ငါရို့ တိပြောနိန်စွာ စကားလုံးတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ ဖိနှိပ်ခံလာရလို့ 
ထွက်ပေါက်ရှာဖို့  ထွက်ကျလာရေ
ရင်တွင်းပေါက်ကွဲသံဇိုင်တိ…..၊
ငါရို့ တိ ရွီးနိန်စွာ စာလုံးတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ ဖျက်ဆီးခံလာရလို့ 
ပြန်ပနာရှင်သန်ဖို့  သွီးနန့် ခင်းထားရေ
လမ်းမတိ…..၊
ငါရို့ တိဆိုနိန်စွာ တေးခြင်းတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ မျိုသိပ်ထားလာရလို့ 
လွတ်လမ်းရှာဖို့  ပြန်အန်ကျရေ
ဘ၀အစိတ်အပိုင်းတိ….၊
ငါရို့ တိအသက်ရှင်နိန်စွာ
နီဝင်မိုးလင်း စားခြင်းအတွက်မဟုတ်
ကိုယ့်သမိုင်းအမွီကို ကိုယ်ရို့ ထမ်းပနာလားဖို့ 
ကိုယ့်ပစ္စက္ခကို ကိုယ်ရို့ ဂုဏ်သိက္ခာနန့် တည်ဆောက်ဖို့ 
ကိုယ့်အနာဂတ်ကို ကိုယ်ရို့ ပိုင်ဆိုင်ဖို့ 
ကိုယ့်မြီ ကိုယ့်ရီနန့်  ကိုယ့်ပြည်ရနံ့ ကို ရှုပနာ
ငါရို့ တိ ဇာလဲဆိုစွာကို အဓိပ္ပါယ်ဖွင့်ကြည့်ဖို့ …..၊
ခိုင်အောင်အောင်

0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်