မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

ပထမဆုံးအကြိမ်ကျင်းပမည့် ရခိုင်လူငယ်ဖိုရမ်မှ လူငယ်တို့၏အသံ လွှတ်တော်သို့ တင်ပြမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၇
ပထမဆုံးအကြိမ်ကျင်းပမည့် ရခိုင်လူငယ်ဖိုရမ်မှ တင်ပြချက်၊ ဆွေးနွေးချက်များအား စုစည်း၍ ရခိုင်ပြည်နယ် လွှတ်တော်သို့တင်ပြသွားမည်ဟု သိရသည်။
 ”အဓိက ကတော့ ရခိုင်ပြည် နယ်မှာရှိတဲ့ လူငယ်တွေ သူတို့ ဘာတွေ လိုအပ်နေတယ်ဆိုတဲ့ အသံတွေ လွှတ်တော်ကို တင်ပြ သွားမှာပါ” ဟု အဆိုပါ ရခိုင်လူ ငယ် ဖိုရမ်မှ တာဝန်ရှိသူ မတင်မြတ် ထက်က ဆိုသည်။အဆိုပါ ရခိုင်လူငယ် ဖိုရမ် အား ရန်ကုန်မြို့၌ ယခုလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် ကျင်းပ မည်ဖြစ်ပြီး စစ်တွေမြို့၌လည်း ဝံ လက်ဖောင်ဒေးရှင်းဖြင့် ပူးပေါင်း၍ ရခိုင်လူငယ်ဖိုရမ် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဖိုရမ်၌ လက်ရှိ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိ သည့် ပဋိပက္ခများအား ဦးတည် ဆွေးနွေးမည်မဟုတ်ဘဲ ရခိုင်လူ ငယ်များအတွက် ပညာရေး၊ စီးပွား ရေး၊ လူမှုရေးကိစ္စရပ်များကိုသာ ဆွေးနွေးပေးသွားကြမည်ဖြစ်သည်။
”ဒီဖိုရမ်က ပဋိပက္ခနဲ့ လုံးလုံး လျားလျား ဆက်စပ်တာမျိုးတော့ မရှိပါဘူး။ နောက်ဆက်တွဲ ဖြစ်လာ နိုင်မယ့် ကိစ္စတွေကိုပဲ လူငယ်တွေ က တင်ပြကြမယ် ထင်ပါတယ်” ဟု ၄င်း ရခိုင်လူငယ် ဖိုရမ် တာ ဝန်ရှိသူက ဆက်ပြောသည်။ရခိုင်လူငယ် ဖိုရမ်အနေဖြင့် မြန်မာလူငယ် ဖိုရမ်နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းဖြစ်ပြီး ၄င်းဖိုရမ်၌ လူငယ် ၂ဝဝခန့်တက်ရောက် ဆွေး နွေးသွားကြမည်ဟု သိရသည်။ မြန်မာလူငယ် ဖိုရမ်မှ ပြည် နယ်နှင့် တိုင်းဒေသကြီး အသီးသီး ၌ လူငယ်များ စဉ်ဆက်မပြတ် ပြု လုပ်နိုင်ရန် စီစဉ်လျက်ရှိပြီး မြန်မာ နိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ရက် ဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
သုတလင်း

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်