5;44 pm 7.8.2012
ပြီးခဲ့တဲ့ ဇွန်လ အတွင်း မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မီးလောင်မှုပေါင်း ၁၀၁ ကြိမ် ဖြစ်ပွား ခဲ့တယ်လို့ မီးသတ် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက် အရ
သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှု မှာတော့ ကချင်ပြည်နယ်မှာ ၄ ကြိမ်၊ ချင်းပြည်နယ်မှာ ၂ ကြိမ်၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၁၀ ကြိမ်၊ မကွေးတိုင်း ဒေသကြီးမှာ ၄ ကြိမ်၊ နေပြည်တော်မှာ ၁ ကြိမ်၊ မန္တလေးတိုင်း ဒေသကြီးမှာ ၇ ကြိမ်၊ မွန်ပြည်နယ်မှာ ၃ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၄၅ ကြိမ်၊ ရန်ကုန်တိုင်း ဒေသကြီးမှာ ၁၈ ကြိမ်၊ ရှမ်းပြည်နယ်မှာ ၂ ကြိမ်၊ ဧရာဝတီတိုင်း ဒေသကြီးမှာ ၅ ကြိမ် လောင်ကျွမ်း ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လောင်ကျွမ်းမှု များမှာ မသမာသူ ရှို့မီးကြောင့် မီးလောင်ကျွမ်းမှု အများဆုံး ဖြစ်ပြီး ၄၉ ကြိမ်ခန့် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မီးဖိုမီးကြောင့် လောင်ကျွမ်းမှု ၁၉ ကြိမ်ခန့် ရှိပြီး ပေါ့ဆ မီးကြောင့် မီးလောင် ကျွမ်းမှု ၁၄ ကြိမ်၊ လျှပ်စစ်မီးကြောင့် မီးလောင်ကျွမ်းမှု ၁၈ ကြိမ်နဲ့ မိုးကြိုးပစ် မှုကြောင့် မီးလောင်ကျွမ်းမှု ၁ ကြိမ်ခန့် ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မီးလောင်ကျွမ်း မှုများကြောင့် ဇွန်လ အတွင်း မြန်မာ တစ်နိုင်ငံလုံးမှာ အိမ်ခြေ အဆောက်အဦး ၄၈၈၉ လုံး ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မီးလောင်ကျွမ်း မှုကြောင့် ဇွန်လ အတွင်း လူ ၄၀ ဦး သေဆုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်ငွေ သိန်းပေါင်း ၄၇၃၈ သိန်းကျော် ဆုံးရှုံးခဲ့တာ ဖြစ်တယ်လို့ MRTV4 မှာ တင်ပြသွားပါတယ်
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်