မတ်လ(၈)ရက်နေ့က ဇိုမီးအမျိုးသားကွန်ဂရက်ပါတီအမည်နဲ့ ပါတီတည်ထောင်ခွင့်လျောက်ထား ခဲ့ရာ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇိုမီးလူမျိုးဟာ မြန်မာနိုင်ငံက တိုင်းရင်းသား တွေထဲမှာ မရှိဘူးဆိုပြီး ဇိုမီးပါတီတည်ထောင်ခွင့်ကို ငြင်းပယ်ခံခဲ့ရတယ်လို့ပြောပါတယ်။
ဇိုးမီးပါတီအနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတမျိုးဖြစ်တဲ့ ဇိုးမီးလူမျိုးတွေနဲ့ ပတ်သက်ပြီးရေးသားထား တဲ့ အထောက်အထားတွေကို ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့တဲ့အတွက် ခုလိုတည်ထောင်ခွင့်ရရှိခဲ့ တာ လို့ ဇိုမီးပါတီဝင်တဦးက ခုလိုပြောပါတယ်။
အဲဒါတော့ ဇိုမီးရှိတယ်ဆိုတဲ့ဟာ ကျနော်တို့စာတင်ထားတဲ့ ကိစ္စအပေါ်မူတည်ပြီးတော့ ပြန်ပြီးတော့ ကော် မရှင်ကနေ ဇိုမီးဆိုတာရှိတယ် ဒါပြီးလို့ရှိရင် ဒီဇိုမီးအမည်နဲ့တော့ လက်ခံတယ် ဆိုပြီးတော့ ပြန်လာတင်ပါ၊ အရင်နာမည်နဲ့တော့ မတင်နဲ့ ဒီပြင်ဟာနဲ့တော့ပြန်တင်လို့ရတယ် ဇိုမီးပါတဲ့နာမည်တခုခုနဲ့ တင်လို့ရတယ်ဆိုတော့ Zomi Congress for Democracy နဲ့တင်ဖြစ်တာ။ ကျသင့်တာတော့ ကြာပါပြီ၊ ကော်မရှင်ကတော့ ကင်ပွန်းတပ်တာပဲရှိတာပဲ ဒါကတော့အစောကြီးကတည်းက ပေးဖို့သင့်တာပဲ ခုပေးတယ်ဆိုတော့လည်း ကျေးဇူးတင်ပါတယ်။
အခုလက်ရှိမှာ ပါတီဥက္ကဌအနေနဲ့ ဦးပူကျင်ရှင်းထန်၊ အတွင်းရေးမှူးအဖြစ် ဦးကင်ကမ်းလျန်တို့က ဆောင်ရွက် နေပြီး ရက် ၃၀အတွင်း ပါတီမှတ်ပုံတင်ခွင့်လျောက်ထားရမှာဖြစ်တဲ့အတွက် စီအီးစီအစည်းဝေးကို အမြန်ဆုံး ခေါ်ယူသွားဖို့ရှိတယ်လို့လည်းပြောပါတယ်။
ဇိုမီးပါတီအနေနဲ့ ပါတီတည်ထောင်ခွင့်ကို ပါတီဝင် ၁၇ဦးနဲ့ လျောက်ထားခဲ့တာဖြစ်ပြီး ပါတီအနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်သွားမယ်လို့လည်း ဇိုမီးပါ တီဝင်တဦးက အခုလိုပြောပါတယ်။
ကျနော်တို့က အဓိက ချင်းလူမျိုးအစား ဇိုမီးလူမျိုးခေါ်ဆိုရေး၊ ပင်လုံစိတ်ဓါတ်မြင့်တင်ရေးနဲ့ free market economic ဒီဟာတွေ ဦးစားပေးပြီးတော့ လုပ်သွားမယ်၊ ဒါပြီးလို့ရှိရင် ဒေသဖွံ့ဖြိုးရေးလုပ်သွားမယ်လို့ အစီအစဉ်ရှိတယ်။
ဒါအပြင် ဇိုမီးလူမျိုးတွေကို ချင်းပြည်နယ်ထဲက တွန်းဇံ၊ တီးတိန်၊ ကျီခါးမြို့နယ်တွေနဲ့ စစ်ကိုင်းတိုင်းဒေသ တွေမှာ အများဆုံးတွေ့နိုင်တယ် လို့လည်း ဇိုမီးပါတီက ပြောတဲ့အကြောင်း RA သတင်းထောက် မြတ်မိုးက သတင်းပေး ပို့ခဲ့ ပါတယ်။
http://www.radioaustralia.net.au/burmese/2012-07-06/975134
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်