မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

လူနည်းစု မွတ်စလင် ရိုဟင်ဂျာ အရေး ကိုယ်စားလှယ်စေလွှတ်ရန် အစ္စလာမ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ OIC စီစဉ်နေ

 နိုင်ငံပေါင်း ၅၇နိုင်ငံနှင့် ဖွဲ့စည်းထားသော အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC မှမြန်မာနိုင်ငံရှိ လူနည်းစု မွတ်စလင်(ရိုဟင်ဂျာ) အရေးနှင့်ပတ်သက်ပြီး ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန် စီစဉ် နေကြောင်း သိရသည်။ ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)ဆိုင်ရာမြန်မာကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် စီစဉ်ခဲ့ခြင်း ဖြစ် ကြောင်း အဖွဲ့ဝင် မွတ်စလင်နိုင်ငံ ၅၇နိုင်ငံသို့ ထုတ်ပြန်သော ကြေညာချက် တွင်ဖေါ်ပြထားသည်။ အဆိုပါ ကြေညာချက်တွင် OIC အထွေထွေအတွင်းရေးမှူး အက္ကမီလဒ္ဒန်းအဲဟ်ဆန်နိုဂ်လူကလူနည်းစု မွတ်စလင် များအပေါ် စနစ်တကျ သတ်ဖြတ်နေခြင်း ၊နိုင်ငံတကာမီဒီယာမျက်ကွယ် နေရာရွှေ့ပြောင်းနေခြင်း များနှင့်ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ၊ OIC မှ လူနည်းစု အစ္စလာမ် ဘာသာ ကိုးကွယ်သူ ရိုဟင်ဂျာ များ ကို ကာကွယ်သွားရန် နိုင်ငံတကာအဖွဲ့အစည်းများ ဒေသဆိုင်ရာ အဖွဲ့အစည်းများ နှင့် အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း ၊ ဖေါ်ပြထား သည်။ ဆော်ဒီအာရေးဗီယားနိုင်ငံ ဂျစ်ဒါအခြေစိုက် အစ္စလာမ်ပူုးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC သည် ရခိုင်ဒေသရှိ မွတ်စလင်များ ရင်ဆိုင်နေရာသော အခြေအနေများနိုင်ငံ တကာအဆင့်ကနေ ရပ်တန့်နိုင်ရန် ကုလသမဂ္ဂ၊UNHCR ၊ဥရောပသမဂ္ဂတို့နှင့် လုပ်ဆောင်နေသည် ဟု သိရသည်။ အဆိုပါOIC အဖွဲ့တွင် မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းစသော အာဆီယံ ၃နိုင်ငံတို့ပါဝင်ထားကြသည်။

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်