ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ အန်တိုနီယိုဂူထရက်စ်နှင့် အဖွဲ့ဟာ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅း၁၅ မိနစ် အချိန်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဒုက္ခသည်များအရေးနဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ပါတယ်။ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့ အဲ့ဒီပွဲမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ကချင်ဒေသအရေး၊ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်များအရေး၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ နိုင်ငံအစိုးရတွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
0 comments:
Post a Comment
မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်