမှာထင်မိရေ အတိုင်း မိန်းဖြိုက်တေခါ ဗမာလူမျိုး တယောက်ရာလတ် မျက်စိအကြည့်တိကို ဂျာမဏီနိုင်ငံလုပ် စိန်မှန်နံရန်ပတ်လည်ကတဆင့် မြစ်ထဲကိုကြည့်လိုက်တေ အိုးဘာလေး ရီထက်မှာ ရှပ်တိုက်ဗြီးနိန်ရေ ရီစီးဆိုင်ကယ်တိ စပီဒ်းဘုတ်ချေတိ ဝဖြီးချပ်တောင်နန့် စစ်တွေကမ်းနားတရောက် မြစ်ပြင်ထက်မှာ ပြည့်နိန်ရေ အာကာထက်မှာလေး အပျော်စီး လီယိုင်ပျံချေတိ လီထီးနန့်ဆင်းနိန်ရေလူတိ လီထီးကတဆင့်ကြိုးတပ်ဆွဲ ရီစီးစကစ်စီးလူတိ လှိုင်းထက်ရီထက်
မှာမကန် ''သူဌေးမှန်ပြောင်းဘာဒေ စိတ်ကြိုက်ဆွဲလို့ရဘာရေ’’ဗျူးပွိုင့် ဟိုတယ်တခုလုံး အလုပ်သမားတိကဗမာ
(x10000)မှန်ပြောင်းတလက်ချပီးလာရေ စင်္ကာပူထက်မြင့်ရေ မိုးထိတိုက်တိ အပြည့်ဆောက်ထားရေ စစ်တွေမြို့ မြင်ကွင်း ကိုယ်မျက်စိတောင်ကိုယ်မယုံချင် အဲယားကွန်းမတတ်ဘဲ ကောင်းအီးရေကာမှတ်လို့ ဗျူးပွိုင့် ကြမ်းခင်းကို ကြည့်ခါမှ ကျောက်စိမ်းပြားအစစ်တိခင်းထားစော်ကို သတိပြုမိရေ စစ်တွေပင်လယ်ပြင်ဖက်ကို မှန်ပြောင်းနန့်ဆွဲကြည့်ခါ ရခိုင်ရီတပ်လီယိုင်တင် သင်္ဘော(၉)စီနန့် ပျံလိုက်ဆင်းလိုက်လုပ်နိန်ဂတ်တေမြင်ကွင်း နန့် နိုင်ငံခြားသင်္ဘောတိကို လမ်းပြလိုက်နိန်ရေ ဆိပ်ကမ်းကော်ပိုရေးရှင်းက အမေရိကလုပ် ဟိုက်စကီးတိ မီးဆီးရောင်စုံထိုးလို့ပြနိန်ရေမြင်ကွင်း နိုင်ငံခြားသားတိထက် ရခိုင်သားလူငယ်ချေတိ မြစ်ထဲမှာအပျော်စီးနိန်ဂတ်တေ မြင်ကွင်းတိကို လေ့လာမှတ်တမ်းတင်နိန်ရေ နိုင်ငံတကာသတင်းထောက်တိလေးမြင်ယင့် မြစ်စောင့်ရဲတိလေး ဟယ်လီကော်ပတာ စီးလို့ ပျော်နိန်ဂတ်တေလူတိကို ကင်းလှည့်လို့ စောင့်ပီးနိန်ဂတ်တေ ဗမာကစစ်ရှုံးလို့ ရခိုင်ပြည်တပတ် လားလို့ရရေ တိုက်တန်းနစ် သင်္ဘောပိုင်လှရေ အပျော်စီးသဘော်တိကို စားပွဲထိုးကပြလို့ သိလိုက်ရရေ တဖွဖွအနားက ပါရေလူကလေး အဖိုးသျှင် ရခိုင်မှာကုမ္မဏီတိနန့် တက္ကသိုလ် တရာကျော် ထောင်ကျော်နိန်ရေ ကောလိပ်နန့် ရခိုင်တပြည်လုံး ဆင်းရဲချမ်းသာ ရှိခေတ်ကျောက်စာ လက်ဟိရခိုင်စာ အဂ်လိပ်စာ မတတ်လူမဟိ အဖိုးမယုံကေ ပြောကြည့်ပါလို့ ပြောနိန်ရေအတွက် ဝမ်းဆာနိန်စော်တောင်မိလားရေ မြင်ကွင်းတိ ရခိုင်ပြည်အချုပ်အချာအာဏာနန့် လွတ်လပ်တေ အရသာကို တဝကြည့်ပြီးမှာ စားဖို့ အချက်ပြလိုက်ခါ အစားအသောက်မျိုးစုံ ချပီးလာရေ ရခိုင်ပြည်ထွက် ပုဇွန်တုတ်ကြီး ပင်လယ်ငါး အသားတိမကန် နံရန်မှာရီးထားရေ စာတန်းကိုဖတ်ကြည့်ခါ ဝေသာလီခေတ်ကျောက်စာကိုအထက်ကရီးလို့ မြောက်ဦးခေတ်ဒေစာကိုအလယ်ကရီးလို့ အောက်မှာအဂ်လိပ်စာနန့်'' ဒေနိန်ရာရေ ဆလိပ် အရက် ကွမ်း မစားရ''
နိန်ရာဆိုပြီးကေ ရီးထားရေ အလိုက်သိရေ စားပွဲထိုးက သူဌေးမင်း လေးချင်းတောင်နားက ပင်လယ်ထဲက ရီအောက်မှာ ယမကာတိသုံးဆောင်ချင်ကေ ဟယ်လီကော်ပတာခေါ်လိုက်ပါမေ အများကြီးမူးလားကေ ရခိုင်တပြည်လုံးမှာ အရက်ဆလိပ်သောက်လို့ အပြင်မထွက်ရပါ ရခိုင်အစိုးရက ဒါဏ်ငွေရိုက်ပါရေ ချက်ချင်းမီဒီယာမှာတင်ပီးဘာရေ ရီအောက်ဟိုတယ်မှာ အဆင်သင့်ပါ အိပ်ဖို့စားဖို့ အကျွန်ရို့ ဝဖြီးချပ်တောင် ဗျူးပွိုင့်က တာဝန်ယူပို့ပီးဘာမေလို့ ကပ်ပြောနိန်ခါ ငါအရက်မသောက်တတ်ဝေး ကျေူဇူးလို့ပြောလိုက်တေ
ဖြုန်းကနဲ့ ပပူလလောင်နန့် ဆားငန်ရည်တိမျက်နှာကို လာပက်တေအတွက် ဇာသူချင့်လို့နောက်လှည့်ကြည့်လိုက်ခါ ''အဝေး...ထ..ထ..အဆွီးချေရာ ဖြားကျဗျာယ် ပိုက်ဖေါ်ရဖို့ဗျာယ် ဗမာနေဗီမလာခင် ယင်းကောင်တိလာကေ ငါးတိအလကားယူလီဖို့ယေ ယော် နိန့်ခင်းကြောင်တောင် အိပ်မက်မက်နိန်လားမင်း''ဆိုခါမှ မျက်စိကိုပွတ်လို့ အရသာပျက်လားရေ အိပ်မက်ချေကို ပြန်လို့ စိတ်ထဲက တွေးဗျာယ်ပြုံးလိုက်မိဘာရေ အရသာခံဖို့ထက် ဗမာရီတပ်က နေဗီနန့်ဝီးရာကို တက်မကိုကိုင်လို့ တအားလှော်
လိုက်မိဘာရေ။
အဖိုးသျှင်
(ဒေဂု ဝဖြီးချပ်တောင်က ကျောက်တုံးတိကို စစ်တွေဆိပ်ကမ်းအတွက် ဖြိုနိန်ရေ ကြားဘာရေ ဝိုင်းလို့ကာကွယ်
ပီးဂတ်ပါ မြီးချေမြီးမချေရို့လေး အဖိုးသျှင်မက်တေ အိပ်မက်အတိုင်း ရခိုင်ပြည်လွတ်မြောက်နိုင်ပါစီ)
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်