မျိုးရိုးမဟာအသင်းကိုအလည်လာတဲ့အတွက်ကျေးဇူးတင်ပါသည်မျိုးရိုးမဟာအသင်းကို နောက်ထပ်အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

စစ်ဆေးရေးအဖွဲ့များနှင့်ပတ်သက်သည့် သတင်းများအား ဆက်လက်ထုတ်ပြန်ခြင်း မရှိ သေးကြောင်းနှင့် ခိုးဝင်ဘင်္ဂလီများအား ဖော်ထုတ်ခြင်းလည်းမရှိသေး

ဘင်္ဂလီများအား ခိုးဝင်နေမှုရှိမရှိစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ် အစိုးရ အ နေဖြင့် နောက်ဆက်တွဲရလဒ်ကို ထုတ် ပြန်ခြင်းမရှိသေးကြောင်းနှင့် လက်ရှိတွင်
မြေပုံမြို့ နယ်နှင့်မင်းပြားမြို့နယ်တို့တွင် ဆက်လက်စစ်ဆေးနေ ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဘင်္ဂလီများ၏ ထွက်ဆိုချက် အတိုင်းသာရေးသားမှတ် တမ်းတင်ခြင်းဖြစ်သဖြင့် ခိုးဝင်မှု အားဖော်ထုတ်ရန်ခက်ခဲနေလိမ့်မည်ဖြစ် ကြောင်း လည်း လည်းဒေသခံလေ့လာသူများက သုံးသပ်ပြောဆိုကြပါ သည်။
ခိုးဝင်လာသူများက ခိုးလာသူမဟုတ်ပါဟုပြောနေခြင်း အားမှတ်တမ်းတင်ပြုစု ရေး သား ခြင်းများသည် လက်တွေ့တွင် စဉ်းစားရကြပ်စေသောလုပ်ရပ် များသာဖြစ် ကြောင်းလည်း ဒေသခံများကသုံးသပ်ပြောဆိုကြပါ သည်။
ရိုဟင်ဂျာများဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမှုများသည် နိုင်ငံတော်မှ ထုတ်ပြန်ထား သောစည်းကမ်းစည်းမျဉ်းများနှင့် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်ပြင် သမ္မတကြီး ၏ ပြောစကားအား တိုက်ရိုက်ဖယ်ဖျက်ခြင်းဖြစ်ကြောင်းလည်း သုံးသပ်ပြောဆို ကြ ပါသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ပြောထားပြီးဖြစ်သည့်အတွက် ယခု ကဲ့သို့ ရိုဟင်ဂျာလူမျိုးဖြစ်ကြောင်း တရားဝင်ဖြစ်အောင် ကြေငြာပြောဆိုလာခြင်း သည် နိုင်ငံတော်ကို စော်ကားရာေ၇ာက်ကြောင်းလည်းသိရသည်။
ယခုအချိန်ထိ ပေါက်တောမြို့နယ်အတွင်း စစ်ဆေးဆောင်ရွက်နေခြင်းများမပြီး သေးသည့်အပြင် အိမ်ထောင်စု ၃၇၀၀ ၀န်းကျင်ခန့်ကို သာစစ်ဆေးနိုင်သေး ကြောင်း၊ ထို ၃၇၀၀ ၀န်းကျင်တွင် အသက် ၁၈ နှစ်ပြည့်ပြီးလူဦးရေ ၂၃၀၀၀ ကျော် ရှိနေကြောင်းလည်းသိရသည်။
ဇွန်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိကြာမြင့်မည်ဖြစ်ကြောင်းလည်း လ၀က အဖွဲ့ နှင့် နီးစပ်သူ အသိုင်းအ၀ိုင်းမှပြောပါသည်။ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂလီ များ သည် ယခုအခါတွင် နည်းမျိုးစုံသုံးကာ ရိုဟင်ဂျာဖြစ်ရေးကြိုးစားလာခဲ့သည်ကို တွေ့ရသည့်အတွက် အထူးသတိထားရန်လိုအပ်နေပြီဖြစ်ကြောင်း၊ ခိုးဝင်ဘင်္ဂလီ များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးမှာ လွန်စွာအရေးကြီးသော ကိစ္စရပ်ဖြစ်ကြောင်း လည်း ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများက သုံးသပ်ပြောဆိုကြပါသည်။
 

0 comments:

Post a Comment

မျိုးရိုးမဟာ အသင်းမှာ လိုအပ်ချက်များကို အကြံပြု ရေးသားပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါတယ်